ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ခါဆွန်က ရုရှားတပ်တွေ ဆုတ်ခွာရတော့မယ်

ကိဗ်ယက်၊ နို၀င်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ဖေဖော်ဝါရီလအတွင်းက ကျူးကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့တဲ့ ဒေသတွင်းမြို့တော် ခါဆွန်ကနေ ရုရှားတပ်တွေ ဆုတ်ခွာဖို့ ရုရှားစစ်တပ်က နို၀င်ဘာ ၉ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။

အဲဒီမြို့ကို ဆက်လက်တပ်စွဲထားဖို့ မဖြစ်နိုင်တော့ကြောင်း ယူကရိန်းစစ်မြေပြင်က ရုရှားဗိုလ်ချုပ်ကြီး ဆာဂေးဆိူရိုဗစ်ကင်က ပြောပါတယ်။

ဒါဟာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်နဲ့ ရုရှားအတွက် သိသာထင်ရှားတဲ့ ထိုးနှက်ချက်လည်းဖြစ်ပါတယ်။

အခုလိုအမိန့်ထုတ်လိုက်တာဟာ ယူကရိန်းနိုင်ငံ ဒီနီပရိုမြစ် အနောက်ဘက်ကမ်းကနေ ရုရှားတပ်တွေ လုံးလုံးလျားလျား ဆုတ်ခွာမယ့် သဘောဖြစ်ပါတယ်။

ဒီအခြေအနေမှာ အကောင်းဆုံးရွေးချယ်မှုကတော့ ဒီနီပရိုမြစ်တလျှောက် ကာကွယ်ရေးမျဉ်းကို စုစည်းထားဖို့ဖြစ်တယ်လို့ ရုရှားဗိုလ်ချုပ်ကြီးက ဆိုပါတယ်။

သိမ်းပိုက်ထားတဲ့ ခါဆွန်မြို့ရဲ့အခြေအနေတွေကို သတင်းပို့တင်ပြချက်နဲ့အတူ တပ်တွေရုပ်သ်ိမ်းဖို့ကိစ္စကို ရုရှားနိုင်ငံပိုင်း ရုပ်မြင်သံကြားကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

ခါဆွန်နဲ့ အခြားသိမ်းပိုက်ထားတဲ့ ဒေသသုံးခုကို ရုရှားက သိမ်းယူလိုက်ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာလကုန်ပိုင်းမှာကြေညာခဲ့ပါတယ်။

လက်ရှိချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သား တသိန်း၀န်းကျင်နဲ့ ယူကရိန်းစစ်သား တသိန်း၀န်းကျင်ထိ ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ခန့်မှန်းထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW