တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ရုရှား စစ်လေယာဉ်တွေ ၀င်ရောက်

ဆိုးလ်၊ နို၀င်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို တရုတ်နဲ့ရုရှားစစ်လေယာဉ်တွေ နို၀င်ဘာ ၃၀ ရက်က ၀င်ရောက်မှုကြောင့် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ ပျံတက်မောင်း ထုတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

တရုတ်ရဲ့ အိပ်-၆ ဗုံးကြဲလေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား တောင်ပိုင်းနဲ့ အရှေ့မြောက်ကမ်းရိုးတန်း အနီးမှာ နံနက် ၅ နာရီ ၅၀ မိနစ်က ၀င်ရောက်ပျံသန်းပြီး ထွက်ခွာသွားခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တီယူ-၉၅ ဗုံးကြဲလေယာဉ်တွေနဲ့ ဆူး-၃၅ တိုက်လေယာဉ်တွေအပါအ၀င် ရုရှားစစ်လေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို ၁၈ မိနစ်ကြာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားစစ်တပ်ဟာ တရုတ်နဲ့ရုရှားလေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုမပြုမီ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တိုက်လေယာဉ်တွေ စေလွတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တရုတ်နဲ့ရုရှားလေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို ၀င်ရောက်မှုမရှိဘူးလို့ တောင်ကိုရီးယားကဆိုပါတယ်။ တရုတ်နဲ့ ရုရှားကတော့ ဒါဟာ ပုံမှန်ပူးတွဲလေ့ကျင့်မှုပြုတာလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW