Facebook ရဲ့ မိခင်ကုမ္ပဏီက ၀န်ထမ်းအင်အား တစ်သောင်းကျော် အလုပ်ဖြုတ်တော့မယ်

ဝါရှင်တန်၊ နို၀င်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်သော အမေရိကန်နည်းပညာကုမ္ပဏီကြီး Meta ဟာ ကုမ္ပဏီရဲ့ ကမ္ဘာတ၀န်းက အလုပ်အကိုင်နေရာ တစ်သောင်းကျော် သို့မဟုတ် ၀န်ထမ်းအင်အား ၁၃ ရာခိုင်နှုန်းလျှော့ချတော့မည်ဖြစ်သည်။

အခုလို ၀န်ထမ်းအင်အား လျှော့ချရတာဟာ ပြိုင်ဆိုင်မှုတွေမြင့်တက်လာတာနဲ့ ကြော်ငြာကနေ ၀င်ငွေရရှိမှု ကျဆင်းလာတာကြောင့်လို့ ကုမ္ပဏီစီအီးအို ဇူကာဘက်က နို၀င်ဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင် လာမယ့်နှစ်မတ်လထိ ကုမ္ပဏီအတွက် အလုပ်အကိုင်သစ်ခန့်ထားမှုတွေကို ရပ်ဆိုင်းထားမယ်လို့ သူကဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို မြှင့်တင်ခဲ့ပေမယ့်လည်း မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘဲ ၀င်ငွေကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်ထုတ်ခံရတဲ့ ၀န်ထမ်းတွေကို ကုမ္ပဏီက နစ်နာကြေးပေးသွားမှာဖြစ်ပြီး နောက်ဆက်တွဲအကျိုးခံစားခွင့်အဖြစ် ကျန်းမာရေးအာမခံ ခြောက်လပေးအပ်သွားမှာဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ချဖို့အတွက် လွန်စွာခက်ခဲ့ပြီး သက်ရောက်မှုရှိသူတိုင်းကိုတောင်းပန်ကြောင်း ဇူကာဘက်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတွေကြောင့် အမေဇုန်ကုမ္ပဏီဟာလည်း လာမယ့်လအနည်းငယ်အတွင်း အလုပ်ခန့်ထားမှုတွေကို ရပ်ဆိုင်းဖို့စီစဉ်နေပြီး တွစ်တာစီအီးအိုသစ် အီလွန်မာ့ခ်ကတော့ တွစ်တာ၀န်ထမ်း ထက်၀က်ကို အလုပ်ကနေ ထုတ်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW