ဘရပ်ဆဲလ်၊ နို၀င်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)
အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ထပ်မံအရေးယူမှုအဖြစ် နစက အပါအ၀င် မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို နို၀င်ဘာ ၈ ရက်မှာ အရေးယူပိတ်ဆို့မှုတွေ ကြေညာလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က စတင်ခဲ့တဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တာ၀န်ရှိသူတွေအပေါ် အခုလိုအရေးယူပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်တာလို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရပ်သားဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာအာဏာပိုင်တွေအပေါ် အီးယူရဲ့ အရေးယူပိတ်ဆို့မှုဟာ ယခုတကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။
အရေးယူပိတ်ဆို့ခံရသူတွေထဲမှာ နစကအဖွဲ့၀င် ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ၊ ဦးနိုင်ထွဋ်အောင်နဲ့ လက်နက်ပွဲစား ဦးအောင်မျိုးမြင့်တို့ပါ၀င်နေပါတယ်။
အီးယူအပြင် အမေရိကန်ကလည်း မြန်မာအာဏာပိုင်တွေအပေါ် အရေးယူပိတ်ဆို့တွေ ထပ်မံချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက နို၀င်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်နှစ်အတွင်း လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့ကြောင်း အေအေပီပီက ထုတ်ပြန်ထားပြီး လူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ယူနီဆကဖ်က ထုတ်ပြန်ထားပါတယ်။
Ref: TRT
Photo:AFP
#voiceofmyanmar #VOM #ဘရပ်ဆဲလ်