တောင်ဆူဒန်ပြည်သူ သုံးပုံနှစ်ပုံ အငတ်ဘေးဆိုက်ဖွယ်ရှိကြောင်း ကုလသတိပေး

ဂျူဘား ၊ နို၀င်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

တောင်ဆူဒန်လူဦးရေရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ပြည်သူ ၇ ဒသမ ၇ သန်းဟာ လာမယ့်နှစ် ဧပြီလနဲ့ ဇူလိုင်လအကြားမှာ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုသလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက နို၀င်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။

တောင်ဆူဒန်မှာ အစာရေစာမလုံလောက်မှုနဲ့ အာဟာရချို့တဲ့မှု ကြုံတွေ့နေရသူအရေအတွက်ဟာ ယခင်ကထက် အမြင့်အဆုံးအခြေအနေထိ ဖြစ်ပေါ်နေကြောင်း ယူနီဆက်ဖ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ မတည်မငြိမ်ဖြစ်ခြင်းနဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေတဲ့ အစီအမံများချဲ့ထွင်ခြင်းမပြုပါက ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ် ကြုံတွေ့နိုင်ခြေမြင့်မားကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးထားပါတယ်။

နိုင်ငံတွင်းမှာ ရာသီဥတုအခြေအနေကလည်း ဆိုးရွားနေပြိး ပြင်းထန်တဲ့ ရာသီဥတုကြောင့် လယ်သမားတွေဟာ စိုက်ပျိုးထုတ်လုပ်ရေး မျှော်လင့်ချက်ဆုံးရှုံးနေကြောင်း တောင်ဆူဒန်ရှိကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ စားနပ်ရိက္ခာနဲ့ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းက တောင်ဆူဒန်မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုအကျပ်အတည်းကို တွန်းအားပေးနေကြောင်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဂျူဘား

Related posts

Leave a Comment

VOM News

FREE
VIEW