ထိုင်းမှာ လျှပ်စစ်ကားတွေ စတင်ရောင်းချတော့မယ်လို့ တိုယိုတာ ကြေညာ

ဘန်ကောက်၊ နို၀င်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်အခြေစိုက် တိုယိုတာကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ်တမျိုးကို စတင်ရောင်းချမယ်လို့ နို၀င်ဘာ ၉ရက်မှာ ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှုနဲ့ အသုံးပြုမှုကို ထိုင်းအစိုးရကလည်း တွန်းအားပေးနေပြီး တိုယိုတာက ရောင်းချမယ့် လျှပ်စစ်ကားဟာ ဘတ် ၁ ဒသမ ၈ သန်း သို့မဟုတ် ဒေါ်လာငါးသောင်း၀န်းကျင် ကျသင့်မည်ဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများမကြာခဏ ရေကြီးလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ တိုယာတာရဲ့ လျှပ်စစ်ကားတွေ သင့်တော်ကြောင်း အနက် ၃၀ စင်တီမီတာရှိတဲ့ ရေထဲမှာဖြတ်ပြီး လျှပ်စစ်ကားကို မောင်းနှင်သရုပ်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ တိုယိုတာအတွက် အဓိကပြည်ပစျေးကွက်ဖြစ်ပြီး စျေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားကာ ထိုင်းမှာ လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖို့ တိုယိုတာက စဉ်းစားနေပါတယ်။

ဒါပေမယ့် လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ ထိပ်တန်းတရုတ်ကုမ္ပဏီ BYD နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး BYD ဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားစက်ရုံဖွင့်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW