နှစ်အနည်းငယ်အတွင်း တရုတ်က နျူကလီးယားထိပ်ဖူး ၁၅၀၀ ထိပိုင်ဆိုင်လာနိုင်ကြောင်း အမေရိကန် သတိပေး

ဝါရှင်တန်၊ နို၀င်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က နို၀င်ဘာ ၂၉ ရက်မှာ အစီရင်ခံစာတရပ် ထုတ်ပြန်သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၄၀၀ ကျော်ထိရှိနေပြီး သူရဲ့နျူကလီးယား တပ်ဖွဲ့တွေကိုလည်း ခေတ်မီအောင် တိုးချဲ့နေတာကြောင့် လက်ရှိအရှိန်အဟုန်အတိုင်း ဆက်လက် လုပ်ဆောင်မယ်ဆို ၂၀၃၅ ခုနှစ်မှာ နျူကလီးထိပ်ဖူး ၁၅၀၀ ထိရှိလာနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာမြောက် အဟန့်အတားစနစ်ကို ခိုင်မာစွာထူထောင်နေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့လမှာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ကွန်ဂရက်မှာ သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲတွေမှာ ပါ၀င်ဖို့ဆန္ဒရှိကြောင်း တရုတ်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားကြပေမယ့်လည်း နျူကလီးယားးထိပ်ဖူး ၃၇၀၀ ကျော်ရှိတဲ့ အမေရိကန်အနေနဲ့ ဦးစွာလျှော့ချသင့်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုလည်း ဆန်းစစ်မှုပါ၀င်ခဲ့ပြီး အမေရိကန်အနေနဲ့ တရုတ်ရဲ့ အကြပ်ကိုင်ခြင်းတွေကနေ မဟာမိတ်တွေကို ကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်ကတာ၀န်ရှိသူက ပြောပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW