မန္တလေးတိုင်း သယံဇာတဝန်ကြီး ဦးမျိုးသစ် အိုးဘိုထောင်ကနေ ပြန်လွတ်လာ

နိုဝင်ဘာ ၁၀-၂၀၂၂
Voice Of Myanmar

မန္တလေးတိုင်း သယံဇာတဝန်ကြီးဟောင်း ဦးမျိုးသစ်ဟာ ဒီကနေ့မှာပဲ မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ထောင်အသိုင်းဝိုင်းနဲ့နီးစပ်သူကတော့ ” လွတ်တာမှန်ပါတယ်”လို့ ပြောပါတယ်။

ဦးမျိုးသစ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖမ်းဆီးရုံးထုတ် စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၂ ဇန်နဝါရီ ၁၃ရက်မှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ပုံစာ – စတင်ဖမ်းဆီးခံရစဥ်က တရားရုံးထုတ်မြင်ကွင်း(ပုံဟောင်း)
#VOM #voiceofmyanmar #ဦးမျိုးသစ် #ပြန်လွတ်လာ

Related posts

Leave a Comment

VOM News

FREE
VIEW