သြဂုတ် ၃၀-၂၀၂၂ Voice Of Myanmar(VOM) ဒီပဲယင်းမြို့နယ်ထဲက အိမ်ခြေ (၃၀၀၀) ဝန်းကျင်ရှိတဲ့ မူးကမ်းကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈) ရက်နေ့က အိမ်ခြေ (၆၀၀) နီးပါးမီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီမီးရှို့ခံရတဲ့အထဲမှာ ပြီးခဲ့တဲ့ ဇွန်လ (၁၄) ရက်နေ့ကမီးရှို့ခံရပြီး ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေလည်း ပါဝင်နေတာကြောင့် နှစ်ကြိမ်တိုင်တိုင် မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ မူးကမ်းရွာက မီးဘေးသင့်အိမ်ထောင်စု (၇၀၀) ဝန်းကျင်၊ လူဦးရေ (၃၀၀၀) ဝန်းကျင်ဟာ စားဝတ်နေရေးအခက်အခဲနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပါလိုအပ်နေကြတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မူးကမ်းကြီးကျေးရွာ #မီးဘေးသင့်ပြည်သူ Youtube Link – https://youtu.be/PNEOphD3NUo
Read MoreDay: August 29, 2022
ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက မောက်ရွာ မီးရှို့ဖျက်ဆီးခံရပြီး လူ ၂ ဦးသေဆုံး
သြဂုတ် ၊ ၂၉ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မြစ်သာမြစ်ဘေးက မောက်ရွာ နဲ့ လက်ပံရွာဟာ မနေ့ သြဂုတ် ၂၈ က မီးရှို့ဖျက်ဆီးခံရပြီး လူသေဆုံးတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မြစ်သာမြစ် အနောက်ဘက်ကမ်းက မောက်ရွာမှာက လူနေအိမ်နဲ့ အဆောက်အဦး ၂၀ ၊ နှမ်း တင်ရေ ၃ ထောင်ကျော် မီးလောင်ပျက်စီးတယ် ၊ အဲ့ဒီအပြင် မောက်ရွာရဲ့ တဖက်ကမ်းက လက်ပံရွာမှာလည်း လူနေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခံရတယ် ၊ မြစ်သာမြစ်ကူးတံတားပေါ်မှာ အသတ်ခံရလို့ မောက်ရွာသား ၂ ဦးလည်း သေဆုံးနေတာကို တွေ့ရတယ် ၊ မောက်ရွာနားမှာလည်း နှမ်းကား ၂ စီး…
Read Moreပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး ခရီးသည် ၉ဦးသေ
သြဂုတ် ၊ ၂၉ ၊ ၂၀၂၂ SP ( VOM) မန္တလေးတိုင် ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့ ၊ မြို့ရှောင်လမ်းပေါ်မှာ မနေ့ သြဂုတ် ၂၈ ရက် ညပိုင်းက ယာဥ် ၂ စီး တိုက်မိပြီး အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ခရီးသည် ၉ဦး သေဆုံးကာ ၊ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင် မီးသတ်ဌာန ၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ ” ဖြစ်တာက ဘိလပ်မြေအိတ်တွေတင်ဆောင်လာတဲ့ ၂၂ ဘီး တွဲကားနဲ့ လိုက်ထရပ်ကား တိုက်မိတာပါ ၊ စဖြစ်တာက ညပိုင်း ၇ နာရီဝန်းကျင်မှာဖြစ်တယ် ၊ လိုက်ထရပ်ကားပေါ်မှာက ခရီးသည် ခရီးသည် ၁၄ ယောက် လိုက်ပါလာတယ် ၊ အဲ့ဒီ…
Read Moreမြို့မတူရိယာအသင်းကြိီးရဲ့ တေးရေးဆရာကြီး မြို့မကိုပေါ ကွယ်လွန်
သြဂုတ် ၂၉-၂၀၂၂ Voice Of Myanmar မန္တလေးမြို့မှာ ထင်ရှားကျော်ကြားတဲ့ မြို့မတူရိယာအသင်းကြီးရဲ့ တေးရေးဆရာ ဂီတစာဆို မြို့မကိုပေါဟာ မနေ့သြဂုတ် ၂၈ရက် ည၁၂ထိုးခံနီးအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မန္တလေးစာပေအသိုင်းအ၀ိုင်းကနေ သိရပါတယ်။ အသက်၉၅ နှစ်အရွယ် ဆရာကြီးမြို့မကိုပေါဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး သြဂုတ်လပိုင်းအတွင်းကပဲ နေအိမ်အတွင်း စန္ဒယားတီးပြီး ထိုင်ရာကနေ ထရာမှ ချော်လဲကာ ပေါင်ကျိုးခဲ့တယ်လို့ သိရပါတယ်။ ပေါင်ကျိုးပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး ဆေးကုသမှုခံယူနေရင်း မန္တလေးမြို့၊ ပုလင်းဝင်းရပ်က နေအိမ်မှာပဲ မနေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မြို့မကိုပေါကို မြန်မာသက္ကရာဇ် ၁၂၈၉ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းက ဦးကျော်စိုးဖြစ်ပါတယ်။ အသက် ၂၄-နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းအတွင်း ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ ဂီတလောကကို ရောက်ရှိခဲ့ပါတယ်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ်…
Read Moreမြောက်ဦးနယ်အတွင်း လက်နက်ကြီးကျလို့ ၅နှစ်အရွယ်ကလေးတဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးနေရ
ဩဂုတ် ၂၉- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ မနေ့ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တပ်နဲ့ အေအေတို့ ရုတ်တရက်ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ရပ်ရွာတွေအတွင်းကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သေဆုံးသူတွေဟာ မြောက်ဦးမြို့အနောက်ဘက် ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ ကင်းဆိပ်ကျေးရွာက အသက်(၅) နှစ်အရွယ်ကလေးတဦး၊ အသက်(၆၆) အရွယ် အမျိုးသမီးတဦးနဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသားတဦးတို့သေဆုံးကာ ဒဏ်ရာရသူတွေကတော့ ကင်းဆိပ်ရွာက (၇) ဦး၊ မြောက်ဦးမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေက ဘုန်းကြီးတပါးအပါအဝင် ကိုရင်(၄)ပါးနဲ့ ဘုန်းကြီးကျောင်းဝေယာဝစ္စလုပ်နေတဲ့ အမျိုးသားတဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကင်းဆိပ်ကျေးရွာက ဒေါ်အေးနုယဉ်(၆၆)နှစ်မှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကာ အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း ကတော့ မနေ့က…
Read Moreကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်နဲ့ သေဆုံးသူ ၆ ဒသမ ၄၉ သန်းရှိလာ
ဝါရှင်တန်၊ သြဂုတ်-၂၉-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ သြဂုတ် ၂၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဟာ ကူးစက်ခံရသူ ၉၄ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အိန္ဒိယက ၄၄ သန်းနဲ့ ဒုတိယနေရာ၊ ပြင်သစ်က ၃၅ သန်းနီးပါးနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဂျပန်နိုင်ငံက ကူးစက်သူ ၁၈ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကမ္ဘာတ၀န်းမှာ ရောဂါကူးစက်မှုသစ်တွေ ကျဆင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အချို့နိုင်ငံတွေမှာ ရောဂါစမ်းသပ်စစ်ဆေးမှုတွေ အားနည်းမှုကြောင့် ကူးစက်မှုအရေအတွက်မှာ တရား၀င်ထုတ်ပြန်ထားတာထက် ပိုမိုများပြားဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။ ကမ္ဘာ့တစ်၀န်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး လက်ရှိချိန်ထိ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၆…
Read More၁၉၄၇ခုနှစ်ကတည်းက မြို့မအသင်းသားဖြစ်ခဲ့တဲ့ ဂီတမှူးကြီး ကြွေလွင့်ရှာပြီ
ဆူးငှက် မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်က စတင် ထူထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ကြသူတွက ကိုဘငြိမ်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုမြအုန်း၊ ကိုရင်လေး၊ ကိုဘကြင်၊ ကိုလှဒင်၊ ကိုဘသက်၊ ကိုဘဒင်၊ ကိုမောင်မာင်(ဓားတန်းဦးသန့်) စသူတို့ ဖြစ်ပါသတဲ့။ အသင်းဥက္ကဋ္ဌကတော့ ဆိုင်းတန်းရပ်က အပေါင်ဆိုင် ပိုင်ရှင် ဦးတော်လုံဖြစ်ပါတယ်။ သူက ဂီတသမားမဟုတ်ပေမယ့် ဝါသနာရှင်လူငယ်လေးတွေ ဂီတအသင်း စတင် ထူထောင်ကြတော့ ပစ္စည်းအား၊ ငွေကြေးအားဖြင့် အားပေး ကူညီသူဖြစ်ပါတယ်။ အသင်းကို စတင်တည်ထောင်တော့ “နေပြည်တော်”၊ “ရတနာပုံ” စတဲ့ နာမည်တွေ ပေးကြပေမယ့် ကိုဘငြိမ်း(မြို့မငြိမ်း)က “နာမည်က ရိုးလွန်းတယ်” ဆိုပြီး၊ “မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်း” လို့ အမည်ပေးခဲ့တယ်။ ခေတ်ပညာတတ် ဝါသနာရှင်လူငယ်လေးများမို့ အမြော်အမြင်ရှိတယ်။ အမြင်ကျယ်တယ်။ရေရှည်တည်တံ့မှုကိုရှေ့ရှုတယ်။ ဒါကြောင့် ၁၉၂၈ ခုနှစ်မှာ “စည်းမျဉ်းဥပဒေ”ရေးဆွဲပြီး အသင်းက စနစ်တကျ ဖွဲ့စည်းခန့်ခွဲနိုင်ခဲ့တယ်။ အသင်းတစ်သင်းရဲ့ အဓိကကျတဲ့…
Read MoreRCSS/SSAနဲ့ နစကတို့ ဒုတိယအကြိမ်တွေ့ဆုံ
ဩဂုတ် ၂၉-၂၀၂၂ KT(VOM) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ နစက တို့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်း နေပြည်တော် ဘုရင့်နောင်ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွင် ပထမအကြိမ် ပဏာမဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို လက်တွဲဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ကယ်ဆယ်နေရာချထားရေး နဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နစက #RCSS/SSA#ဒုတိယအကြိမ်တွေ့ဆုံ
Read Moreရေစကြို ဘောလုံးကွင်းစျေးမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံး
သြဂုတ် ၊ ၂၉ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့ ၊ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဘောလုံးကွင်း ယာယီပျံကျစျေးမှာ ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၃ဦးနဲ့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်တာက မနက်အစောပိုင်း ၆ ခွဲ ၇ လောက်မှာဖြစ်တာပါ ၊ ဘောလုံးကွင်းစျေးနားကိုရောက်နေတဲ့ လုံခြုံရေးအဖွဲ့ အပစ်ခံရတာဖြစ်တယ် ၊ ရေစကြိုမြို့နယ် ၊ ပေါက်တောရွာသား ထွန်းအောင်ကျော် အပါအဝင် ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးတယ် ၊ ၆ ယောက်သေတယ် ပြောနေကြပေမယ့် အခုချိန်ထိ သိရတာ ၅ ယောက်ဖြစ်တယ်…
Read More