ဗြိတိန်၀န်ကြီးချုပ်ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ထုတ်ပြန်

လန်ဒန်၊ အောက်တိုဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ၀န်ကြီးချုပ်လစ်ဇ်ထရပ်နေရာကို ဆက်ခံဖို့အတွက် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီ၀င်တွေနဲ့အတူ ရွေးကောက်ပွဲမှာအောင့်မြင်ဖို့ အခွင့်အလမ်းကောင်းတွေရှိပြီး ၀န်ကြီးချုပ်အဖြစ် ပြန်လည်တာ၀န်ထမ်းဆောင်နိုင်ဖို့ အခြေအနေကောင်းတွေရှိကြောင်း၊ ဒါပေမယ့် မလုပ်သင့်တာကြောင့် ဒီကိစ္စကို အဆုံးသတ်လိုက်တယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

၀န်ကြီးချုပ် လစ်ဇ်ထရပ်ဟာ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဘောရစ်ဂျွန်ဆင်အနေနဲ့ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ အခြေအနေအပေါ် စိတ်၀င်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။

ပါလီမန်မှာ စည်းလုံးညီညွတ်တဲ့ပါတီတရပ်မရှိရင် ထိထိရောက်ရောက်အုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

လက်ရှိမှာတော့ ဘဏ္ဍာရေး၀န်ကြီးဟောင်း Rishi Sunak နဲ့ အောက်လွှတ်တော်အကြီးအကဲ Penny Mordaunt တို့က ၀န်ကြီးချုပ်နေရာဆက်ခံဖို့အတွက် ပါတီခေါင်းဆောင်နေရာကို ၀င်ရောက်ယှဉ်ပြိုင်မှာလို့ ကြေညာထားပါတယ်။

ပါတီခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ အောက်လွှတ်တော်ရှိ ကွန်ဆာဗေးတစ်အမတ် ၁၀၀ ရဲ့ထောက်ခံမှုကို ရရှိဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref:NHK
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW