ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အထောက်အထားမဲ့သူ ၁၀၀ ကျော် ဖမ်းဆီးရမိ

အောက်တိုဘာ ၂၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေအိမ်တစ်အိမ်မှာ မနေ့ အောက်တိုဘာ ၂၀ရက် ညပိုင်းက အထောက်အထားမဲ့ဝင်ရောက်လာသူ တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” မနေ့ညပိုင်းက စစ်တပ်၊ရဲနဲ့ ထွေ/အုပ်ပါဝင်တဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်၊ မိတာ တစ်ရာကျော်တယ် ကားနဲ့ဖုန်းတွေရောသိမ်းသွားတယ်၊ အိမ်ရှင်ရော ယာဥ်မောင်းတွေပါဖမ်းသွားတာ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကြားတယ်”လို့ ရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၃၉ ဦးဖြစ်ပြီး အိမ်ရှင်နဲ့ယာဥ်မောင်းအပါအဝင် ၄ ဦး စုစုပေါင်း ၁၂၁ ဦးဖမ်းဆီးရမိကာ ကားနှစ်စီးနဲ့ ဖုန်း ၄လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ ” ရခိုင်ကနေလာတယ် ရန်ကုန်ကိုရောက်တဲ့အချိန် အဖမ်းခံရတာ၊…

Read More

ကော့ကရိတ်မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေ

အောက်တိုဘာ ၂၁-၂၀၂၂ KT+KK(VOM) ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ KNLS ၊ PDF ပူးပေါင်းအဖွဲ့တို့ နဲ့ နစကတပ်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ကော့ကရိတ်ဆေးရုံမှာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။ “ဒီနေ့မနက် ၇ နာရီလောက်ကတည်း ပစ်နေတာ သေနတ်သံတွေရော ဗုံးသံတွေရော ဆက်တိုက်ကြားနေရတာ၊ ခရိုင်ရုံးဘက်မှာ ပစ်တာ စစ်တပ်ကလည်း လေယာဥ်တွေနဲ့ပစ်တယ်”လို့ ပြောပါတယ်။ KNLA နဲ့PDF တွေက ဌာနဆိုင်ရာရုံးတွေဘက်မှာ နေရာယူပြီး ပစ်ခတ်ကြသလို စစ်တပ်ကလည်း လေယာဥ်နဲ့ပစ်ခတ်တာကြောင့် မြို့ပေါ်က ရပ်ကွက်အချို့မှာ ထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာ ၉၇ တပ်အရှေ့ဘက် ခရိုင်ရုံးအနောက်ဖက် အခြားပုံပေါ်လို့ရတဲ့နေရာတွေကော သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေရော ကော်ကရိတ်ဆေးရုံမှာအများကြီးပဲ”လို့…

Read More

မူဆယ်မြို့‌‌ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့

အောက်တိုဘာ ၂၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် မြန်မာနယ်စပ်၊ မူဆယ်မြို့ပါ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၄ နာရီခန့်က စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ၁ နာရီကျော်ခန့်ကြာ တိုက်ပွဲ ဖြစ်‌ပွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မူဆယ်မြို့ စွမ်စော်ဘက် အပြတ် တွယ်နေကြတယ်။ ၁ နာရီကျော် လောက်ရှိတယ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရကာ၊ မန့်ဝိန်းပေါက် အနီးတဝိုက်လည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နေသံ ကြားရတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာ အနီးနားနေထိုင်သူတဦးကလည်း “အသံကြားရတာ ကျနော်တို့နားရော လာကျသလိုပဲ။ ပန်ခမ်းဘက်လည်း ကျသံကြားတယ်။ အလယ်ပေါက်၊ စွမ်စော် ကနေ ပန်ခမ်း တံတားဘက် အသံ…

Read More

ဧရာဝတီတိုင်းက နေလှန်းဆား လုပ်ငန်းတွေ အရှုံးပဲပေါ်နေလို့ ဒီနှစ်မှာ လုပ်ငန်း ပြန်မလုပ်နိုင်

အောက်တိုဘာ၊၂၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဆားလုပ်ငန်းရှင်တွေဟာ အရှုံးပဲပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ နေလှန်းဆား လုပ်ငန်းရှင်တချို့ ရပ်နားလိုက်ရတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ် ။ ဧရာဝတီတိုင်းမှာ နေလှန်ဆား ထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြ တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားလုပ်ငန်းတချို့ ရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆားလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရာသီဥတုဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံတာ၊ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆားလုပ်ငန်းမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ကြရပြီး ဒီနှစ် ဆားရာသီအစမှာလည်း ၊ လုပ်သားခဈေး တက်လာတာ၊ စက်သုံးဆီဈေးတက်တာ ၊ ဆားဝယ်လက်တွေလျော့သွားတာ၊ ဆားကွင်းတွေမှာ လူစု လူဝေး မလုပ်ရဲတာ စတဲ့အကြောင်းအရင်းတွေနဲ့ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ထပ်မံရင်ဆိုင်နေရတာကြောင့်ရပ်နားလိုက်ရတာဖြစ်တယ်လို့…

Read More

ရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ သိရ

အောက်တိုဘာ ၂၁ – ၂၀၂၂ SN (VOM) ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တွေကနေ သိရပါတယ်။ အခု ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ သက်ဆိုင်ရာက ပြောဆိုမှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်တောင်ပိုင်း ခရီးသွားလုပ်ငန်း အခြေအနေတွေက လတ်တလောမှာတော့ ဖြစ်နိုင်ချေမရှိသေးဘူးလို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။ “ဘယ်အရာကိုကြည့်ပြီး ခရီးသွားလုပ်ငန်း ပြန်စနိုင်မယ်လို့ ပြောလဲမသိပါဘူး။ တကယ်က ခရီးသွားလုပ်ငန်းက ရပ်ဆိုင်းနေတာပါ။ အခု ခရီးသည်ဝင်ရောက်မှုက ၁၀၀ မှာ၂၀ ရာခိုင်နှုန်း​လောက်ပဲရှိတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် မလာကြတာပါ” လို့ သူက ပြောပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းတွေဟာ လတ်တလော အခြေအနေတွေကြောင့် ရပ်တန့်လုနီးပါးဖြစ်နေကာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြတဲ့…

Read More

နှမနည်းသည့် မောင်ငယ်မှာ သင်တည့်သာ သင်တိုင်းဝတ် ချည်ခင်စွပ်ကယ် ကြင်ဖော်သွေးလို့လေ

ဆူးငှက် တကယ်တော့ “တောင်သမန်” ဟူသည် ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ပဒုံမင်း ခေါ် ဘိုးတော်ဘုရားက အင်းဝရွှေနန်းမှ အသစ်ပြောင်းရွှေ့ နန်းစိုက်သော အမရပူရရွှေမြို့တော် မတည်ထောင်မှီ နှစ်ပေါင်းထောင်ချီ ကတည်းက တည်ရှိခဲ့သောမြစ်ကျိုးအင်း တစ်အင်းဖြစ်သည်။ ဒုဋ္ဌဝတီ ခေါ် မြင်ငယ်မြစ်က မြစ်မဧရာဝတီအတွင်း စီးဝင်ရာတွင် ပြောင်းလဲလာသော ဘူမိဗေဒသဘောအရ မြစ်ကြောင်းပြောင်းလဲပြီး မြစ်ကျိုးအင်းအဖြစ် တည်ရှိခဲ့သည်ဟု ဆိုသည်။ မြစ်ကျိုးအင်း၏ သဘော သဘာဝအရ မိုးတွင်းကာလ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်အချိန်တွင် မြစ်မနှင့်မြစ်ငယ်အတွင်းမှ တိုးရေက အင်းအတွင်း ဝင်ရောက်ကာ ဝန်းကျင်တခို ရေပြည့်ရေလျှံဖြစ့စ်သွားတော့သည်။ တောင်သမန်ဟူသော အမည်နာမကလည်း ဘုရားရှင်လက်ထက်ကတည်းက ရှိသတဲ့။ စစ်ကိုင်းအရပ်က နတ်ဘီလူး ၉၉ယောက်ကို သောတာပန် တည်အောင် ဘုရားရှင်က တရားဟောပြီးနောက် နတ်ဘီလူးများ တောင်းပန်ချက်အရ အရှေ့ဘက်အရပ်ရှိ “ငတောင်သမန်၊ ငတောင်မြင့်၊ ငတောင်ကျည်း၊…

Read More
VOM News

FREE
VIEW