ဒေါ်လာသန်း ၄၀၀ ကျော်တန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကိုရောင်းဖို့ အမေရိကန်အစိုးရ ခွင့်ပြု

၀ါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်သို့ ဒေါ်လာ ၄၂၈ သန်းတန်ဖိုးရှိ လက်နက်တွေရောင်းချဖို့နဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ဒီဇင်ဘာ ၆ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

ရောင်းချမှုမှာ ထိုင်၀မ်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ၊ စီ-၁၃၀ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အခြားသောအမေရိကန်က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ပြုပြင်ဖို့နဲ့ အစားထိုးအစိတ်အပိုင်းတွေ ပါ၀င်ပါတယ်။

အမေရိကန်ရဲ့ ရောင်းချမှုကြောင့် ထိုင်၀မ်ရဲ့ လေတပ်အင်အားကောင်းမှုကို အထောက်အကူဖြစ်စေပြီး လက်ရှိနဲ့ အနာဂတ်အန္တရာယ်တွေကို ရင်ဆိုင်ဖို့ လေတပ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်သို့ သြဂုတ်လအတွင်းက လာရောက်ပြီးနောက် တရုတ်စစ်လေယာဉ်တွေဟာ ထိုင်၀မ်ရေလက်ကြား အလယ်မျဉ်းကို ပုံမှန်ဖြတ်ကျော်ပျံသန်းမှုများ ပြုလုပ်လေ့ရှိပါတယ်။

ထိုင်၀မ်လေတပ်ကလည်း ဒီလိုပျံသန်းမှုတွေကို တုံ့ပြန်ဖို့အတွက် လေတပ်တိုက်လေယာဉ်တွေ စေလွှတ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်ဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေတခုအဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW