ရုရှားလုပ် ဒုံးကျည်တစင်း ပိုလန်နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ၊ နေတိုးနဲ့ ဂျီ-၇ ခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်ယူ

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ပိုလန်နိုင်ငံထဲကို ရုရှားလုပ်ဒုံးကျည်တစင်း ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝထောက်ခံကြောင်း နေတိုးနဲ့ ဂျီ-၇ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ အင်ဒိုနီးရှာမှာပြုလုပ်နေတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုလန်ကို အပြည့်အဝထောက်ခံကူညီမယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာ သင့်တော်တဲ့နောက်ထပ် အဆင့်တွေဆက်လက်လုပ်ဆောင်ဖို့ အနီးကပ်ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ရုရှားလုပ် ဒုံးကျည်တစင်းဟာ ပိုလန်နိုင်ငံထဲကို နို၀င်ဘာ ၁၅ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

ရုရှားကတော့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး တင်းမာမှုတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်တဲ့ ရန်စမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်ဆောင်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့သက်သေမရှိသေးဘူးလို့ ပိုလန်သမ္မတက ဆိုပါတယ်။ ရုရှားဟာ မြို့တော်ကိဗ်ယက်အပါအ၀င် ယူကရိန်းမြို့ကြီးတွေကို နို၀င်ဘာ ၁၅ ရက်မှာ ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW