တံခါးပိတ်အစည်းအဝေး ဆွေးနွေးချက်ပေါက်ကြားမှု ကနေဒါ၀န်ကြီးချုပ်ကို တရုတ်သမ္မတဝေဖန်

ပေကျင်း၊ နို၀င်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပြင်ပမှာ လုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေး ဆွေးနွေးချက်တွေ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒေါကို တရုတ်သမ္မတရှီကျင်းပင်က နို၀င်ဘာ ၁၆ ရက်မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နို၀င်ဘာ ၁၆ ရက်က သူတို့နှစ်ဦးအခြေအတင် ပြောဆိုနေတဲ့ ရုပ်သံကို ကနေဒါသတင်းမီဒီယာတွေက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ မိမိတို့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေ သတင်းမီဒီယာမှာပေါက်ကြားမှုက မသင့်လျော်ကြောင်း နဲ့ ဒါဟာ ရိုးသားမှုကင်းမဲ့တာဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က စကားပြန်မှတဆင့် ကနေဒါ၀န်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။ ရိုးသားမှုရှိပါက အပြန်အလှန်လေးစားသမှုနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်မှာဖြစ်ပြီး ဒီလိုမဟုတ်ရင် အကျိုးဆက်ကိုပြောဖို့ လွယ်ကူမှာ မဟုတ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က ပြောဆိုခဲ့ပါတယ်။ ကနေဒါရွေးကောက်ပွဲတွေမျာ တရုတ်နိုင်ငံ၀င်ရောက်စွက်ဖက်မှုနဲ့ သူလျှိုလုပ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ကနေဒါ-တရုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ်က စိုးရိမ်ပူပန်ကြောင်း တံခါးပိတ်အစည်းအဝေးမှာ တရုတ်သမ္မတကို ပြောဆိုခဲ့တာတွေကို သတင်းဌာနတွေက ဖော်ပြထားခဲ့ပါတယ်။ ကနေဒါအနေနဲ့…

Read More

နေပြည်တော် အပါအဝင် မန္တလေးတိုင်းအတွင်းက ထောင်တွေကနေ အကျဉ်းသား ၉၈၈ ဦးလွတ်

မန္တလေး နိုဝင်ဘာ ၁၇-၂၀၂၂ Voice Of Myanmar ဒီကနေ့ ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့မှာ အကျဥ်းထောင်အသီးသီးကနေ အကျဥ်းသား ၅၇၇၄ ယောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။ အဲ့ဒီ၅၇၇၄ ယောက်ထဲကနေ မန္တလေးတိုင်းအတွင်း အကျဉ်းထောင် ၅ ခုနဲ့ နေပြည်တော်အချုပ်ထောင်က ၉၈၈ ယောက် လွတ်တယ်လို့ အကျဉ်းဦးစီးအသိုင်းအဝိုင်းကသိရပါတယ် ” အိုးဘိုအကျဥ်းထောင်က ကျား ၃၉၅ မ ၆၀ ပေါင်း ၄၅၅ ၊ ရမည်းသင်းက ၂၀၉၊ မြင်းခြံ ၁၆၇၊ မိတ္ထိလာ ၈၉၊ ညောင်ဦး ၄၆ ယောက် နေပြည်တော် ၂၀၊ ဝန်ကြီးဦးကျော်တင့်ဆွေနဲ့ ရွေးကော်က ဦးသန်းဌေး အားလုံးပေါင်းတော့ ၉၈၈ ပါ ” လို့ အသေးစိပ်သိသူ တဦးက ပြောပြပါတယ်။ ဒီထဲမှာ မန္တလေးတိုင်းက…

Read More

ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယား ပစ်ခတ်ပြန်

ဆိုးလ်၊ နို၀င်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကိုဦးတည်ပြီး ပဲ့ထိန်းဒုံးကျည်တစင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က နို၀င်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ခေါင်းဆောင်တွေရဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် လေးရက်အကြာမှာ အခုလိုက်ပဲ့ထိန်းဒုံးပျံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ နို၀င်ဘာ ၁၇ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်မှာ နိုင်ငံအရှေ့ပိုင်း ၀န်ဆန်မြို့ကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်ထားပြီး ဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ရေပြင်သို့ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီကာလအတွင်း မကြံစဖူးဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်အထူးစိးပွားရေးဇုန်အနီးရှိ ဂျပန်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း မြောက်ကိုရီးယားဟာ…

Read More

ကျင်စန်းကျော့မှာ တိုက်ပွဲဖြစ်ပွားပြီး ကားပြင်‌နေတဲ့ ကလေး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၇၊ ၂၀၂၂ Shy V (VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်စန်းကျော့ မှာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ မနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားပြီး ကားပြင်နေတဲ့ ကလေး ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “ဆိုင်နားက အမကြီးရဲ့ ယောက်ျားဖွင့်ထားတဲ့ကားဝပ်ရှော့က ကောင်လေးတွေ၊ မူဆယ် ကားဝပ်ရှော့က ကလေးတွေ ကားပျက်လို့ လှမ်းခေါ်တော့ လမ်းမှာ ကားသွားပြင်ရင်း အဲဒီ ဘေးနား လက်နက်ကြီး ကျလာတာကြောင့် ဖြစ်သွားတာ”လို့ မူဆယ် ဒေသခံ ၁ ဦး ကပြောပါတယ်။ နယ်စပ် ကုန်သည် ၁ ဦးကလည်း…

Read More

ဆောမြို့နယ်က လက်ပန်းကျေးရွာနဲ့ ပဆုတ်ကျေးရွာတွေမှာ လူနေအိမ် နှစ်ရာကျော် မီးရှို့ခံရ

နိုဝင်ဘာ ၊ ၁၇ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ လက်ပန်းကျေးရွာနဲ့ ပဆုတ်ကျေးရွာတွေက လူနေအိမ် နှစ်ရာကျော်ဟာ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်က မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆောမြို့ခံတွေဆီက သိရပါတယ်။ ” ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ထုမြို့နယ် ၊ ပေါက်ခေါင်း ၊ ခရိုင်တောင် အဲ့ဒီဘက်ကနေ ဆောမြို့နယ် လက်ပန်းရွာနဲ့ ပဆုတ်ရွာဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ် ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ပစ်ခတ်တာတွေဖြစ်ပွားတယ် ၊ အဲ့ဒီအချိန်မှာ ရွာက လူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ မနက် ၁၀ နာရီဝန်းကျင်မှာ လက်ပန်းရွာဘက်မှာ မီးစတင်လောင်တယ် ၊ ပြေးနေရတာဆိုတော့…

Read More

ဈေးချို၊ ဆလာမီ နှင့် အခွန်ဝန်ထမ်းအသင်းကြီး

ဆူးငှက် မင်းတုန်းမင်းဟာ မန္တလေးရတနာပုံမြို့သစ် တည်ထောင်ဖို့ ၁၂၁၈(၁၈၅၆)ခုနှစ်မှာ အမိန့်တော်ချမှတ်ခဲ့တယ်။ မြို့တည်ကတည်းက ‘ဈေးချို’ကို တည်ဆောက်ခဲ့ပါတယ်။ မန္တလေးမြို့သစ်ရဲ့ ပန္နက်ပုံဟာ အမရပူရမြို့ဟောင်းက ရပ်ကွက်တွေ၊ ဥယျာဉ်တွေ၊ တံခါးတွေကို အခြေတည်လေတော့ အမရပူရမှာလည်း ဈေးချိုဆိုတာ ရှိခဲ့တယ်မဟုတ်လား။ ရှေးကတော့ ဈေးချိုမဟုတ်ပါဘူး။’ဈေးကြို’ လို့ ခေါ်ပါသတဲ့။ (၁၇၈၃) ခုနှစ်မှာ နေပြည်တော်ကို အင်းဝကနေ အမရပူရပြောင်းခဲ့သေးတော့ အင်းဝမှာလည်း ‘ဈေးကြို’အမည်နဲ့ အရပ်ရှိခဲ့ဖူးပါတယ်။ ရှေးတုန်းက မန္တလေးဈေးကြိုဟာ အခု ငပိတန်းလက်ကျား နေရာမှာပါ။ မန္တလေးမြို့ မြေပုံမှာ ‘ဈေးကြို’ နေရာကို ပြထားပါတယ်။ မြန်မာသက္ကရာဇ် (၁၂၃၈)ခု ပြာသိုလဆန်း (၁၄)ရက် (၂၈.၁.၁၈၇၆)ည၊ ရွှေနန်းတော်ကြမ်းပြင်မှာ ဈေးချိုတော်အတွက် အုတ် (၁၄)ဖိုဖုတ်ရန် အမိန့်တော်ခံပါတယ်။ ‘ဘုန်းတော်ဖြစ် ဗိုလ်ကြီးကြပ်ထုတ်လုပ်မည့် အုတ်တော်ကပေးစေဘုရား၊ အမိန့်တော်မြတ်ကို ဦးထိပ်ထက်ဆင် ရွက်ရမည်ကို ရွှေတိုက်အတွင်းဝန် တောင်ခွင်မြို့စား၊ ရွှေပြည်ဝန်…

Read More

အကျဉ်းသားတချို့ လွတ်ငြိမ်းသက်သာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ၁၇-၂၀၂၂ KT(VOM) အကျဥ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် နစက ကြေညာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးကြည့်တော့ ” အကျဥ်းသား ၆၁၈ ယောက်၊အကျဥ်းသူ ၉၄ စုစုပေါင်း၇၁၂ ယောက်တို့ကိုလွတ်ငြိမ်းပြုပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM ကိုပြောပါတယ်။နောက်တစ်ခုက နိုင်ငံခြားသားတွေပေါ့နော် ကျခံလျှက်ရှိသောပြစ်ဒဏ်တွေလွတ်ငြိမ်းခွင့်ပြုတယ်၊ပြည်နှင်ဒဏ်ပေးတယ်၊မစ္စတာရှောင်တာနယ် (ဩစတေးလျ)၊မစ္စဗစ်ကီဘိုမင်း (ဗြိတိန်)မစ္စတာတိုရိုကူဘိုတာ (ဂျပန်)ကျော်ဌေးဦးအမေရိကန်နိုင်ငံသား၊ဘိုမင်းရဲ့အမျိုးသားထိန်လင်း(ပန်းချီ)၊ဆင်မ(ခေါ်)ဇော်မင်းထိုက် (ဟာသပညာသရုပ်ဆောင်)၊နောက်ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဒေါက်တာလဲ့လဲ့မော်၊အနုပညာရှင်တွေဖြစ်တဲ့နီနီခင်ဇော်၊ ဘုန်းသိုက်၊ဟေမန်သူ၊ ထက်ထက်ထွန်း၊အနုပညာရှင်တွေပေါ့နော် ၅၀၅ ပိတ်သိမ်း၊နန်းခင်ဇေယျာ၊သဇင်ထူးမြင့် ၊ မယ်မင်းဘုံ နံ ဖွေးဖွေးတို့အပါအဝင် ၅၀၅ ပိတ်သိမ်းပြီးလွတ်ငြိမ်းခွင့်ပြုလိုက်ပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဒီလူတွေအပါအဝင် အကျဥ်းသား အကျဉ်းသူ ၅၇၇၄ ယောက် လွတ်ငြိမ်းခွင့်ပြုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောပါတယ်။ #voiceofmyanmar #VOM #လွတ်ငြိမ်းသက်သာ

Read More
VOM News

FREE
VIEW