စစ်တွေမှာ ရေနစ်ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ရဲ့အလောင်းကိုရှာတွေ့ပြီး ကျန်တယောက်အလောင်းကို ရှာမတွေ့သေး

အောက်တိုဘာ ၂၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့က၊ ပွိုင့်ကမ်းခြေမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ရဲ့အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ တွေ့ရှိခဲ့ပြီး မနက်ပိုင်း ၁၀ နာရီ မိနစ် ၂၀ မှာ တလောင်းနဲ့ နေ့လယ် ၁ နာရီကျော်လောက်မှာ တလောင်းတို့ကိုတွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေကနေ သိရပါတယ်။ သူတို့ ၃ ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်၊ စနေနေ့ နေ့လယ် ၁၁ နာရီ ခွဲလောက်မှာ ရေနစ်ပျောက်ဆုံးသွားတာဖြစ်ပြီး သူတို့ရေနစ်သွားတဲ့ ဖြစ်စဉ်ကို ပွိုင့်အပန်းဖြေစခန်းရဲ့ CCTV မှတ်တမ်းကနေတဆင့် တွေ့ရှိခဲ့ပြီးနောက် အခုလို အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရေနစ်သေဆုံးသွားတဲ့ ကလေးတွေဟာ ၄ တန်းကျောင်းသားတွေဖြစ်ပြီး စက်ဘီးနှစ်စီးနဲ့အတူ ပွိုင့်ကမ်းခြေဘက်…

Read More

ဟားခါးမြို့မှာ ချင်းပြည်နယ် စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၂ SP(VOM) ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ စျေးဟောင်းရပ်ကွက် ၊ မန်ဘွေလမ်းမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးချုပ်ရုံးဟာ မနေ့ အောက်တိုဘာ ၂၃ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့ကည ၁၁ နာရီဝန်းကျင်မှာ စာရင်းစစ်ချုပ်ရုံး မီးစလောင်တယ် ၊ ဒီမနက် ၂ နာရီလောက်မှ မီးငြိမ်းသွားတာ ၊ ရုံးအဆောက်အဦ တခုလုံး ပျက်စီးသွားတယ် “လို့ ဟားခါးမြို့ခံ တယောက်က ပြောပါတယ်။ ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး တာဝန်ရှိသူ တယောက်က ” ပြည်နယ် စာရင်းစစ်ရုံးကို မီးပုလင်းတွေ ပစ်ပေါက်ပြီး ရှို့သွားတာဖြစ်တယ် ၊ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ ရုံးအဆောက်အတေတွေ ပျက်စီးဆုံးရှုံးကုန်တယ် ၊ မီးငြိမ်းသတ်ချိန်…

Read More

ဗြိတိန်၀န်ကြီးချုပ်ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ထုတ်ပြန်

လန်ဒန်၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ၀န်ကြီးချုပ်လစ်ဇ်ထရပ်နေရာကို ဆက်ခံဖို့အတွက် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ကွန်ဆာဗေးတစ်ပါတီ၀င်တွေနဲ့အတူ ရွေးကောက်ပွဲမှာအောင့်မြင်ဖို့ အခွင့်အလမ်းကောင်းတွေရှိပြီး ၀န်ကြီးချုပ်အဖြစ် ပြန်လည်တာ၀န်ထမ်းဆောင်နိုင်ဖို့ အခြေအနေကောင်းတွေရှိကြောင်း၊ ဒါပေမယ့် မလုပ်သင့်တာကြောင့် ဒီကိစ္စကို အဆုံးသတ်လိုက်တယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ၀န်ကြီးချုပ် လစ်ဇ်ထရပ်ဟာ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဘောရစ်ဂျွန်ဆင်အနေနဲ့ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ အခြေအနေအပေါ် စိတ်၀င်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။ ပါလီမန်မှာ စည်းလုံးညီညွတ်တဲ့ပါတီတရပ်မရှိရင် ထိထိရောက်ရောက်အုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ လက်ရှိမှာတော့ ဘဏ္ဍာရေး၀န်ကြီးဟောင်း Rishi Sunak နဲ့ အောက်လွှတ်တော်အကြီးအကဲ Penny Mordaunt တို့က ၀န်ကြီးချုပ်နေရာဆက်ခံဖို့အတွက် ပါတီခေါင်းဆောင်နေရာကို ၀င်ရောက်ယှဉ်ပြိုင်မှာလို့ ကြေညာထားပါတယ်။ ပါတီခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ အောက်လွှတ်တော်ရှိ ကွန်ဆာဗေးတစ်အမတ် ၁၀၀…

