တောင်ဒဂုံက ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမား ၁ထောင်ကျော် လုပ်ခလစာကိစ္စနဲ့ ဆန္ဒပြခဲ့

နိုဝင်ဘာ ၉-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၄၁ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းမပေါ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမားများ တစ်နေ့တာလုပ်ခ ရှစ်ထောင်ကျပ်ရရှိဖို့ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်အချို့ ပြေလည်မှုရရှိသွားတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ ကုန်စျေးနှုန်းကြီးမြှင့်လာမှုကြောင့် တစ်နေ့တာလုပ်ခ ၄၈၀၀ ကျပ်မှာ လောက်ငမှုမရှိလို့ တစ်နေ့တာလုပ်အားခ ၈၀၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့အပါအဝင် အခြားအလုပ်သမားအခွင့်အရေးများပါ တောင်းဆိုခဲ့တာဖြစ်တယ်လို့ အလုပ်သမားတဦးက VOM ကိုပြောပါတယ်။ “၄၈၀၀ က အခုကုန်စျေးနှုန်းနဲ့ ဘယ်လိုမှ မကိုက်ဘူး၊ အဲ့ဒါကြောင့် ၈၀၀၀ ကျပ်ကို ပြောင်းပြီး ပေးဖို့တောင်းဆိုတာ၊ ရက်မှန်ကြေး ၁၅၀၀၀ ကို ၂၀၀၀၀ အထိတိုးပေးဖို့ရယ် ကျွမ်းကျင်ကြေးကိစ္စရော အချက်ငါးချက်တောင်းဆိုတာပါ”လို့ ပြောပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေဟာ တစ်နေ့တာလုပ်အားခ ၈၀၀၀ ကျပ်ရရှိဖို့၊ယခင်ပေးခဲ့တဲ့ ဆုကြေးများပြန်ပေးဖို့ ၊ရက်မှန်ကြေးကို ၁၅၀၀၀…

Read More

ပုသိမ်က Chai Moon Sport အထည်ချုပ်စက်ရုံ ပိတ်လိုက်တာကြောင့် အလုပ်သမား ၇၅၀ ကျော် အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲတွေရှိနေ

နိုဝင်ဘာ၊ ၉ -၂၀၂၂ မင်းမြတ်(VOM) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည် ချုပ် စက်ရုံပိတ်သိမ်းလိုက်တာကြောင့် ရုတ်တရက် အလုပ်သမား ၇၅၀ ကျော်အလုပ် လက်မဲ့ဖြစ်သွားတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေဆီကနေ သိရပါတယ်။ Chai Moon Sport အထည်ချုပ်စက်ရုံဟာ တရက်နဲ့ တရက် အော်ဒါအထည် မှာယူတာ မရှိတော့တာကြောင့်ဆိုကာ အခုလ ၂ ရက်ကစတင်ကာ ၂ လအထိ ပိတ်လိုက်တာဖြစ်ပြီး အဲ့ဒီ့အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အထည်ချုပ် အလုပ်သမားဦးရေ ၇၅၀ ကျော်ဟာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားရတာကြောင့် အခက်အခဲတွေဖြစ်ပွားလာတာလို့ သိရပါတယ်။ ”စက်ရုံ ပိတ်လိုက်တာဟုတ်တယ် ၊ အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်တာတဲ့ ၊ နှစ်လပိတ်မယ်လို့တော့ ပြောတာပဲ ၊ မသေချာဘူး…

