ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယား ပစ်ခတ်ပြန်

ဆိုးလ်၊ နို၀င်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကိုဦးတည်ပြီး ပဲ့ထိန်းဒုံးကျည်တစင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က နို၀င်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ခေါင်းဆောင်တွေရဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် လေးရက်အကြာမှာ အခုလိုက်ပဲ့ထိန်းဒုံးပျံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

နို၀င်ဘာ ၁၇ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်မှာ နိုင်ငံအရှေ့ပိုင်း ၀န်ဆန်မြို့ကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်ထားပြီး ဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ရေပြင်သို့ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီကာလအတွင်း မကြံစဖူးဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်အထူးစိးပွားရေးဇုန်အနီးရှိ ဂျပန်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်သုံးစင်းပစ်ခတ်ခဲ့ရာ တိုက်ချင်းပစ်ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်အမျိုးအစားပါ၀င်ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:KNCA
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW