ကော့ကရိတ်မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေ

အောက်တိုဘာ ၂၁-၂၀၂၂
KT+KK(VOM)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ KNLS ၊ PDF ပူးပေါင်းအဖွဲ့တို့ နဲ့ နစကတပ်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေနဲ့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ကော့ကရိတ်ဆေးရုံမှာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီလောက်ကတည်း ပစ်နေတာ သေနတ်သံတွေရော ဗုံးသံတွေရော ဆက်တိုက်ကြားနေရတာ၊ ခရိုင်ရုံးဘက်မှာ ပစ်တာ စစ်တပ်ကလည်း လေယာဥ်တွေနဲ့ပစ်တယ်”လို့ ပြောပါတယ်။

KNLA နဲ့PDF တွေက ဌာနဆိုင်ရာရုံးတွေဘက်မှာ နေရာယူပြီး ပစ်ခတ်ကြသလို စစ်တပ်ကလည်း လေယာဥ်နဲ့ပစ်ခတ်တာကြောင့် မြို့ပေါ်က ရပ်ကွက်အချို့မှာ ထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ ၉၇ တပ်အရှေ့ဘက် ခရိုင်ရုံးအနောက်ဖက် အခြားပုံပေါ်လို့ရတဲ့နေရာတွေကော သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေရော ကော်ကရိတ်ဆေးရုံမှာအများကြီးပဲ”လို့ ပြောပါတယ်။

လက်တလော ပစ်ခတ်မှုနဲ့ပတ်သတ်ပြီး သေဆုံး၊ဒဏ်
ရာရ၊ဖမ်းဆီးခံရသူ အရေအတွက်ကို ပစ်ခတ်မှုဖြစ်စဥ်မှာပါဝင်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ပတ်သတ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။

ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်ကလည်း KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ကော့ကရိတ် #အပြန်အလှန်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW