တောင်ငူမှာ စားသောက်ဆိုင်မီးလောင်ပြီး လူတဦး သေဆုံး

ဇူလိူင် ၂၉-၂၀၂၂
GG(VOM)

တောင်ငူမြို့၊ ခေမာလမ်းက မိုးကောင်းကင် စားသောက်ဆိုင်မှာ ဒီနေ့ ဇူလိူင်၂၉ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်အတွင်းရှိ လေဖြတ်ဝေဒေနာသည် အမျိုးသားတဦး မီးလောင်သေဆုံးသွားတယ်လို့သိရတယ်။

သေဆုံးသူ အမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ ဦးမြင့်လွင်ဆိုသူဖြစ်ကာ ရုပ်အေလာင်းက တစစီဖြစ်နေတယ်လို့ သိရပါတယ်။

” သတင်းရလို့သွားတာ ၆ နာရီကျော်လောက်ပါ ။အဲ့ဒီမှာက လူကြီး ၂ယောက်ရှိတယ် အဖွားကြိးကိုကျတော့အချိန်မီဆေးရုံပို့လိုက်နိုင်တယ်။ဦးလေးကိုတော့ မီးထဲကနေဆွဲထုတ်ရတယ်။သူက အပေါ်ထပ်မှာနေတာဆိုတော့ မီးလည်းလောင်ရော အခန်းကပြိုကျပြီး မီးညွှန်ကြောင့် ထက်ပိုင်းပြတ်သွားတယ်ထင်တယ်။ ပထမဆုံး တပိုင်းပဲရတယ် နောက်တော့မှ အပိုင်းအစတွေထပ်ရှာရတယ်။ ၂ ခေါက်သွားပို့ရတာပေါ့ ” လို့ မီးငြိမ်းသတ်ပြီး ကူညီကယ််ရေးလုပ်ခဲ့တဲ့ တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ T.E.R.T က အဖွဲ့ဝင်တဦးကပြောပါတယ် ။

မိုးကောင်ကင်ဆိုင်မီးလောင်မှုမှာ Level 3 အဆင့်ရှိကြောင်း ၊ မီးအားများတဲ့အတွက် တောင်ငူအပြင် အုတ်တွင်းက မီးသတ်ကားတွေလည်း လာရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိမှာ မီးကြွင်းမီးကျန်တွေ ဘေးပတ်ဝန်းကျင်ကို ကူးစက်မှုမရှိအောင် ငြိမ်းသတ်နေရကြောင်း ၊ မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင် မီးဖိုခန်းကနေ ဝါယာရှော့ဖြစ်ပြီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ကနဦးသိရပါတယ်။

မိုးကောင်ကင် စားသောက်ဆိုင် မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ နဲ့အတွင်းပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်လို့သိရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – TERT
#voiceofmyanmar #VOM #တောင်ငူ #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW