မြဝတီ – ကော့ကရိတ် ကားလမ်းမှာ အံစာတုံးကား တိမ်းမှောက်ပြီး ကားပေါ်ပါ လူ ၇ဦး သေဆုံး

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂
SP (VOM)

ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှကုန်သွယ်ရေးကားလမ်း တောနော် ရေတံခွန်နားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ခရီးသည်တင်ယာဥ်ငယ်တစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ လူ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီ ၄၀ ဝန်းကျင်က ၊ တောနော် ရေတံခွန်နားမှာ ဖြစ်တာပါ ၊ မြဝတီမြို့ကနေ ကော့ကရိတ်မြို့ဘက်ကို ဆင်းလာတဲ့ အံစာတုံး အမျိုးအစား ခရီးသည်ယာဥ်က လမ်းတားတုံးကို ဝင်တိုက်မိပြီး ၊ လမ်းဘေးအုတ်ခုံကိုတိုက်မိကာ ၊ ပက်လက်လန် မှောက်သွားတယ် ၊ ကားပေါ်ပါတဲ့ လူ ၇ ယောက်စလုံး သေတယ်”လို့ ပုလဲဖြူ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံးရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းကလည်း ကရင်ပြည်နယ် ၊ ကော့ကရိတ်- မြဝတီ အာရှကုန်သွယ်ရေး လမ်းမကြီးမှာ အံစာတုံး ခရီးသည်တင် ကား ၂ စီးတိုက်မိပြီး ယာဥ်ပေါ်ပါခရီးသည် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးပေါင်း ၇ ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျန် ခရီးသည် ၁၄ ဦးမှာ ကိုယ်စီ ထိခိုက်ဒဏ်ရာရတာဖြစ်ပွားခဲ့တယ် လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

အဲ့ဒိအပြင် အောက်တိုဘာ ၅ရက်ကလည်း အဲ့ဒီ ကုန်သွယ်ရေး အာရှလမ်းမကြီးပေါ်မှာ ဇာတ်သဘင်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး အနုပညာရှင်တွေ သေဆုံး ဒဏ်ရာရတာဖြစ်ပွားခဲ့ပါသေးတယ်။

Photo-ပုလဲဖြူ လူမှုကူညီရေးအသင်း(ကော့ကရိတ်)
#voiceofmyanmar #VOM #အာရှလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW