အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်ပြီးနောက် လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် ကွပ်မျက်မှုပြုလုပ်

ကဘူးလ်၊ ဒီဇင်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတဦးကို လူမြင်ကွင်းမှာ ကွပ်မျက်လိုက်ကြောင်း တာလီဘန်အဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီအမျိုးသားဟာ အခြားအမျိုးသားတဦးကို ဓါးနဲ့ထိုးသတ်ပြီး လက်ကိုင်ဖုန်းကို ခိုးယူခဲ့မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ တာလီဘန်အဖွဲ့ကပြောပါတယ်။ သူ့ကို နိုင်ငံတောင်ပိုင်းဖာရာပြည်နယ်ရှိ လူစည်ကားတဲ့ အားကစားကွင်းတခုမှာ ကွပ်မျက်လ်ိုက်တာဖြစ်ပြီး တာလီင်္ဘန်တို့အာဏာရပြီးနောက်ပိုင်း လူမြင်ကွင်းမှာ ပထမဆုံးကွပ်မျက်မှုလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကလည်း လိုဂါပြည်နယ်ရှိ လူစည်ကာတဲ့ အားကစားကွင်းထဲမှာ လူဒါဇင်များစွာကို ကြိမ်ဒဏ်ပေးခြင်းပြုလုပ်ခဲ့ပြီး လူမြင်ကွင်းမှာ ကွပ်မျက်မှုနဲ့ပတ်သက်ပြီး တာလီဘန်အဖွဲ့က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။ ရှာရီယာဥပဒေကို အပြည့်အဝြပဌာန်းအကောင်အထည်ဖော်ရန် တရားသူကြီးတွေကို တာလီဘန်ထိပ်တန်းခေါင်းဆောင်တွေက ညွှန်ကြားပြီးနောက် သီတင်းပတ်အတန်ကြာမှာ အခုလိုမျိုး လူမြင်ကွင်းမှာ ကွပ်မျက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ကဘူးလ်

Read More

ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ လူနေအိမ် ၁၄၀ ကျော် မီးလောင်

ဒီဇင်ဘာ ၊ ၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ဇီးသောင်းကျေးရွာနဲ့ အောင်သာယာကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ရွာထဲက အိမ်တွေ မီးလောင်ပျက်စီးကုန်တယ် ၊ ဇီးသောင်းရွာနဲ့ အောင်သာယာ ၂ ရွာပေါင်း အိမ်ခြေ ၁၄၀ ကျော် မီးလောင်တယ် ၊ ဘယ်အဖွဲ့စည်းက ရှို့တယ်ဆိုတာ မသိရဘူး”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဇီးသောင်းရွာနဲ့ အောင်သာယာရွာက လူနေအိမ်တွေ…

Read More

ယူကရိန်းသမ္မတ ဇီလန်စကီး တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာအထူးခြားဆုံးပုဂ္ဂိုဟ်အဖြစ် ရွေးချယ်ခံရ

  ဝါရှင်တန်၊ ဒီဇင်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ယူကရိန်းရဲ့စိတ်ဓါတ်ကို ၂၀၂၂ ခုနှစ်အတွက် တနှစ်တာအထူးခြားဆုံး အဖြစ် ကမ္ဘာကျော် တိုင်းမ်းမဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ အဲဒီဆုဟာ လွန်ခဲ့တဲ့ ၁၂ လကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တွေအပေါ် လွှမ်းမိုးမှုအရှိဆုံးလို့ ယူဆရတဲ့ ဖြစ်စဉ် သို့မဟုတ် လူပုဂ္ဂိုလ်တွေကို ပေးအပ်လေ့ရှိတဲ့ ဆုဖြစ်ပါတယ်။ ဆုဇကာတင်စရင်းမှာတော့ အီရန်ဆန္ဒပြသူတွေ၊ တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်တရားရုံးချုပ်တို့ ပါ၀င်နေပါတယ်။ ယူကရိန်းရဲ့ စိတ်ဓါတ်ကတော့ နောက်ကွယ်ကနေတိုက်ခိုက်သူတွေအပါအ၀င် ကမ္ဘာတ၀န်းက ယူကရိန်းပြည်သူတွေကို ရည်ညွှန်းတယ်လို့ တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာ အက်ဒ၀ပ်ဖယ်ဆန်သယ်က ပြောပါတယ်။ သမ္မတဇီလန်စကီးကတော့ သူ့ကြောင့် ယူကရိန်းပြည်သူတွေ စိတ်ဓါတ်တက်ကြွစေခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ ရဲစွမ်းသတ္တိအတွက် နိုင်ငံတကာက အသိအမှတ်ပြုခဲ့ရကြောင်း တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်ပါတယ်။ အီရန်ဆန္ဒပြအမျိုးသမီးတွေကတော့ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၂၂ ခုနှစ်သူရဲကောင်းတွေအဖြစ် နဲ့ ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့…

