စစ်ကိုင်းတံတား အစောင့်ကျ ရဲတွေရဲ့ သေနတ် ၂ လက် ပျောက်ဆုံး

အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၂
SP( VOM)

မန္တလေးတိုင်း ၊ အမရပူရမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ စစ်ကိုင်းတံတား လုံခြုံရေး အစောင့်တာဝန်ကျ ရဲတွေကို ထုတ်ပေးထားတဲ့ သေနတ်တွေထဲက သေနတ် ၂ လက် ပျောက်ဆုံးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” စစ်ကိုင်းတံတားမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်ပျောက်တာဖြစ်တယ် ၊ သေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားရာကနေ ပျောက်တယ်လို့ ကနဦး သိရတယ် ၊ စပျောက်တာက အခုလ ၁၈ ရက်နေ့ဖြစ်တယ် ၊ သူ့တို့ဘာသာ အတွင်းရေး ကြိတ်ပြီးရှာနေကြတာ ၊ ပြန်မတွေ့တော့တဲ့အဆုံး ဒီကနေ့မှာ သေနတ် မပျောက်ဘဲ ကျန်နေတဲ့ ရဲတွေက အထက်လူကြီးကို တင်ပြတိုင်တန်းတာဖြစ်တယ် “လို့ စစ်ကိုင်းတံတား ရဲကင်းအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲ့ဒီ သေနတ် ၂ လက်ပျောက်ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမရပူရမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က” စစ်ကိုင်းတံတား ရဲကင်းမှာဖြစ်တာပါ ၊ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်နေပါတယ် ၊ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတာ မရှိပါဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေကို မန္တလေးအိုးဘိုအကျဥ်းထောင် ပို့ဆောင်တဲ့အခါ မြစ်ငယ်တံတားနားမှာ အချုပ်ကားပေါ်ကနေ အချုပ်သားတချို့ ရဲ​သေနတ်လုယူကာ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ၊ မြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းဖောက်ထွင်းခံရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၉ ယောက်က အချုပ်ခန်း လုံခြုံရေး ကင်းတာဝန်ကျ ရဲတယောက်ကို ထိုးကြိတ်ပြီး သူ့ရဲ့ သေနတ်ကို ယူဆောင်သွားတာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတံတားစောင့်ရဲ #သေနတ်နှစ်လက်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW