ကိုရီးယားနှစ်နိုငံအကြား ရေပိုင်နက်ဖြတ်ကျော်မှုကြောင့် အပြန်အလှန် သတိပေး ပစ်ခတ်မှုဖြစ်ပွား

ဆိုးလ်၊ အောက်တိုဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ကိုရီးယားနှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်ကို အောက်တိုဘာ ၂၄ ရက်မှာ ဖြတ်ကျော်၀င်ရောက်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို သတိပေးပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒေသစံတော်ချိန် ၃ နာရီ ၄၂ မိနစ်မှာ ပင်လယ်ဝါရှိ တောင်ကိုရီးယားပိုင်ကျွန်းတကျွန်းရဲ့ အနောက်မြောက်ဘက် ၂၇ ကီလိုမီတာအကွာမှာ မြောက်ကိုရီးယား ကုန်သင်္ဘောတစင်းက ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်၀င်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားရဲ့ သတိပေးပစ်ခတ်မှုအပြီးမှာ မြောက်ကိုရီးယားကုန်သင်္ဘောဟာ အဲဒီနေရာနေ ထွက်ခွာသွားကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တချိန်တည်းမှာ တောင်ကိုရီးယားရေတပ်သင်္ဘောတစ်စင်းကလည်း ရေပိုင်နက်ကိုဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားက နံနက် ၅ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်းခြားသတ်မှတ်ထားတဲ့ ရေကြောင်းနယ်နိမိတ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

Ref: NHK
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW