ထိုင်၀မ်အရေး အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ အပြန်အလှန်သတိပေး

၀ါရှင်တန်၊ ဇူလိုင်-၂၉-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နာရီကျော်ကြာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးစဉ်အတွင်း ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန်သတိပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်၀မ်ကျွန်းရဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုပြောင်းလဲဖို့ တဖက်သတ်လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း အမေရိကန်သမ္မတက တရုတ်သမ္မတရှီကျင်းပင်ကို သတိပေးပြောကြားခဲ့ပြီး ထိုင်၀မ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့မူဝါဒက မပြောင်းလဲဘူးလို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တပြည်ထောင်မူဝါဒကို လေးစားလိုက်နာဖို့နဲ့ မီးနဲ့ကစားရင် မီးလောင်ခံရလိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုလည်း တရုတ်သမ္မတရှီကျင်းပင်က သတိပေးခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေမထွက်ခင်ကတည်းက ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံတင်းမာနေကြတာဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဌဟာ ထိုင်၀မ်ခရီးစဉ်နဲ့ပတ်သက်ပြီး မကြေညာသေးပေမယ့် ထိုင်၀မ်ကို သွားရောက်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW