ဖျာပုံမြို့အဝင်စစ်ဆေးရေးဂိတ်နဲ့ ထွေ/အုပ်ဧည့်ရိပ်သာ ဗုံးခွဲခံရပြီး ရဲ ၅ ဦးပြင်းထန်ဒဏ်ရာရရှိ

ဇူလိုင်၊၂၉ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်မှာဖျာပုံမြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ထွေအုပ်ဧည့်ရိပ်သာမှာ မနေ့ ဇူလိုင် ၂၈ ရက် ညပိုင်းနဲ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ဗုံးပေါက်ကွဲမှုကြောင့် ရဲ ၅ ယောက် ပြင်းထန်ဒဏ်ရာတွေရရှိသွားတယ်လို့ ဒေသခံ မျက်မြင်တွေ့ရှိသူတွေရှိဆီကနေ သိရပါတယ်။ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမှာရှိတဲ့ ချောင်းတွင်း တံတားစစ်ဆေးရေးဂိတ်ကိုမှာဖြစ်ပွားတဲ့ပေါက်ကွဲမှုနဲ့ ဖျာပုံ ဒုတိယလမ်းမကြီးပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ် ရေးဧည့်ရိပ်သာမှာဖြစ်ပွားတဲ့ပေါက်ကွဲမှုတွေကြောင့် အဲ့ဒီနေရာတွေမှာ တာဝန်ကျနေတဲ့ရဲ ၅ ယောက် မိုင်းစထိမှန်ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”ပေါက်ကွဲမှုက မနေ့ကညကဖြစ်တာ၊ ပေါက်ကွဲမှုကြောင့် ရဲတွေဒဏ်ရာရသွားတာ၊ဒဏ်ရာတွေကပြင်းတော့ အရေးပေါ်ကားနဲ့လာသယ်သွားတာတွေ့ရတယ်၊အပြင်းအထန်ဒဏ်ရာရလို့ ဆေးရုံအားချင်းပို့တာပါ၊ ညကပစ်ခတ်တာတွေလည်း တော်တော်ကြမ်းကြမ်းဖြစ်ခဲ့တာ လူတွေလည်း မနည်းအဖမ်းခံရတယ်”လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ဒဏ်ရာရရှိတဲ့ ရဲ ၅ ယောက်ထဲက ဒုရဲအုပ် ၁ ယောက်က ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့သိရပြီးနောက်ထပ် ၁ ယောက်ကလည်း စိုးရိမ်ရဒဏ်ရာရရှိပြီး ကျန် ၃ ယောက်ကလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တာဝန်ရှိသူတဦးက ”ရဲတွေဒဏ်ရာရရှိတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေးရှာဖွေနေပါတယ်၊ပူးပေါင်းကြံစည်သူလို့…

Read More

စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း လူ ၇ ဦး အသတ်ခံရ

ဇူလိုင် ၊ ၂၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းမှာ မနေ့ ဇူလိုင် ၂၈ ရက်နဲ့ ဒီကနေ့ဇူလိုင် ၂၉ရက် ၂ရက်အတွင်း လူသတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ဒီကနေ့ ဇူလိုင် ၂၉ ရက် ၊ နေ့လယ်ပိုင်း ၁၂နာရီဝန်းကျင်က မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ ခဝဲကျင်းကျေးရွာမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ သေဆုံးသူတွေက ဦးခင်မောင်မြင့်နဲ့ သူ့မိန်းမ ဒေါ်အေးဌေးတို့ဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ မနေ့ ဇူလိုင် ၂၈ ရက် ၊ မနက်ပိုင်းကလည်းစစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင််ဦးမြို့နယ်…

Read More

ထိုင်၀မ်အရေး အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ အပြန်အလှန်သတိပေး

