ကနေဒါသွားမယ့် မြန်မာအလံတင် သင်္ဘောပေါ်က လူ ၃၀၀ ကျော်ကို စင်ကာပူကယ်တင်

စင်ကာပူ၊ နို၀င်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)

ဗီယက်နမ်ကမ်းရိုးတန်းမှာ နို၀င်ဘာ ၇ ရက်နစ်မြုပ်လုဖြစ်နေတဲ့ မြန်မာအလံတင်သင်္ဘောတစင်းပေါ်ကနေ လူ ၃၀၅ ဦးကို စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကယ်တင်ခဲ့ပါတယ်။

သစ်သားသင်္ဘောတစ်စင်းဟာ စင်ကာပူရဲ့ ရှာဖွေကယ်ဆယ်ရေး နယ်နိမိတ်အတွင်းမှာ နစ်မြုပ်လုနီးဖြစ်နေကြောင်း သတင်းပေးချက်ကို ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးညှိနှိုင်းစင်တာဟာ နို၀င်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီနောက် တာ၀န်ရှိသူတွေဟာ သင်္ဘောကို ချက်ချင်းဆက်သွယ်ကာ ဒုက္ခရောက်နေတာကို အတည်ပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ သင်္ဘောဟာ မြန်မာအလံတင် Lady-3 သင်္ဘောဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဗီယက်နမ်တောင်ပိုင်းပိုင်းကမ်းရိုးတန်းရှိ Vung Tau ကနေ ရေမိုင်၂၅၀ ခန့်အကွာမှာ နစ်မြုပ်လုဖြစ်နေတာဖြစ်ပြီး သင်္ဘောဟာ ကနေဒါကိုဦးတည်သွားရောက်မှာလို့ ဗီယက်နမ်ရေကြောင်းရှာဖွေကယ်ဆယ်ရေး ညှိနှိုင်းစင်တာကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားပါတယ်။

သင်္ဘောပေါ်မှာ ကလေးအယောက် ၂၀ အပါအ၀င် လူ ၃၀၅ ဦးပါ၀င်ပြီး သင်္ဘောအင်ဂျင်ခန်းထဲကို နို၀င်ဘာ ၅ ရက်ကတည်းက ရေ၀င်မှုတွေဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလူတွေဟာ ဗီယက်နမ်ရှိ Vung Tau ကို ဘေးကင်းလုံခြုံစွာရောက်ရှိနေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: The Straits Times
Photo: AFP
voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW