မြန်မာ့သဘာ၀ဓါတ်ငွေ့လုပ်ငန်းမှ မလေးရှားနဲ့ထိုင်းနည်းတူ ဂျပန်ကုမ္ပဏီ ENEOS နှုတ်ထွက်

တိုကျို၊ မေ-၂-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာရှိတဲ့ သဘာ၀ဓါတ်ငွေ့စီမံကိန်းကနေ နှုတ်ထွက်ကြောင်း ထိုင်းနဲ့ မလေးရှားကုမ္ပဏီတွေက ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ENEOS ကလည်း မြန်မာ့နိုင်ငံကနေ နှုတ်ထွက်ကြောင်း မေ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာ့စွမ်းအင်ကဏ္ဍကနေ ပြည်ပကုမ္ပဏီတွေ နှုတ်ထွက်ရာမှာ ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ENEOS ကနောက်ဆုံးနှုတ်ထွက်သွားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းတို့နဲ့အတူ မြန်မာနိုင်ငံတောင်ပိုင်းက ရဲတံခွန်သဘာ၀ဓါတ်ငွေ့စီမံကိန်းမှာ ပါ၀င်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အစုရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ဆယ်စုနှစ်နှစ်စုကြာ လုပ်ငန်းတွေလုပ်ကိုင်ခဲ့ပါတယ်။

ဒီနှုတ်ထွက်မှုနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကုမ္ပဏီက စောင့်ဆိုင်းနေပါတယ်။

ပြိီးခဲ့တဲ့ သောကြာနေ့ကလည်း မလေးရှား Petronas နဲ့ကုမ္ပဏီနဲ့ ထိုင်း PTTEP ကုမ္ပဏီတို့ဟာ ရဲတံခွန်စီမံကိန်းကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သူတို့ဟာ အစုရှယ်ယာ ၄၁ ရာခိုင်နှုန်းနဲ့ ၁၉ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။

Ref: AFP
Photo:Bloomberg
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW