ပန်ဆန်းမြို့မှာ ထရန်စဖာ ပေါက်ကွဲပြီး လူ ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

နိုဝင်ဘာ ၃၀၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ပန်ဆန်းမြို့၊ နားလော်မှာ ဒီကနေ့ ‌နိုဝင်ဘာ ၃၀ မနက် ၁၀ နာရီကျော်ဝန်းကျင်ခန့်က လျှပ်စစ် ထရန်စဖာ ပေါက်ကွဲပြီး လူသုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ဝ ပြည်ပဆက်ဆံရေးရုံး တာဝန်ရှိပုဂ္ဂိုလ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “လောလောဆယ်တော့ သုံးယောက်ကတော့ သေတာပေါ့နော်။ အဆောက်အဦတွေ တော်တော်တော့ ပျက်စီးတယ်။ ကားတွေရော ထိတယ်။ အခုလောလောဆယ် အတိအကျတော့ မသိရသေးဘူး။”လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။ ပေါက်ကွဲမှုမှာ လက်ရှိ လူသုံးဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိထားကာ ထိခိုက်ဒဏ်ရာရသူဦးရေ အတိအကျတော့ မသိရသေးတဲ့အပြင် အနီးနားဝန်းကျင်ရှိ အဆောက်အဦနဲ့ ကားတွေပါ အများအပြား ထိခိုက်ပျက်စီးတာမျိုးရှိတယ်လို့ သူက ပြောပါတယ်။ ထရန်စဖော်မာက သက်တမ်းကြာနေပြီ…

Read More

တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ရုရှား စစ်လေယာဉ်တွေ ၀င်ရောက်

ဆိုးလ်၊ နို၀င်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို တရုတ်နဲ့ရုရှားစစ်လေယာဉ်တွေ နို၀င်ဘာ ၃၀ ရက်က ၀င်ရောက်မှုကြောင့် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ ပျံတက်မောင်း ထုတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တရုတ်ရဲ့ အိပ်-၆ ဗုံးကြဲလေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား တောင်ပိုင်းနဲ့ အရှေ့မြောက်ကမ်းရိုးတန်း အနီးမှာ နံနက် ၅ နာရီ ၅၀ မိနစ်က ၀င်ရောက်ပျံသန်းပြီး ထွက်ခွာသွားခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တီယူ-၉၅ ဗုံးကြဲလေယာဉ်တွေနဲ့ ဆူး-၃၅ တိုက်လေယာဉ်တွေအပါအ၀င် ရုရှားစစ်လေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို ၁၈ မိနစ်ကြာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ တရုတ်နဲ့ရုရှားလေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုမပြုမီ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တိုက်လေယာဉ်တွေ စေလွတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တရုတ်နဲ့ရုရှားလေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို…

Read More

သတင်းထောက်ဟောင်း ကိုမျိုးစံစိုး အပါအဝင် ၇ ဦးကိုအကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

နိုဝင်ဘာ၊၃၀-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ၊ ဖျာပုံထောင်တွင်းတရားရုံးကနေ DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို အပါအဝင် ၇ ယောက်ကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူ သတင်းထောက် ၁ ယောက်အပါအဝင် ၇ ယောက်ဟာ ဆန္ဒပြရာမှာပါတယ် ၊ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်းက ဖမ်းဆီးခဲ့ရသူတွေ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦး ကပြောပါတယ်။ ”သတင်းထောက်ကိုမျိုးစံစိုး က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် ၁၀ နှစ် နဲ့ ပုဒ်မ ၅၂ က အတွက်က…

Read More

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

ပေကျင်း၊ နို၀င်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ အသက် ၉၆ နှစ်အရွယ် နို၀င်ဘာ ၃၀ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သမ္မတဟောင်း ကျန်ဇီမင်းဟာ နို၀င်ဘာ ၃၀ ရက် မွန်းတည့်မှာ ကွယ်လွန်သွားကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ မကြာသေးမီဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံသမိုင်းမှာ အဓိကကျတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှန်အဟုန်အမြင့်ဆုံးအချိန်မှာ နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ငြိမ်းချမ်းစွာလွှဲပြောင်းမှုကို ကြီးကြပ်ခဲ့ပေမယ့်လည်း ၁၉၉၉ ခုနှစ်မှာ ဖာလွန်ဂေါ ဘာသာရေးဂိုဏ်းကို အပြင်းအထန်ဖြိုခွင်းမှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဒီကိစ္စကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားတင်းမာသူနဲ့ ပြုပြင်ပြောင်းးလဲရေးသမားတွေအကြား ခါးသီးတဲ့ အာဏာလွန်ဆွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပေကျင်းမှာ တီအန်မင်ရင်ပြင် အရေးအခင်းဖြစ်ပြီးနောက် ကျန်ဇီမင်းဟာအာဏာရရှိခဲ့ပြီး ဒီအရေးအခင်းကြောင့် တရုတ်နိုင်ငံကို နိုင်ငံတကာက ဝိုင်းပယ်ခဲ့ကြပါတယ်။ Ref; BBC…

Read More

စစ်ကိုင်းတိုင်းထဲမှာ မနေ့က ထိတွေ့တိုက်ပွဲ ၃ နေရာဖြစ်ပြီး ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးနေရ

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းခရိုင် ၊မြောင်မြို့နယ်ထဲမှာ မနေ့ နိုဝင်ဘာ ၂၉ ရက် တနေ့ထဲမှာ ထိတွေ့တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး ၊ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရရပါတယ်။ ” မနေ့က မနက်ပိုင်း ၉ နာရီလောက်မှာ ဝက်လက်မြို့နယ် ၊ ရေထွက်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ နောက်ပြီး နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာအနောက်ရွာနားမှာလည်း တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီအပြင် မြောင်မြို့နယ် ၊ ကင်းကျေးရွာနားမှာလည်း နယ်မြေရှင်းလင်းရေး ထိတွေ့မှုတွေဖြစ်ခဲ့တယ် ၊ အဲ့ဒီဒေသက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ထောင်နဲ့ချီပြီးရှိတယ်”လို့ ဒေသခံတွေက…

Read More

နှစ်အနည်းငယ်အတွင်း တရုတ်က နျူကလီးယားထိပ်ဖူး ၁၅၀၀ ထိပိုင်ဆိုင်လာနိုင်ကြောင်း အမေရိကန် သတိပေး

ဝါရှင်တန်၊ နို၀င်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က နို၀င်ဘာ ၂၉ ရက်မှာ အစီရင်ခံစာတရပ် ထုတ်ပြန်သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၄၀၀ ကျော်ထိရှိနေပြီး သူရဲ့နျူကလီးယား တပ်ဖွဲ့တွေကိုလည်း ခေတ်မီအောင် တိုးချဲ့နေတာကြောင့် လက်ရှိအရှိန်အဟုန်အတိုင်း ဆက်လက် လုပ်ဆောင်မယ်ဆို ၂၀၃၅ ခုနှစ်မှာ နျူကလီးထိပ်ဖူး ၁၅၀၀ ထိရှိလာနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာမြောက် အဟန့်အတားစနစ်ကို ခိုင်မာစွာထူထောင်နေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့လမှာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ကွန်ဂရက်မှာ သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲတွေမှာ ပါ၀င်ဖို့ဆန္ဒရှိကြောင်း တရုတ်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားကြပေမယ့်လည်း နျူကလီးယားးထိပ်ဖူး ၃၇၀၀ ကျော်ရှိတဲ့ အမေရိကန်အနေနဲ့ ဦးစွာလျှော့ချသင့်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုလည်း ဆန်းစစ်မှုပါ၀င်ခဲ့ပြီး အမေရိကန်အနေနဲ့ တရုတ်ရဲ့ အကြပ်ကိုင်ခြင်းတွေကနေ မဟာမိတ်တွေကို ကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်ကတာ၀န်ရှိသူက…

Read More

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတွေရာနဲ့ချီပိတ်မိနေပြီး လူနာတင်ယာဥ်တွေပါ ဖြတ်သန်းရဖို့ ခက်ခဲနေ

နိုဝင်ဘာ ၃၀ -၂၀၂၂ GG (VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ စောင့်ဆိုင်းရချိန်ကြာလို့ ကားတွေရာနဲ့ချီပိတ်မိပြီး လူနာတင်ယာဥ်ကားတွေလည်း ဖြတ်သန်းရဖို့ မလွယ်ကူတဲ့အခြေအနေတွေဖြစ်နေတယ်လို့သိရပါတယ်။ မော်လမြိုင်ဘက်အခြမ်းကနေ ရန်ကုန်ကိုသွားမယ်ဆိုရင် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံဖို့ အချိန် ၁၀ နာရီလောက်ကြာအောင် စောင့်ဆိုင်းတန်းစီရတာကြောင့် မော်လမြိုင်နဲ့ရန်ကုန်ခရီးက ညအိပ်ခရီးစဥ်ဖြစ်နေကြောင်း၊ ကားပိတ်တဲ့အခက်အခဲက အတော်ကိုအခြေအနေဆိုးနေတယ်လို့ ကားသမားတွေက ပြောပါတယ် ။ ” မနေ့က နေ့လယ်၂ နာရီက တန်းစီတယ်။ အခုမနက် ၈နာရီမှ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကနေဖြတ်ရပါတယ်။အချိန်တွေ အရမ်းပုတ်တယ်ဗျာ။အဲ့ဒီတော့ ဒီလမ်းက မဖြစ်မနေသွားဖို့ လူပဲသွားကြပါ။မဖြစ်မနေသွားရမယ်ဆိုရင် စားစရာ၊ရေ၊ ဆီအပြည့်၊ထမင်းအပြည့်အစုံယူလာကြပါ။ ရန်ကုန်ကို နေ့ချင်းရောက်တဲ့ခရီးက အခုတော့ တညအိပ်ဖြစ်နေပြီ။လူတွေလည်း အတော်လေးကိုပင်ပန်းနေရတယ် ” လို့ ကားသမားတဦးကပြောပါတယ်။ နိုဝင်ဘာ၂၈ ရက်နေ့ကလည်း ညောင်ခါးရှည်စစ်ဆေးဂိတ်ကိုဖြတ်ဖို့စောင့်နေတဲ့ တွဲကားယာဥ်မောင်းတဦး မူးလဲလို့…

Read More

မုံရွာ – ပုသိမ်ကားလမ်းမှာ လိုင်းကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိ

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် ၊ မဲဇာလီကျေးရွာအနီး မုံရွာ – ပုသိမ်ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မင်းတုန်း – ပြည် ပြေးဆွဲနေတဲ့ လိုင်းကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်လို့ မင်းတုန်းကားသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မဲဇာလီမှာ အဖမ်းခံရတာပါ ၊ မင်းတုန်းနဲ့ ပြည် ပြေးဆွဲနေတဲ့ ဘုမ္မဝတီ ယာဥ်လိုင်းအသင်းက ကားဖြစ်တယ် ၊ Hyundai Starex (ခဲရောင်) ယာဉ်အမျိုးအစား ကားတစ်စီးက ကားမှားတပ်ဆင်ထားတဲ့ Air Compressor ထဲမှာ လက်နက်ခဲယမ်းတွေထည့်ပြီး သယ်လာတာဖြစ်တယ် “လို့ မင်းတုန်းဒေသခံ ကားသမား တယောက်က ပြောပါတယ်။ အဲ့ဒီ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာနဲ့…

Read More

လူထုဒေါ်အမာရေးခဲ့တဲ့ စာတမ်းနှစ်စောင်

ဆူးငှက် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ အဆိုပါစာတမ်းများအနက် လူထုဒေါ်အမာ၏ “ဗမာသံတွေ ပျောက်ကုန်ပြီ” ဟူသော စာတမ်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်း အဆိုပါ စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော “စည်တော်ကြီးအဖွဲ့”များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရားပွဲ၏ အကြိုနေ့ ညတိုင်းတွင် ပါဝင်သော စည်တော်ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏။ လူထုဒေါ်အမာ၏ အဆိုပါစာတမ်းတွင် ပါသော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ဗျော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်ဟူသော…

Read More
VOM News

FREE
VIEW