ဖောင်းပြင်မြို့နယ်မှာ မိသားစုလိုက် အသတ်ခံရပြီး ၊ ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာအုပ်စု ၊ တောမကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁၅ ရက်က မိသားစုလိုက် လူ ၃ ဦး ပစ်သတ်ခံရပြီး နေအိမ်ထဲက အတွင်းပစ္စည်းဖြစ်တဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပျောက်ဆုံးနေတယ်လို့ ဖောင်းပြင်နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “တောမကျေးရွာမှာနေတဲ့ ဦးဝင်းနိုင် ၊ သူ့မိန်းမ ဒေါ်လဲ့လဲ့ဝင်း ၊ သူ့သမီး မသက်သက်မာ တို့ ၃ ဦးဟာ ၁၄ ရက် ည ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတာပါ ၊ အလောင်းတွေကိုတော့ မနေ့ နိုဝင်ဘာ ၁၅ ရက်က ကောက်ရတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က…

Read More

တရုတ်နဲ့အငြင်းပွားဖွယ်နယ်စပ်မှာ အမေရိကန်-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေ

ဒေလီ၊ နို၀င်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း အိန္ဒိယစစ်တပ်က နို၀င်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံနဲ့ အငြင်းပွားဖွယ် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဥတာရာခန်းပြည်နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး၊ တောင်ပေါ်ဒေသစစ်ရေးလှုပ်ရှားမှု၊ ဆိုးရွားတဲ့ မြေပြင်အနေအထားနဲ့ ရာသီဥတုအခြေအနေတို့မှာ တိုက်ခိုက်ရေးနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး လေ့ကျင့်မှုတွေ ပါ၀င်မှာဖြစ်ပါတယ်။ အိန္ဒိယနှဲ့ တရုတ်နိုင်ငံတို့အကြား နယ်နိမိတ်အငြင်းပွားမှုဟာ ကာလအတန်ကြာဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၀ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအတွင်း နှစ်နိုင်ငံမှတပ်ဖွဲ့၀င်တွေ ထိခိုက်ကျဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့တိုးပွားလာတဲ့ ရေကြောင်းဆိုင်ရာလှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် သူ့ရဲ့ရေတပ်စွမ်းရည်ကိုလည်း မြှင့်တင်ဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ နို၀င်ဘာ ၁၅ ရက်ကပြီးဆုံးခဲ့တဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတပ်တွေပါ၀င်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်လည်း ပါ၀င်လုပ်ဆောင်ခဲ့ပါတယ်။ Ref: NHK #voiceofmyanmar…

Read More

ဖမ်းဆီးမိထားတဲ့ အထောက်အထားမဲ့သူ ၃၅ဦးကို ထောင် ၅နှစ်ချပြီး အသက်မပြည့်သေးတဲ့ ၁၃ ဦးကို ထိန်းသိမ်းရေးစခန်းမှာ နေဖို့ အမိန့်ချ

နိုဝင်ဘာ၊ ၁၆-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် တရားရုံးက အထောက်အထားမဲ့ ဝင်လာသူ ၃၅ ယောက်ကို မနေ့ နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူ အထောက်အထားမဲ့ ၃၅ ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က အမာမြို့နယ်ခွဲ၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက်ပြီးမျောပါလာတဲ့အတွက် အဖမ်းခံခဲ့ရတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ ”မနေ့က ထောင်ဒဏ်ချမှတ်ခံရတာ ၊ ၃၅ ယောက်ကို ထောင်ဒဏ် ၅ နှစ်စီအမိန့်ချမှတ်ခဲ့တာ ၊ တရားရုံးက အဲ့ဒီလို ဆုံးဖြတ်တာပဲသိရတယ် ၊ ဖျာပုံထောင်ကို ပို့လိမ့်မယ်။”လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။ ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အထောက်အထားမဲ့သူ ၁၃ ယောက်ပါတာကြောင့် သူတို့ကိုလည်း…

Read More

ရုရှားလုပ် ဒုံးကျည်တစင်း ပိုလန်နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ၊ နေတိုးနဲ့ ဂျီ-၇ ခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်ယူ

