ဝါရှင်တန်၊ ဒီဇင်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ယူကရိန်းရဲ့စိတ်ဓါတ်ကို ၂၀၂၂ ခုနှစ်အတွက် တနှစ်တာအထူးခြားဆုံး အဖြစ် ကမ္ဘာကျော် တိုင်းမ်းမဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
အဲဒီဆုဟာ လွန်ခဲ့တဲ့ ၁၂ လကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တွေအပေါ် လွှမ်းမိုးမှုအရှိဆုံးလို့ ယူဆရတဲ့ ဖြစ်စဉ် သို့မဟုတ် လူပုဂ္ဂိုလ်တွေကို ပေးအပ်လေ့ရှိတဲ့ ဆုဖြစ်ပါတယ်။
ဆုဇကာတင်စရင်းမှာတော့ အီရန်ဆန္ဒပြသူတွေ၊ တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်တရားရုံးချုပ်တို့ ပါ၀င်နေပါတယ်။
ယူကရိန်းရဲ့ စိတ်ဓါတ်ကတော့ နောက်ကွယ်ကနေတိုက်ခိုက်သူတွေအပါအ၀င် ကမ္ဘာတ၀န်းက ယူကရိန်းပြည်သူတွေကို ရည်ညွှန်းတယ်လို့ တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာ အက်ဒ၀ပ်ဖယ်ဆန်သယ်က ပြောပါတယ်။
သမ္မတဇီလန်စကီးကတော့ သူ့ကြောင့် ယူကရိန်းပြည်သူတွေ စိတ်ဓါတ်တက်ကြွစေခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ ရဲစွမ်းသတ္တိအတွက် နိုင်ငံတကာက အသိအမှတ်ပြုခဲ့ရကြောင်း တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်ပါတယ်။
အီရန်ဆန္ဒပြအမျိုးသမီးတွေကတော့ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၂၂ ခုနှစ်သူရဲကောင်းတွေအဖြစ် နဲ့ ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ကတော့ တနှစ်တာအကောင်းဆုံး ဖျော်ဖြေရေးဆုကို ရရှိသွားပါတယ်။
Ref: BBC
Photo:Times
#voiceofmyanmar #VOM #ဝါရှင်တန်