နေပြည်တော် အပါအဝင် မန္တလေးတိုင်းအတွင်းက ထောင်တွေကနေ အကျဉ်းသား ၉၈၈ ဦးလွတ်

မန္တလေး နိုဝင်ဘာ ၁၇-၂၀၂၂
Voice Of Myanmar

ဒီကနေ့ ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့မှာ အကျဥ်းထောင်အသီးသီးကနေ အကျဥ်းသား ၅၇၇၄ ယောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။

အဲ့ဒီ၅၇၇၄ ယောက်ထဲကနေ မန္တလေးတိုင်းအတွင်း အကျဉ်းထောင် ၅ ခုနဲ့ နေပြည်တော်အချုပ်ထောင်က ၉၈၈ ယောက် လွတ်တယ်လို့ အကျဉ်းဦးစီးအသိုင်းအဝိုင်းကသိရပါတယ်

” အိုးဘိုအကျဥ်းထောင်က ကျား ၃၉၅ မ ၆၀ ပေါင်း ၄၅၅ ၊ ရမည်းသင်းက ၂၀၉၊ မြင်းခြံ ၁၆၇၊ မိတ္ထိလာ ၈၉၊ ညောင်ဦး ၄၆ ယောက် နေပြည်တော် ၂၀၊ ဝန်ကြီးဦးကျော်တင့်ဆွေနဲ့ ရွေးကော်က ဦးသန်းဌေး အားလုံးပေါင်းတော့ ၉၈၈ ပါ ” လို့ အသေးစိပ်သိသူ တဦးက ပြောပြပါတယ်။

ဒီထဲမှာ မန္တလေးတိုင်းက နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ ဖမ်းခံရသူ ၁၁၄ ယောက်ထဲမှာ အိုးဘိုထောင်က ၁၅ ယောက်ပါတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပြစ်ဒဏ်လွတ်ငြိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW