တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အထောက်အထားမဲ့သူ ၃၀၀ ကျော် အဖမ်းခံရ

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၂
SP( VOM)

ရေလမ်း ၊ ကုန်လမ်းကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံသား ဘဂ်ါလီလူမျိုး သုံးရာကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးခံရတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက) အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ အောက်တိုဘာ ၁ လထဲမှာ အထောက်အထားမဲ့သူ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ် အရေအတွက် ၆ ကြိမ်ရှိတယ် ၊ ဖမ်းဆီးရမိသူ ၃၀၆ ယောက်​ဖြစ်တယ် ၊ အဲ့ဒီအထဲမှာ ကလေးသူငယ် ၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးပါဝင်နေပြီး ကျန်သူတွေကတော့ အသက်ပြည့် အရွယ်ရောက်ပြီး အမျိုးသားတွေဖြစ်တယ် ” လို့ နေပြည်တော် လဝက အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီခံရသူတွေဟာ ရခိုင်ကမ်းရိုးတန်းဒေသကနေ ရေလမ်း ၊ ကုန်လမ်း စတာတွေနဲ့ ရန်ကုန်မြို့ဘက်ကို ဦးတည်ထွက်လာရင်း ဆိပ်ကမ်းနေရာတွေနဲ့ ၊ ကုန်းလမ်း စစ်ဆေးရေးဂိတ်နေရာတွေမှာ အဖမ်းခံရတာလို့ သိရပါတယ်။

” ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီရမိဖြစ်စဥ်တွေဟာ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းဘက်တွေမှာ ဖြစ်တယ် ၊ အဲ့ဒီအထဲက အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိတာ ရန်ကုန်မှာဖြစ်တယ် ၊ တကြိမ်တည်း ဖမ်းမိတာ ၁၁၇ ယောက်ဖြစ်တယ် ” လို့ တာဝန်ရှိသူ တ​ယောက်က ပြောပါတယ်။

ဒါ့အပြင် အခုနှစ် ဇ​န်နဝါရီလကနေ အောက်တိုဘာ လအထိ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင် ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၂၅ ခုမှာ ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့သူ အရေအတွက်ဟာ ၁၄၀၀ ကျော်အထိ ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မြဝတီမြို့ဘက်ကိုသွားမယ့် ကား ၅ စီးပေါ်ကနေ အထောက်အထားမဲ့ အမျိုးသား ၇၈ ယောက် နဲ့ အမျိုးသမီး ၂၃ ယောက် ၊ အားလုံး ၁၀၁ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW