ရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်အဖြစ် ပြောင်းလဲ ဈေးဖွင့်ထား

နိုဝင်ဘာ ၁၀ – ၂၀၂၂ SN (VOM) ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ရန်ကုန်တိုင်း ရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်ကို ပြောင်းလဲ ဈေးဖွင့်ထားပြီး အရင်ထက် ကျပ် ၅ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။ ရည်ညွှန်းဈေးကို မနေ့ နိုဝင်ဘာ ၉ ရက်နေ့က စတင်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ရွှေဈေးနဲ့ ‌ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ဒေါ်လာဈေးအပေါ် ‌အခြေခံပြီး တွက်ချက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုက ကမ္ဘာ့ရွှေဈေးတက်လို့ တက်သွားတာပါ။ ကမ္ဘာ့ရွှေဈေးကလည်း ဒီ့ထက်တော့ အများကြီးတက်ဖို့ မရှိတော့ပါဘူး။ တက်လည်းနည်းနည်းပဲ၊ ကျလည်း နည်းနည်းပါပဲ။ များသောအားဖြင့်ကတော့ အကျဘက်ကို တအိအိသွားနေတဲ့ အနေအထားပေါ့။ ဒီဇင်ဘာလလောက်ဆိုရင်လည်း ပြည်တွင်းကတွင်းတွေမှာ ရွှေတူးလို့ရသွားပြီလေ။ အဲ့ဒီ့အခါကျရင်တော့ ရွှေက ပေါပေါများများ ပြန်ဖြစ်သွားပြီ။ ဈေးလည်းကျလာဦးမှာပါ” လို့ ရွှေအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ်အတိုးနှုန်း…

Read More

စစ်တွေမှာ ပြန်ပေးဆွဲ‌ ငွေတောင်းပြီး လူသတ်မှုဖြစ်ပွား

နိုဝင်ဘာ ၁၀- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အမည်မသိအဖွဲ့တဖွဲ့က ပြန်ပေးဆွဲကာ ငွေတောင်းပြီး လူသတ်မှုတခုဖြစ်ပွားကြောင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၁၀ ရဲ့နေ့မှာ ပျောက်ဆုံးနေသူရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ပြန်ပေးဆွဲဖမ်းဆီးခံရသူဟာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်က အသက် (၃၀) ကျော်အရွယ် ဦးဇော်သူရထွန်း ဖြစ်ပြီး ပျောက်ဆုံးနေတာ ၃ ရက်လောက်ရှိပြီဖြစ်ကြောင်းနဲ့ မနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အမည်မသိအဖွဲ့တခုက သူ့ကို သိန်း ၅၀ နဲ့ ရွေးဖို့ ဖုန်းဆက်လာတယ်လို့ မိသားစုက ပြောပါတယ်။ “သိန်းငါးဆယ်ပေးရင် အရှင်ရမယ်။ သိန်းငါးဆယ်မပေးရင် အလောင်းကိုပဲ ရမယ်လို့ ပြောပါတယ်။ ပြန်ပေးဆွဲသူတွေက ဒီနေ့မနက် ၁၀ နာရီလောက်မှာ ဖုန်းဆက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဖုန်းမဆက်လာဘဲ အလောင်းကိုပဲ ရပါတယ်”လို့ မိသားစုဝင်တဦးက ပြောပါတယ်။…

Read More

မန္တလေးတိုင်း သယံဇာတဝန်ကြီး ဦးမျိုးသစ် အိုးဘိုထောင်ကနေ ပြန်လွတ်လာ

နိုဝင်ဘာ ၁၀-၂၀၂၂ Voice Of Myanmar မန္တလေးတိုင်း သယံဇာတဝန်ကြီးဟောင်း ဦးမျိုးသစ်ဟာ ဒီကနေ့မှာပဲ မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ထောင်အသိုင်းဝိုင်းနဲ့နီးစပ်သူကတော့ ” လွတ်တာမှန်ပါတယ်”လို့ ပြောပါတယ်။ ဦးမျိုးသစ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖမ်းဆီးရုံးထုတ် စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၂ ဇန်နဝါရီ ၁၃ရက်မှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ပုံစာ – စတင်ဖမ်းဆီးခံရစဥ်က တရားရုံးထုတ်မြင်ကွင်း(ပုံဟောင်း) #VOM #voiceofmyanmar #ဦးမျိုးသစ် #ပြန်လွတ်လာ

Read More

ထိုင်းမှာ လျှပ်စစ်ကားတွေ စတင်ရောင်းချတော့မယ်လို့ တိုယိုတာ ကြေညာ

ဘန်ကောက်၊ နို၀င်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန်အခြေစိုက် တိုယိုတာကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ်တမျိုးကို စတင်ရောင်းချမယ်လို့ နို၀င်ဘာ ၉ရက်မှာ ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှုနဲ့ အသုံးပြုမှုကို ထိုင်းအစိုးရကလည်း တွန်းအားပေးနေပြီး တိုယိုတာက ရောင်းချမယ့် လျှပ်စစ်ကားဟာ ဘတ် ၁ ဒသမ ၈ သန်း သို့မဟုတ် ဒေါ်လာငါးသောင်း၀န်းကျင် ကျသင့်မည်ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများမကြာခဏ ရေကြီးလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ တိုယာတာရဲ့ လျှပ်စစ်ကားတွေ သင့်တော်ကြောင်း အနက် ၃၀ စင်တီမီတာရှိတဲ့ ရေထဲမှာဖြတ်ပြီး လျှပ်စစ်ကားကို မောင်းနှင်သရုပ်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ တိုယိုတာအတွက် အဓိကပြည်ပစျေးကွက်ဖြစ်ပြီး စျေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားကာ ထိုင်းမှာ လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖို့ တိုယိုတာက စဉ်းစားနေပါတယ်။ ဒါပေမယ့် လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ ထိပ်တန်းတရုတ်ကုမ္ပဏီ BYD နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး BYD ဟာ…

Read More

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ခါဆွန်က ရုရှားတပ်တွေ ဆုတ်ခွာရတော့မယ်

ကိဗ်ယက်၊ နို၀င်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ဖေဖော်ဝါရီလအတွင်းက ကျူးကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့တဲ့ ဒေသတွင်းမြို့တော် ခါဆွန်ကနေ ရုရှားတပ်တွေ ဆုတ်ခွာဖို့ ရုရှားစစ်တပ်က နို၀င်ဘာ ၉ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီမြို့ကို ဆက်လက်တပ်စွဲထားဖို့ မဖြစ်နိုင်တော့ကြောင်း ယူကရိန်းစစ်မြေပြင်က ရုရှားဗိုလ်ချုပ်ကြီး ဆာဂေးဆိူရိုဗစ်ကင်က ပြောပါတယ်။ ဒါဟာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်နဲ့ ရုရှားအတွက် သိသာထင်ရှားတဲ့ ထိုးနှက်ချက်လည်းဖြစ်ပါတယ်။ အခုလိုအမိန့်ထုတ်လိုက်တာဟာ ယူကရိန်းနိုင်ငံ ဒီနီပရိုမြစ် အနောက်ဘက်ကမ်းကနေ ရုရှားတပ်တွေ လုံးလုံးလျားလျား ဆုတ်ခွာမယ့် သဘောဖြစ်ပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးရွေးချယ်မှုကတော့ ဒီနီပရိုမြစ်တလျှောက် ကာကွယ်ရေးမျဉ်းကို စုစည်းထားဖို့ဖြစ်တယ်လို့ ရုရှားဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ သိမ်းပိုက်ထားတဲ့ ခါဆွန်မြို့ရဲ့အခြေအနေတွေကို သတင်းပို့တင်ပြချက်နဲ့အတူ တပ်တွေရုပ်သ်ိမ်းဖို့ကိစ္စကို ရုရှားနိုင်ငံပိုင်း ရုပ်မြင်သံကြားကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ ခါဆွန်နဲ့ အခြားသိမ်းပိုက်ထားတဲ့ ဒေသသုံးခုကို ရုရှားက သိမ်းယူလိုက်ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာလကုန်ပိုင်းမှာကြေညာခဲ့ပါတယ်။ လက်ရှိချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့…

Read More

Facebook ရဲ့ မိခင်ကုမ္ပဏီက ၀န်ထမ်းအင်အား တစ်သောင်းကျော် အလုပ်ဖြုတ်တော့မယ်

ဝါရှင်တန်၊ နို၀င်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်သော အမေရိကန်နည်းပညာကုမ္ပဏီကြီး Meta ဟာ ကုမ္ပဏီရဲ့ ကမ္ဘာတ၀န်းက အလုပ်အကိုင်နေရာ တစ်သောင်းကျော် သို့မဟုတ် ၀န်ထမ်းအင်အား ၁၃ ရာခိုင်နှုန်းလျှော့ချတော့မည်ဖြစ်သည်။ အခုလို ၀န်ထမ်းအင်အား လျှော့ချရတာဟာ ပြိုင်ဆိုင်မှုတွေမြင့်တက်လာတာနဲ့ ကြော်ငြာကနေ ၀င်ငွေရရှိမှု ကျဆင်းလာတာကြောင့်လို့ ကုမ္ပဏီစီအီးအို ဇူကာဘက်က နို၀င်ဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ဒါ့အပြင် လာမယ့်နှစ်မတ်လထိ ကုမ္ပဏီအတွက် အလုပ်အကိုင်သစ်ခန့်ထားမှုတွေကို ရပ်ဆိုင်းထားမယ်လို့ သူကဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို မြှင့်တင်ခဲ့ပေမယ့်လည်း မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘဲ ၀င်ငွေကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလုပ်ထုတ်ခံရတဲ့ ၀န်ထမ်းတွေကို ကုမ္ပဏီက နစ်နာကြေးပေးသွားမှာဖြစ်ပြီး နောက်ဆက်တွဲအကျိုးခံစားခွင့်အဖြစ် ကျန်းမာရေးအာမခံ ခြောက်လပေးအပ်သွားမှာဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ချဖို့အတွက် လွန်စွာခက်ခဲ့ပြီး သက်ရောက်မှုရှိသူတိုင်းကိုတောင်းပန်ကြောင်း ဇူကာဘက်က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတွေကြောင့် အမေဇုန်ကုမ္ပဏီဟာလည်း လာမယ့်လအနည်းငယ်အတွင်း အလုပ်ခန့်ထားမှုတွေကို…

Read More

ပခုက္ကူ မတုတ်မ လက်ဖက်ဆိုင်ရှင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

နိုဝင်ဘာ ၊ ၁၀ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းမှာရှိတဲ့ မတုတ်မလက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ ဆိုင်ရှင်ဖြစ်သူကို ဒီကနေ့မနက် ၇ နာရီဝန်းကျင်က စျေးဝယ်ယောင်ဆောင်သူ ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” အောင်ဆင်မင်း ၊ မတုတ်မ လက်ဖက်ချဥ်စပ်နဲ့ ခုနှစ်ထွေကြော် အရောင်းဆိုင်ပိုင်ရှင် ဗိုလ်မှူး ကတော်ဖြစ်သူကို စျေးဝယ်လာတဲ့ လူ ၃ ဦးက သေနတ်နဲ့ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ ဖမ်းဆီးခံရသူက ဗိုလ်မှူး သူရိန်ထွန်းရဲ့ မိန်းမ မဟန်နွေဦးလို့ သိရတယ် ၊ အခုတော့ သူတို့ဆိုင်ဘက်မှာ လုံခြုံရေးအဖွဲ့တွေရောက်နေတာ ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့…

Read More

ရှားပါးလာတဲ့ အလုပ်အကိုင်နဲ့ များပြားလာတဲ့ ရွှေ့ပြောင်းလုပ်သားများ

နိုဝင်ဘာ ၁၀ – ၂၀၂၂ SN (VOM) ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးအခြေအနေ ယိုယွင်း ယိမ်းယိုင်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူလူထုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အကျိုးဆက်တွေကိုလည်း ထပ်မံခံစားခဲ့ကြရတာကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနဲ့ အလွန်အမင်းကြုံတွေ့နေကြရပါတယ်။ အကျိုးဆက်တွေအနေနဲ့ နယ်မြေ မတည်ငြိမ်မှု၊ စစ်မက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရမှု၊ မိမိတို့နေထိုင်ရာရပ်ရွာမှာ တရားဥပဒေစိုးမိုးမှု မရှိမှု စတာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ရင်ဆိုင်လာကြရပါတယ်။ အဲ့ဒီ့ အခြေအနေတွေအပေါ် ထပ်လောင်းပြီး ပြည်သူတွေအနေနဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာမူဝါဒ မတည်ငြိမ်မှုတွေကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါတင်မကသေးဘဲ ပို့ကုန်၊သွင်းကုန်နဲ့ ကုန်သွယ်ရေးဆိုင်ရာမူဝါဒ အပြောင်းအလဲတွေအပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ဆက်စပ်လို့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အထွေထွေကုန်ဈေးနှုန်းတွေနဲ့ မိမိတို့ နေ့စဉ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်း အဆမတန်…

Read More

မြနန္ဒာ ရေညိုသန်းတယ်…

ဆူးငှက် ““နန္ဒာရေဝန်းရံခ၊ ပတ်လည်မှာ . . .ရွှေမန်းတောင်တော်သာ အို . . . ဆန်းပါလှ၊ မြို့နန်းဝတိံသာ””တဲ့။ မဟာဂီတလာ “မန်းတောင်လကျ်ာ” ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏။ ““နန္ဒာရေဝန်းရံခ”” တဲ့။ ဟုတ်သည်။ ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိသည်။ အနောက်ဘက်မှာ တက်သေးအင်း။ အခုတော့ မန္တလေးကန်တော်ကြီးဟု သုံးစွဲခေါ်ဝေါ်နေသည်။ အရှေ့တောင်မှာက ဇောင်းကလောကန်ကြီး ရှိသည်။ အရှေ့ဘက်တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ် ကန်တော်။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်း မှသည် ဟိုးမြောက် မန္တလေးတောင် အရှေ့ဘက်အထိ ရှိမှာပေါ့။မြောက်ဘက်မှာက နန္ဒာကန် ရှိပါသည်။ အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင်…

Read More
VOM News

FREE
VIEW