၀ါရှင်တန်၊ ဇူလိုင်-၂၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နာရီကျော်ကြာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးစဉ်အတွင်း ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန်သတိပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ထိုင်၀မ်ကျွန်းရဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုပြောင်းလဲဖို့ တဖက်သတ်လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း အမေရိကန်သမ္မတက တရုတ်သမ္မတရှီကျင်းပင်ကို သတိပေးပြောကြားခဲ့ပြီး ထိုင်၀မ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့မူဝါဒက မပြောင်းလဲဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ တပြည်ထောင်မူဝါဒကို လေးစားလိုက်နာဖို့နဲ့ မီးနဲ့ကစားရင် မီးလောင်ခံရလိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုလည်း တရုတ်သမ္မတရှီကျင်းပင်က သတိပေးခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေမထွက်ခင်ကတည်းက ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံတင်းမာနေကြတာဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဌဟာ ထိုင်၀မ်ခရီးစဉ်နဲ့ပတ်သက်ပြီး မကြေညာသေးပေမယ့် ထိုင်၀မ်ကို သွားရောက်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #၀ါရှင်တန်

Read More

သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကို ဂျာမနီဆင့်ခေါ်ကန့်ကွက်

ဘာလင်၊ ဇူလိုင်-၂၉-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကို ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက ဇူလိုင် ၂၉ ရက်မှာ ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။ ဒီလိုစီရင်မှုနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Petra Sigmund က သူ့ရဲ့တွစ်တာမှာ ဝေဖန်ရေးသားပြီးနောက် ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက အခုလိုဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီရင်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ သေဒဏ်ပေးမှုတွေကို ဆိုင်းငံ့ဖို့၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့သူက တိုက်တွန်းပြောဆိုထားပါတယ်။ ဒီလိုကွပ်မျက်မှုကြောင့် လွန်စွာထိတ်လန့်တုန်လှုပ်မိကြောင်း၊ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွကို အာဏာပိုင်တွေက မထီမဲ့မြင်ပြုတာကို ပြသရာရောက်တယ်လို့ ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲ၊ လုံခြုံရေးကောင်စီ၊ အီးယူ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ Ref:Malay Mail Photo: Getty Images #voiceofmyanmar #VOM #ဘာလင်

Read More

ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ စက်သုံးဆီဘောက်ဆာကား လက်နက်ကြီးထိမှန်ပြီး ၁ ဦးသေ ၊ ၁ ဦး ပျောက်ဆုံးနေ

ဇူလိုင်၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ ပင့်တင်ကျေးရွာနဲ့ နန့်မကျိုင်ကျေးရွာအကြား ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ မနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်းက စက်သုံးဆီသယ်လာတဲ့ ဘောက်ဆာကား နောက်တွဲယာဥ် ၁ စီး လက်နက်ကြီးကျည်ထိမှန်ပျက်စီးပြီး ကားသမား ၁ ဦးသေဆုံးကာ ၊ ၁ ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ၂၂ ဘီးကား စက်သုံးဆီသယ်လာတဲ့ ဘောက်ဆာကား အပစ်ခံရတာပါ ၊ ကားသမား (ယာဥ်မောင်း) ဦးဇင်ကိုကိုလတ် ခေါ် အမောင်ကတော့ ကျည်ဆံထိမှန် သေဆုံးသွားတယ် ၊ ကားစပယ်ယာ ယာဥ်နောက်လိုက်ကတော့ ကိုဇော်မြင့်ထွန်း ခေါ် စပလိန်ကတော့ ပျောက်နေတယ် ” လို့ စက်သုံးဆီလုပ်ငန်းရှင် တယောက်က…

Read More

တရုတ်ဒုံးပျံ အစိတ်အပိုင်းတွေ ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာပေါ်ကျရောက်မယ်လို့ သုတေသီတွေပြော

ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၂ မျိုးဆက်(VOM) မကြာသေးမီရက်ပိုင်းအတွင်းက တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ ဒုံးပျံရဲ့အပိုင်းအစတွေဟာ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ ကမ္ဘာ့ပေါ်ကို ပြန်လည်ကျရောက်ဖို့ရှိနေပြီး ဒီဖြစ်စဉ်အပေါ် အနီးကပ်ခြေရာခံစောင့်ကြည့်နေကာ ကမ္ဘာပေါ်ကလူတွေအတွက် အန္တရာယ်နည်းပါးမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းမှာတည်ဆောက်နေတဲ့ တရုတ်နိုင်ငံရဲ့ အာကာသစခန်းအတွက် သုတေသနဓါတ်ခွဲခန်းတခုကို ဇူလိုင် ၁၄ ရက်မှာ Long March 5B ဒုံးပျံနဲ့ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ အရှည်ပေ ၁၀၀ ရှိပြီး ၂၂ တန်လေးတဲ့ ဒုံးပျံရဲ့ ပင်မကိုယ်ထည်ဟာ ကမ္ဘာပတ်လမ်းအနိမ့်ထဲမှာ ရောက်ရှိနေပြီး ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာမြေပေါ်ကို ကျရောက်မယ်လို့ အမေရိကန်သုတေသနအဖွဲ့ Aerospace Corp က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒုံးပျံကိုယ်ထည်ဟာ ကမ္ဘာ့လေထုထဲ၀င်ရောက်ချိန်မှာ လေထုနဲ့ပွတ်တိုက်မှုကြောင့် ပြိုကွဲသွားမှာဖြစ်ပေမယ့် လောင်ကျွမ်းမှုမရှိတဲ့ အစိတ်အပိုင်းတွေဟာ အလျား ၁၂၄၀ မိုင်နဲ့ အနံ ၄၄ မိုင်…

Read More

စစ်ကိုင်းတိုင်းက လက်သည်မပေါ်ဘဲ သတ်ခံရတဲ့တောင်သူများ

ဇူလိုင် ၊ ၂၉-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ယာခင်းတောမှာ လယ်ယာလုပ်ကိုင်းရင်း အသတ်ခံလိုက်ရတဲ့ တောင်သူ အရေအတွက်ဟာ ၂ လအတွင်း အယောက် ၃၀ ကျော်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ယာခင်းတောမှာ လယ်ယာလုပ်ကိုင်းရင်း တောင်သူတွေ အသတ်ခံရတာပါ ၊ မိသားစုလိုက် အသတ်ခံရတာ ရှိသလို ၊ တဦးချင်း အသတ်ခံရတာလည်း ရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီလို အသတ်ခံရတာနဲ့ပတ်သက်ပြီး နယ်ခံလူမှုကူညီရေး အဖွဲ့တွေက” မနေ့ ဇူလိုင် ၂၈ ရက်က ခင်ဦးမြို့နယ် ၊ ရွာစဥ်ကျေးရွာနားက ယာခင်းတောထဲမှာ လယ်ယာ လုပ်ကိုင်းနေတဲ့ တောင်သူ ဦးစိန်ဌေး အသက် ၆၂ နှစ် အသတ်ခံရတယ် ၊ အဲ့ဒီအပြင်…

Read More

နိုင်ငံအရှေ့ပိုင်းမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ ရုရှားပြင်ဆင်နေ

မော်စကို၊ ဇူလိုင်-၂၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံဟာ သြဂုတ်နှောင်းပိုင်းကနေ စက်တင်ဘာအစောပိုင်းထိ နိုင်ငံအရှေ့ပိုင်းမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဗော့စတော့လို့အမည်ရတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို အရှေ့ပိုင်းစစ်ဌာနချုပ်မှာ သြဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၅ ရက်ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံက မြောက်ပိုင်းနယ်မြေလို့သတ်မှတ်ခေါ်ဆိုတဲ့ ကျွန်းလေးကျွန်းထဲက အီတိုရိုဖူနဲ့ ကူနာရှီရီအပါအ၀င် စစ်ရေးလေ့ကျင့်မှုအတွက် လေ့ကျင့်မယ့်နေရာ ၁၃ နေရာကို ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီကျွန်းလေးကျွန်းကို ရုရှားကထိန်းချုပ်ထားတာဖြစ်ပြီး ဂျပန်နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်းနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ ရုရှားကသိမ်းပိုက်ခဲ့တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ၂၀၁၈ ခုနှစ်မှာပြုလုပ်တဲ့ ပထမဆုံးအကြိမ် ဗော့စတော့စစ်ရေးလေ့ကျင့်မှုမှာတော့ တရုတ်ကြည်းတပ်နဲ့ လေတပ်တို့ ပါ၀င်ခဲ့ပါတယ်။ အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာလည်း နိုင်ငံခြားတပ်ဖွဲ့၀င်တွေ ပါ၀င်မှာဖြစ်ပြီး ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ ရုရှားကထုတ်ပြန်ခြင်းမရှိပါဘူး။ Ref: NHK Photo:TASS #voiceofmyanmar #VOM #မော်စကို

Read More

အလွတ်တန်းသတင်းထောက် မောင်မောင်မျိုး ဖမ်းဆီးခံရပြီး ၂ လအကြာမှာ ထောင်၆နှစ်ချခံရ

ဇူလိူင် ၂၉-၂၀၂၂ GG(VOM) အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို ဖမ်းဆီးပြီး ၂ လအကြာ ဒီနေ့ ဇူလိူင်၂၉ ရက်နေ့မှာ ဘားအံတရားရုံးကနေ ထောင် ၆ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ သတင်းထောက်မောင်မောင်မျိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ အမိန့်ချခဲ့တာဖြစ်ပြီး အယူခံဆက်ဝင်သွားမှာဖြစ်တယ်လို့ မိသားစုမဲခေါင်သတင်းအေဂျင်စီမှ ကိုဉာဏ်လင်းထက်က ပြောပါတယ်။ “ဘားအံတရားရုံးက ဒီမနက် ၆နှစ်ချလိုက်ပါတယ် ။ ၅၂(က)နဲ့ပါ အယူခံဝင်ပါ့မယ်သိပါတယ်။ ဒီနေ့အမိန့်ချမယ်ဆိုတာသိလို့ သူ့အမေလည်း သွားပါတယ် ။ ရုံးချိန်းတွေကတော့ သေချာမမှတ်မိဘူး။ ၂လလောက်ပဲကြာတယ်။ မေလ နောက်ဆုံးပတ်မှာ တရားစွဲတင်ပြီး အခုချလိုက်တာပါ ။ “လို့ သူက ပြောပါတယ်။ သတင်းထောက်မောင်မောင်မျိုးကို မဲခေါင်သတင်းဌာနကို သတင်းဆက်သွယ်ပေးပို့တာကြောင့် တရားရုံးက ထောင်ချလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်းထောက် မောင်မောင်မျိုး ကို ၂၀၂၂ ခုနှစ် မေလ ၁၀…

Read More

တောင်ငူမှာ စားသောက်ဆိုင်မီးလောင်ပြီး လူတဦး သေဆုံး

ဇူလိူင် ၂၉-၂၀၂၂ GG(VOM) တောင်ငူမြို့၊ ခေမာလမ်းက မိုးကောင်းကင် စားသောက်ဆိုင်မှာ ဒီနေ့ ဇူလိူင်၂၉ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်အတွင်းရှိ လေဖြတ်ဝေဒေနာသည် အမျိုးသားတဦး မီးလောင်သေဆုံးသွားတယ်လို့သိရတယ်။ သေဆုံးသူ အမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ ဦးမြင့်လွင်ဆိုသူဖြစ်ကာ ရုပ်အေလာင်းက တစစီဖြစ်နေတယ်လို့ သိရပါတယ်။ ” သတင်းရလို့သွားတာ ၆ နာရီကျော်လောက်ပါ ။အဲ့ဒီမှာက လူကြီး ၂ယောက်ရှိတယ် အဖွားကြိးကိုကျတော့အချိန်မီဆေးရုံပို့လိုက်နိုင်တယ်။ဦးလေးကိုတော့ မီးထဲကနေဆွဲထုတ်ရတယ်။သူက အပေါ်ထပ်မှာနေတာဆိုတော့ မီးလည်းလောင်ရော အခန်းကပြိုကျပြီး မီးညွှန်ကြောင့် ထက်ပိုင်းပြတ်သွားတယ်ထင်တယ်။ ပထမဆုံး တပိုင်းပဲရတယ် နောက်တော့မှ အပိုင်းအစတွေထပ်ရှာရတယ်။ ၂ ခေါက်သွားပို့ရတာပေါ့ ” လို့ မီးငြိမ်းသတ်ပြီး ကူညီကယ််ရေးလုပ်ခဲ့တဲ့ တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ T.E.R.T က အဖွဲ့ဝင်တဦးကပြောပါတယ် ။ မိုးကောင်ကင်ဆိုင်မီးလောင်မှုမှာ Level 3 အဆင့်ရှိကြောင်း ၊…

Read More
VOM News

FREE
VIEW