အမည်ပျက်စာရင်းကြောင့် မြန်မာ့စီးပွားရေး အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်

အောက်တိုဘာ ၂၃ – ၂၀၂၂ SN (VOM) ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း အသွင်းခံရခြင်းက မြန်မာ့စီးပွားရေးကို အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တာ၊ ပြုပြင်ပြောင်းလဲမှုမရှိတာတွေကြောင့် အမည်ပျက်စာရင်းသွင်းလိုက်တာ ဖြစ်တယ်လို့ FATF က အောက်တိုဘာ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “ဒီအချိန်မှာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေလည်း ခံနေရတဲ့အပြင် ပြည်တွင်းမှာရှိနေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်ဆုတ်ခွာနေတဲ့အချိန်မှာမှ အခုလို အမည်ပျက်စာရင်း အသွင်းခံရတာဟာ မြန်မာ့စီးပွားရေး ဒီ့ထက်ပိုဆိုးဖို့ အပျက်ဘက်ကို ဒီ့ထက်ပိုရောက်ဖို့ ဖန်တီးလိုက်တာပါပဲ။ FATF ရဲ့ ဆုံးဖြတ်ချက်ဟာ ဘုန်းဘုန်းလဲကျနေတဲ့ မြန်မာ့စီးပွားရေးကို လုံးဝနလန်မထူနိုင်အောင် ဖြစ်သွားစေမှာပါ” လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။ FATF ရဲ့ အမည်ပျက်စာရင်းမှာ…

Read More

တရုတ်ကို မြန်မာ့ပြောင်းတွေ ဆက်လက်တင်ပို့သွားဖို့ ရှိပေမယ့် တောင်သူအချို့ ခက်ခဲနေဆဲ

အောက်တိုဘာ ၂၃ – ၂၀၂၂ SN (VOM) တရုတ်နိုင်ငံကို လက်ရှိမှာ မြန်မာ့ပြောင်း တရားဝင် တင်ပို့နေပြီဖြစ်ရာ နောက်ထပ် တန်ချိန် ၁၀၀၀ ဝန်းကျင် ဆက်လက် တင်ပို့သွားဖို့ ရှိနေပေမယ့် ပြောင်းစိုက်တောင်သူအချို့ကတော့ အခက်အခဲတွေရှိနေသေးတယ်လို့ သိရပါတယ်။ “ပြောင်းဈေးက ကုန်သည်၊ လှောင်လက်တွေအတွက်ပဲ တွက်ချေကိုက်တာပါ။ တောင်သူတွေအတွက်ကတော့ သွင်းအားစုဖိုးတွေ၊ မျိုးစေ့ဖိုးတွေ၊ အလုပ်သမားငှားခတွေနဲ့ ဘာမှမကျန်သလောက်ပါပဲ” လို့ ‌နေပြည်တော်က ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။ ပြောင်းစိုက်တောင်သူတွေအနေနဲ့ အခုနှစ်မှာ ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အရင်းများပြီး တွက်ချေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာ့ပြောင်းကို လက်ရှိမှာ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်း (Normal Trade)ကနေ တရုတ်ကို ပထမဆုံးအနေနဲ့ တန်ချိန် ၉၀၀ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ “စမ်းသပ်တင်ပို့တာမဟုတ်ဘူး။ တရားဝင်…

Read More

စစ်ကိုင်းတံတား အစောင့်ကျ ရဲတွေရဲ့ သေနတ် ၂ လက် ပျောက်ဆုံး

အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ အမရပူရမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ စစ်ကိုင်းတံတား လုံခြုံရေး အစောင့်တာဝန်ကျ ရဲတွေကို ထုတ်ပေးထားတဲ့ သေနတ်တွေထဲက သေနတ် ၂ လက် ပျောက်ဆုံးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” စစ်ကိုင်းတံတားမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်ပျောက်တာဖြစ်တယ် ၊ သေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားရာကနေ ပျောက်တယ်လို့ ကနဦး သိရတယ် ၊ စပျောက်တာက အခုလ ၁၈ ရက်နေ့ဖြစ်တယ် ၊ သူ့တို့ဘာသာ အတွင်းရေး ကြိတ်ပြီးရှာနေကြတာ ၊ ပြန်မတွေ့တော့တဲ့အဆုံး ဒီကနေ့မှာ သေနတ် မပျောက်ဘဲ ကျန်နေတဲ့ ရဲတွေက အထက်လူကြီးကို တင်ပြတိုင်တန်းတာဖြစ်တယ် “လို့ စစ်ကိုင်းတံတား ရဲကင်းအဖွဲ့နဲ့ နီးစပ်သူ…

Read More

မအူပင်မှာ အသက် ၁၈ နှစ်အောက် ၄ ဦးအပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၅၄ ဦးဖမ်းမိ

အောက်တိုဘာ၊ ၂၃-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းကနေ ဝင်လာတဲ့ အသက် ၁၈ နှစ်အောက်နိုင်ငံသား အထောက်အထားမဲ့သူ ၄ ယောက်အပါအဝင် အထောက်အထားမဲ့သူ ၅၄ ယောက်ကို မနေ့ အောက်တိုဘာ ၂၂ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ဖမ်းမိတာပါ ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းမိတာ အားလုံး ၅၄ ယောက်တဲ့ ၊ ကလေး ၄ ယောက်လည်း ပါတယ် ၊ စက်လှေနဲ့ မောင်းလာတဲ့ အချိန် တိုးမြစ်ထဲမှာ ဖမ်းမိတာ ၊ ကိုဗစ်နဲ့အခြား လိုအပ်တာ တွေစစ်ဆေးပြီး ထိန်းသိမ်းထားတယ်လို့သိရတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက VOMကိုပြောပါတယ်။ ဖမ်းဆီးခံရမိတဲ့ အထောက်အထားမဲ့သူတွေမှာ အမျိုးသား ၃၇ ယောက် ၊ အမျိုးသမီး ၁၃…

Read More
VOM News

FREE
VIEW