Read More

ရုရှားတိုက်လေယာဉ်တစင်း ဆိုက်ဘေးရီးယားမှာပျက်ကျ ၊ လေယာဉ်မှူးတွေ သေဆုံး

မော်စကို၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်က တိုက်လေယာဉ်တစင်းဟာ ဆိုက်ဘေးရီးယားတောင်ပိုင်းရှိ လူနေရပ်ကွက်အတွင်းကို ပျက်ကျခဲ့ကြောင်း ဒေသန္တရတာ၀န်ရှိသူတွေက အောက်တိုဘာ ၂၃ ရက်မှာပြောပါတယ်။ Sukhoi Su-30 အဲဒီတိုက်လေယာဉ်ဟာ Irkutsk မြို့ရှိနှစ်ထပ်တိုက်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်လေယာဉ်ဟာ စမ်းသပ်ပျံသန်းမှုတခုအတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ အဲဒီတိုက်လေယာဉ်ဟာ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်ခြင်းရှိမရှိ ရုရှားရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလျက်ရှိပါတယ်။ ဒါဟာခြောက်ရက်အတွင်း ရုရှားတိုက်လေယာဉ်ပျက်ကျမှု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ယူကရိန်းအနီး Yeysk မြို့က တိုက်ခန်းတွဲတခုပေါ်ကို Sukhoi Su-34 တိုက်လေယာဉ်တစင်းပျက်ကျမှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #မော်စကို

Read More

ကိုရီးယားနှစ်နိုငံအကြား ရေပိုင်နက်ဖြတ်ကျော်မှုကြောင့် အပြန်အလှန် သတိပေး ပစ်ခတ်မှုဖြစ်ပွား

ဆိုးလ်၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ကိုရီးယားနှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်ကို အောက်တိုဘာ ၂၄ ရက်မှာ ဖြတ်ကျော်၀င်ရောက်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို သတိပေးပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒေသစံတော်ချိန် ၃ နာရီ ၄၂ မိနစ်မှာ ပင်လယ်ဝါရှိ တောင်ကိုရီးယားပိုင်ကျွန်းတကျွန်းရဲ့ အနောက်မြောက်ဘက် ၂၇ ကီလိုမီတာအကွာမှာ မြောက်ကိုရီးယား ကုန်သင်္ဘောတစင်းက ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်၀င်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားရဲ့ သတိပေးပစ်ခတ်မှုအပြီးမှာ မြောက်ကိုရီးယားကုန်သင်္ဘောဟာ အဲဒီနေရာနေ ထွက်ခွာသွားကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာ တောင်ကိုရီးယားရေတပ်သင်္ဘောတစ်စင်းကလည်း ရေပိုင်နက်ကိုဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားက နံနက် ၅ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်းခြားသတ်မှတ်ထားတဲ့ ရေကြောင်းနယ်နိမိတ်ကို…

Read More

၆၂ နှစ်မြောက် KIO နေ့အကြိုဖျော်ဖြေဲပွဲ လေယာဥ်နဲ့ဗုံးကျဲခံရပြီး လူ ၁၀ဝ နီးပါး သေဆုံးဖွယ်ရှိ

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်ပုံကျေးရွာအနီး KIA တပ်မဟာ ၉၊ အနန့်ပါ (A Nang Pa) တပ်စခန်းနေရာမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ဖျော်ဖြေရေးပွဲ ကျင်းပပြုလုပ်နေချိန် လေယာဥ်နဲ့ ဗုံးကျဲခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးကာ ၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖားကန့်မြို့ခံ ကချင်လူငယ်တွေဆီက သိရပါတယ်။ ” ၆၂ နှစ်မြောက် KIO နေ့က လာမယ့် ၂၅ ရက်မှာ ကျရောက်မှာဖြစ်တယ် ၊ ကျင်းပနေတာက အကြို ဖျော်ဖြေရေး စတိတ်ရှိုးပွဲဖြစ်တယ် ၊ ည ၈…

Read More

စျေးအတက်အကျ မှန်းဆရခက်နေတဲ့ ပြည်တွင်း ကားဈေးကွက်

အောက်တိုဘာ ၂၄ – ၂၀၂၂ SN (VOM) လက်ရှိ ပြည်တွင်းကားစျေးကွက်ဟာ ဒေါ်လာဈေးနှုန်း မငြိမ်တာကြောင့် ကားစျေး အတက်အကျ မှန်းဆရခက်နေပြီး အရောင်းအဝယ်လည်း အေးနေတဲ့ အနေအထားပါ။ အခုနှစ် ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းက ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကားဈေးကွက်ဟာ ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာသလို ဖြစ်​နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ သီလဝါစက်မှုဇုန်အတွင်းက တိုယိုတာ မော်တော်ကားကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထုတ်လုပ်ထားပြီးသား တိုယိုတာ ဟိုင်းလက်စ်ကားတွေကို စထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။ “အတက်ကြမ်းသွားတဲ့ အချိန်တုန်းကတော့ စီးပွားရေးသမားတွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ်ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ ကားဝယ်တာတို့ ဖြစ်ကြတာ။ အဲဒီတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့…

Read More
VOM News

FREE
VIEW