Read More

နျုကလီးယားစစ်ပွဲဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) နျူကလီးယားစစ်ပွဲဖြစ်နိုင်ခြေဟာ မြင့်တက်လာကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ရုရှားဟာ ရူးနေတာမဟုတ်တဲ့အတွက် နျူကလီးယားလက်နက်တွေကို ဦးစွာအသုံးမပြုဘူးလို့ ပူတင်က အခိုင်အမာပြောဆိုလိုက်ပါတယ်။ ရုရှားကို တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစုလိုက်အပြုံလိုက်ပျက်စီးစေတဲ့ လက်နက်တွေအသုံးပြုမယ်လို့ ရုရှားသမ္မတက ပြောဆိုထားပြီး ယူကရိန်းစစ်ပွဲဟာ ကာလရှည်ကြာ လုပ်ငန်းစဉ်တခုဖြစ်နိုင်ကြောင်း ပူတင်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲအစမှာ ရုရှားဟာအရှိန်အဟုန်နဲ့တိုက်ခိုက်မှု အောင်ပွဲခံဖို့ မျှော်မှန်းခဲ့တယ်လို့ အနောက်နိုင်ငံတကာ၀န်ရှိသူတွေက ယုံကြည်နေကြပါတယ်။ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားနေပြီး ဒါကဖုံးကွယ်ထားရင် မှားလိမ့်မယ်လို့ ပူတင်ကဆိုပါတယ်။ ဒါပေမယ့် နျူကလီးယားလက်နက်တွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ဦးစွာအသုံးပြုဖို့ အစီအစဉ်မရှိကြောင်းနဲ့ ရုရှားရဲ့ နျုကလီးယားလက်နက်နဲ့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှာမဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။ မိမိတို့မရူးသေးတဲ့အတွက် ဒါတွေဟာနျူကလီးယားလက်နက်ဆိုတာကို သတိပြုမိကြောင်းနဲ့ လက်နက်တွေကို ဘရိတ်ဒါးတချောင်းလိုကိုင်ပြီး ကမ္ဘာပတ်နေမှာမဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ပြောဆိုပါတယ်။ Ref: BBC Photo:Reuters…

Read More

နစက ခန့်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ဦးအောင်သန်းဦး နဲ့ဦးစိုးစိုးဇော်တို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ဒီဇင်ဘာ ၈-၂၀၂၂ GG (VOM) နစက လက်ထက်မှာ ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး နဲ့ တိုင်းအစိုးရအတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေအတွက် ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ” ဦးလှစိုးကိုထောင် ၁၅ နှစ် ၊ ဦးအောင်သန်းဦးက ထောင် ၂၀ နှစ်၊ ဦးစိုးစိုးဇော်က ထောင် ၆ နှစ် ချလိုက်တာပါ ” လို့ တိုင်းအစိုးရအဖွဲ့ နဲ့နီးစပ်တဲ့ ရှေ့နေတဦးကပြောပါတယ်။ ဦးလှစိုးကို ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်းကိုတော့ ဇန်နဝါရီ ၃၁ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ဖမ်းဆီးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို စစ်ဆေးတာတွေကို လုပ်နေတယ်လို့…

Read More

နွားထိုးကြီးမြို့နယ်မှာ ၂ ရက်အတွင်း လူ ၈ ယောက် အသတ်ခံရ

ဒီဇင်ဘာ ၊ ၈ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မင်းရွာနားမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်အတွင်း အမျိုးသား ၈ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မင်းရွာမှာ ၂ ဆက်တိုက် အသတ်ခံရတာ လူ ၈ ယောက်ဖြစ်တယ် ၊ ဒီဇင်ဘာ ၆ ရက်က မင်းရွာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်မြင့် ၅၅ နှစ် နဲ့သူ့သား မောင်ကောင်းဆက်နိုင် ၁၇ နှစ် အသတ်ခံရတယ် ၊ ဒီဇင်ဘာ ၆ ရက်ညက ဖမ်းခေါ်သွားတဲ့ လူ ၆ ယောက်ကတော့ ၇ ရက်နေ့မနက်မှာ…

Read More

ကိုဗစ်ကို မေ့လျော့ထားကြပြီလား

သွေး (စစ်ကိုင်း) ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် 19 ဖြစ်ပွားမှု လျော့ကျလာတယ် ဆိုပေမဲ့ လုံးဝစိတ်ချရတဲ့ အနေအထားမာှ‌တော့ မရှိသေးသလို ကိုဗစ်မျိုးကွဲသစ်တွေလည်း ကမ္ဘာပေါ်မှာ ထပ်မံပေါ်ထွက် ကူးစက်နေဆဲပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ် 19 ရောဂါပိုးကူးစက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် မျိုးကွဲသစ်တွေ ဆက်လက် ထွက်ပေါ် ကူးစက်လာနိုင်တာကိုလည်း သတိပြုရမှာဖြစ်သလို အခုဆိုရင် ကိုဗစ် 19 စည်းကမ်းချက်တွေကို လိုက်နာသူတွေ နည်းပါးလာနေတာက ကိုဗစ်ကူးစက်မှု ပိုမို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ကိုဗစ် 19 ပထမလှိုင်းမှာတုန်းက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ ဘတ်စကားမှတ်တိုင်တွေမှာ ရောဂါ ကာကွယ်နိုင်ဖို့ ရေနဲ့ဆပ်ပြာ ထားရှိပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ရေနဲ့ ဆပ်ပြာ ထားရှိပေးတဲ့ လက်ဆေးဗေစင်တွေ မတွေ့ရတော့ပါဘူး။ ဒါအပြင် အပြင်ထွက်တဲ့အခါ…

Read More

ထနောင်း ကုက္ကို တမာလမ်း

ဆူးငှက် “မျက်နှာသုတ်ပဝါပေါင်းပြီး ဆောင့်ကြောင့်ထိုင်လိုက်လာသော လူကြီးက ဆေးပေါ့လိပ်ကြီးကို ခဲနေသည်။ မီးပွားမကျအောင် ဒူးနှစ်လုံးကြားတွင် ညှပ်ကိုင်ထားသည့် ဆီဘူးခွံတွင် ဆေးလိပ်ခေါင်းကို စိုက်ထားသည်။ သူသည် ဆေးလိပ်မှတစ်ပါး တစ်လောကလုံးကို မေ့နေဟန်တူသည် ။ဟောင်းလွန်းသဖြင့် အချို့နေရာမှာဖြူဖတ်ဖြူရော်ပင်ဖြစ်လာနေပြီးသော သက္ကလပ်အနက်အပေါ်အင်္ကျီကိုဝတ်ထားသော လူကြီးကား သျှောင်ထုံးကြီးပြောင်ပြောင် နူတ်ခမ်းမွေးထောင်ထောင်နှင့်ဖြစ်နေသည်။ သို့ရာတွင် မျက်နှာကား ရုပ်သေးစင်က ဝန်ကြီးရုပ်လို အတွင်းစိတ်ကို ဖတ်လို့မရသော မျက်နှာဖြစ်၏။ အထက်နှုတ်ခမ်းကွဲပြီး ရှေ့သွားနှစ်ချောင်း သွားဖုံးကစပြီး ပေါ်နေသော ကျောင်းသားအရွယ် တစ်ဦးသည် ဘတ်စ်ကား အတွင်းဘက်သို့ တစ်ခါမှ မကြည့်။ ဘေးပတ်ဝန်းကျင်ရှိ ယာခင်းပြင်ကြီးများ ဆီသို့သာ ငေးမောနေသည်။”” ကျွန်တော်သည် ဆရာသိန်းဖေမြင့်၏ “အညာပြန်” စာအုပ်ကို ဖတ်မိတိုင်း မုံရွာ-ဘုတလင် ကားလမ်းပေါ်က “တောကား” တစ်စီးနှင့် ခရီးသည်မြင်ကွင်းတွေကို သဘောကျမိသည်။ ဆရာသိန်းဖေမြင့်ကလည်း ကားပေါ်ပါလာသူ တစ်ဦးချင်းစီ၏ စရိုက်ကိုဖော် လာနိုင်သည်။ ခရီးသည်တွေ၏…

Read More
VOM News

FREE
VIEW