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ပိုလန်နိုင်ငံထဲကို ရုရှားလုပ်ဒုံးကျည်တစင်း ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝထောက်ခံကြောင်း နေတိုးနဲ့ ဂျီ-၇ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ အင်ဒိုနီးရှာမှာပြုလုပ်နေတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုလန်ကို အပြည့်အဝထောက်ခံကူညီမယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာ သင့်တော်တဲ့နောက်ထပ် အဆင့်တွေဆက်လက်လုပ်ဆောင်ဖို့ အနီးကပ်ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ရုရှားလုပ် ဒုံးကျည်တစင်းဟာ ပိုလန်နိုင်ငံထဲကို နို၀င်ဘာ ၁၅ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ ရုရှားကတော့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး တင်းမာမှုတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်တဲ့ ရန်စမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်ဆောင်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့သက်သေမရှိသေးဘူးလို့ ပိုလန်သမ္မတက ဆိုပါတယ်။ ရုရှားဟာ မြို့တော်ကိဗ်ယက်အပါအ၀င် ယူကရိန်းမြို့ကြီးတွေကို နို၀င်ဘာ ၁၅ ရက်မှာ ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ Ref:…

Read More

မဏိပူရ် ပြည်နယ်အစိုးရအဖွဲ့က တမူး – မိုးရေး နယ်စပ်ဂိတ်ကို ၃ လ ပိတ်

နိုဝင်ဘာ ၊ ၁၆ -၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က တမူး – မိုးရေး နယ်စပ်ဖြတ်ကျော် ဂိတ်တွေကို ၃ လအထိ ပိတ်ထားမယ်လို့ နိုဝင်ဘာ ၁၃ ရက်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။ ” အမိန့်က ၁၃ ရက်နေ့က ထုတ်တယ် ၊ မနေ့ နိုဝင်ဘာ ၁၅ ရက်ကစလို့ နောက် ၃ လအထိ ပိတ်မယ် ၊ အကြောင်းပြချက်ကတော့ ၊ မဏိပူရ်ပြည်နယ်ထဲကို မြန်မာတွေ တရားမဝင် ဝင်ရောက်နေထိုင်တာကို ထိန်းချုပ်ဖို့လို့ ဖော်ပြထားတယ် ၊ တမူး – မိုးရေး နယ်စပ်မှာ အရောင်းအဝယ်တွေ မဖြစ်တာ လအတော်ကြာနေပြီ “လို့ မိုးရေး ကုန်သည် ဦးဂျမားက ပြောပါတယ်။ တမူး…

Read More

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဦးမယ်လို့ ဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ နို၀င်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ၂၀၂၄ ခုနှစ်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း နို၀င်ဘာ ၁၅ ရက်မှာ တရား၀င်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တဖန် ကြီးကျယ်ခမ်းနားစေဖို့အတွက် အမေရိကန်သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ယခုညမှာ ကြေညာလိုက်ကြောင်း ဖလော်ရီဒါရှိ မာအာလာဂိုစံအိမ်မှာ နို၀င်ဘာ ၁၅ ရက်ညက ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ ဒေါ်နယ်ထရန့်ကပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ နှစ်လည်ရွေးကောက်ပွဲမှာ ပါတီရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုအပေါ် ရီပတ်ဘလီကန်အချို့က သူ့ကိုအပြစ်တင်နေချိန်မှာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရေးကို ဒေါ်နယ်ထရန့်က ကြေညာလိုက်တာဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ဂျိုးဘိုင်ဒင်လက်ထက် လွန်ခဲ့တဲ့နှစ်နှစ်မှည နာကျင်မှု၊ ပင်ပန်းမှု ၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပျက်အားငယ်စရာအချိန်တွေဖြစ်ခဲ့ပြီး နိုင်ငံကို ကယ်တင်ရမှာဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို အနိုင်ယူခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒင်ကလည်း ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိကြောင်း အရိတ်အမြွတ်ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ပျုစောထီးခေါင်းဆောင် ပစ်ခတ်ခံရတဲ့ဖြစ်စဥ်အတွင်း ဖမ်းခံရသူ ၃၀ ကျော်ထဲက ဆရာဝန်အပါအဝင် ၂ ဦး အမှုဖွင့်ခံရပြီး ကျန်သူတွေပြန်လွတ်လာ

နိုဝင်ဘာ၊ ၁၆-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာ ပျူစောထီး ခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရတဲ့သူ ၃၀ ကျော်ထဲက ဆရာဝန် ၁ ယောက် အပါအဝင် ၂ ယောက် အမှုဖွင့်ခံရပြီး ကျန်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ပျူစောထီးခေါင်းဆောင် ခေါလေး ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ ကဆည်းစိမ် ရှင်စားသောက်ဆိုင် အနီးမှာအမည်မသိတဲ့ သေနတ်သမားတွေကပစ်ခတ်ခံခဲ့ရ တာဖြစ်ပါတယ်။ ပျူစောထီးခေါင်းဆောင် ခေါလေး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ ဆရာဝန် ၁ယောက် ၊ တက္ကသိုလ် ကျောင်းသူ ၂ ယောက် အပါအဝင်လူ ၃၀ ကျော်ကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲက…

Read More

ကန့်ဘလူမြို့နယ်မှာ လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အကြားမှာရှိတဲ့ ကျေးရွာတချို့မှာ အခုလ ၁၂ ရက်ကနေ ဒီကနေ့အထိ ၅ ရက်အတွင်း လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “ပင့်သာ (တည်ပင်)ရွာမှာက လူနေအိမ် ၃၄ လုံးနဲ့ စပါးကျည် အဆောက်အဦ၂ လုံး ၊ ရှမ်းကုန်းရွာမှာ လူနေအိမ် ၅ လုံးနဲ့ အင်းမရွာမှာက လူနေအိမ် ၇၉ လုံး မီးလောင်ပျက်စီးခဲ့တာဖြစ်တယ် ၊ အဲ့ဒီရွာတွေက ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ မီးဘယ်သူရှို့တယ်ဆိုတာ မသိကြဘူး “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၁၅…

Read More

နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွား နေရာအသစ်တွေ ဖော်ဆောင်နေခြင်းက ဟန်ပြလုပ်ရပ်သာဖြစ်

နိုဝင်ဘာ ၁၆ – ၂၀၂၂ SN (VOM) နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေခြင်းက နစကရဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ နိုင်ငံအရေး သုံးသပ်သူတချို့က ပြောပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဒါးပိန်ပန်းပုကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေသလို ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိတဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က သံဘိုရွာကို ပုဂံဒေသနဲ့ တဆက်တည်းသွားနိုင်မယ့် ခရီးစဉ်အဖြစ် ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်လျက်ရှိပြီး အခြားနေရာတွေကိုလည်း ခရီးစဉ်သစ်တွေ ဆက်လက်‌ဖော်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။ “အခုအခြေနေနဲ့ စိတ်အေးလက်အေး ဘယ်သူမှမသွားနိုင်ဘူး။ တချို့ အပျော်သက်သက်မဟုတ်ဘဲ အခုအချိန် ခရီးထွက်နေတယ်ဆိုတာတောင် ဒီအချိန်မှာ မလွှဲသာလို့ သွားနေကြရတာ။ အပျော်ခရီးကတော့ တော်ရုံ ဘယ်သူမှ မသွားရဲကြဘူး။ နယ်မြေ လုံခြုံမှုမရှိဘူး၊ ဘယ်နေရာမှ မအေးချမ်းဘူးလေ။ အပျော်ခရီးသွားကြတယ်ဆိုတာလည်း လူနည်းစုလောက်ပဲ။ ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေတယ်ဆိုတာကလည်း ရုပ်ပြသက်သက်၊ သူတို့လက်ပါးစေတွေရဲ့ဟန်ပြလုပ်ရပ်ပါပဲ” လို့ နိုင်ငံ့အရေး…

Read More
VOM News

FREE
VIEW