Read More

ကနေဒါသွားမယ့် မြန်မာအလံတင် သင်္ဘောပေါ်က လူ ၃၀၀ ကျော်ကို စင်ကာပူကယ်တင်

စင်ကာပူ၊ နို၀င်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) ဗီယက်နမ်ကမ်းရိုးတန်းမှာ နို၀င်ဘာ ၇ ရက်နစ်မြုပ်လုဖြစ်နေတဲ့ မြန်မာအလံတင်သင်္ဘောတစင်းပေါ်ကနေ လူ ၃၀၅ ဦးကို စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကယ်တင်ခဲ့ပါတယ်။ သစ်သားသင်္ဘောတစ်စင်းဟာ စင်ကာပူရဲ့ ရှာဖွေကယ်ဆယ်ရေး နယ်နိမိတ်အတွင်းမှာ နစ်မြုပ်လုနီးဖြစ်နေကြောင်း သတင်းပေးချက်ကို ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးညှိနှိုင်းစင်တာဟာ နို၀င်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက် တာ၀န်ရှိသူတွေဟာ သင်္ဘောကို ချက်ချင်းဆက်သွယ်ကာ ဒုက္ခရောက်နေတာကို အတည်ပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ သင်္ဘောဟာ မြန်မာအလံတင် Lady-3 သင်္ဘောဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဗီယက်နမ်တောင်ပိုင်းပိုင်းကမ်းရိုးတန်းရှိ Vung Tau ကနေ ရေမိုင်၂၅၀ ခန့်အကွာမှာ နစ်မြုပ်လုဖြစ်နေတာဖြစ်ပြီး သင်္ဘောဟာ ကနေဒါကိုဦးတည်သွားရောက်မှာလို့ ဗီယက်နမ်ရေကြောင်းရှာဖွေကယ်ဆယ်ရေး ညှိနှိုင်းစင်တာကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားပါတယ်။…

Read More

နစက နဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို အီးယူက အရေးယူပိတ်ဆို့ကြောင်း ကြေညာ

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ထပ်မံအရေးယူမှုအဖြစ် နစက အပါအ၀င် မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို နို၀င်ဘာ ၈ ရက်မှာ အရေးယူပိတ်ဆို့မှုတွေ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က စတင်ခဲ့တဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တာ၀န်ရှိသူတွေအပေါ် အခုလိုအရေးယူပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်တာလို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရပ်သားဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာအာဏာပိုင်တွေအပေါ် အီးယူရဲ့ အရေးယူပိတ်ဆို့မှုဟာ ယခုတကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။ အရေးယူပိတ်ဆို့ခံရသူတွေထဲမှာ နစကအဖွဲ့၀င် ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ၊ ဦးနိုင်ထွဋ်အောင်နဲ့ လက်နက်ပွဲစား ဦးအောင်မျိုးမြင့်တို့ပါ၀င်နေပါတယ်။ အီးယူအပြင် အမေရိကန်ကလည်း မြန်မာအာဏာပိုင်တွေအပေါ် အရေးယူပိတ်ဆို့တွေ ထပ်မံချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက နို၀င်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ…

Read More

မြဝတီ – ကော့ကရိတ် ကားလမ်းမှာ အံစာတုံးကား တိမ်းမှောက်ပြီး ကားပေါ်ပါ လူ ၇ဦး သေဆုံး

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂ SP (VOM) ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှကုန်သွယ်ရေးကားလမ်း တောနော် ရေတံခွန်နားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ခရီးသည်တင်ယာဥ်ငယ်တစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ လူ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ ၄၀ ဝန်းကျင်က ၊ တောနော် ရေတံခွန်နားမှာ ဖြစ်တာပါ ၊ မြဝတီမြို့ကနေ ကော့ကရိတ်မြို့ဘက်ကို ဆင်းလာတဲ့ အံစာတုံး အမျိုးအစား ခရီးသည်ယာဥ်က လမ်းတားတုံးကို ဝင်တိုက်မိပြီး ၊ လမ်းဘေးအုတ်ခုံကိုတိုက်မိကာ ၊ ပက်လက်လန် မှောက်သွားတယ် ၊ ကားပေါ်ပါတဲ့ လူ ၇ ယောက်စလုံး သေတယ်”လို့ ပုလဲဖြူ လူမှုကူညီရေး အဖွဲ့ဝင်…

Read More

ကျောက်တော်က လက်နက်ကြီးမှန်တဲ့ အမျိုးသမီးနှစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေ

နိုဝင်ဘာ ၉- ၂၀၂၂ SW(VOM) ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ရွာက လက်နက်ကြီးကျည်မှန်ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးနှစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့က ကုလားတန်မြစ်ကြောင်းတလျှောက် မြစ်အရှေ့ဘက်ကမ်း ရွှေပြည်သစ်ရွာ၊ ကုလားတန်မြစ်အနောက်ဘက် လက်ဆောင်ကောက်ရွာ၊ အုန်းပတီးနဲ့ ပိန္နဲချောင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်ရှိ စစ်တွေဆေးရုံကို ရောက်နေတဲ့ အမျိုးသမီးနှစ်ဦးဟာ အသက် ၂၁ နှစ်အရွယ် မနွယ်နွယ်နဲ့ ဒေါ်မလေးခိုင် ၃၈ နှစ်ဖြစ်တို့ ဖြစ်ကြပြီး ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ သူတို့နှစ်ဦးလုံးဟာ နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၅ ဦး ထိမှန်ကာ အသက် ၈ နှစ်အရွယ်ကလေး တဦးနဲ့ အသက် ၈၀ အရွယ်…

Read More

ပုသိမ်မြို့က ရေယာဉ်လုပ်ငန်းတွေ ရပ်နားလာရတာကြောင့် ဆက်စပ်လုပ်ငန်း လုပ်သူတွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၉-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို အခြေပြုပြေးဆွဲနေတဲ့ ရေယာဉ်တွေ အခေါက်ရေလျှော့ချပြေးဆွဲတာနဲ့ ရပ်နားလာရတာတွေကြောင့် ရေယာဉ်နဲ့ ဆက်စပ်တဲ့ နယ်ပယ်က လူတွေ အခက်အခဲဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ ဧရာဝတိုင်း ၊ ပုသိမ်မြို့ကို အခြေပြုကာ ဟိုင်ကြီးကျွန်း ၊ မော်ကျွန်း ၊ ငပုတော ၊ လပွတ္တာ ၊ ငရုတ်ကောင် ၊ ပြင်စလူ ၊ ကျုံမငေး ၊ ကျုံပျော် ၊ ဘိုကလေး ၊ ဒလ ၊ ရန်ကုန် ၊ ချောင်းသာ ၊ မြောင်းမြ ၊ ဖျာပုံ စတဲ့မြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ရေယာဉ်တွေရှိပါတယ်။ အဲ့ဒီမြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ် တွေဟာ အကျိုးအမြတ်ထက် ကုန်ကျစရိတ်က အရမ်းများနေတာကြောင့် အခေါက်ရေလျှော့ချပြေးဆွဲတာ ၊ လုံးဝ…

Read More

ကန်ဘလူမြို့နယ် မြောက်ပိုင်းက ရွာသား ၁၄ ယောက် ပျောက်ဆုံးမှု အသတ်ခံရတာဖြစ်နိုင်

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၊ ကိုးတောင်ဘို့ တိုက်နယ် ၊ လျှော်ဖြူကျေးရွာနဲ့ ဇီးကနားကျေးရွာက ဒေသခံ ရွာသား ၁၄ ယောက်ဟာ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ပျောက်ဆုံးသွားပြီးနောက် ဒီကနေ့အထိ ဆက်သွယ်စုံစမ်းမရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ပျောက်ဆုံးနေတဲ့ ဒေသခံရွာသား ၁၄ ယောက်နဲ့ ပတ်သက်လို့ လျှော်ဖြူရွာခံ တယောက်က ” ဆားတောင်ကြီး တောတိုက်ဘက်မှာ ယာယီတိုက်ပွဲရှောင်နေတာတွေရှိတယ် ၊ အဲ့ဒီဘက်ကို စစ်ကြောင်းရောက်လာပြီးနောက်ပိုင်း ဒေသခံ ရွာသား ၁၈ အဖမ်းခံရတယ်လို့ သိရတယ် ၊ အဲ့ဒီနေ့က နိုဝင်ဘာ ၃ ရက်နေ့ဖြစ်တယ် ၊ အဲ့ဒီနေ့ ညနေပိုင်းက ဇီးကနားရွာသား ၂ ယောက်ပြန်လွတ်လာတယ် ၊…

Read More
VOM News

FREE
VIEW