အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်ပြီးနောက် လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် ကွပ်မျက်မှုပြုလုပ်

ကဘူးလ်၊ ဒီဇင်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတဦးကို လူမြင်ကွင်းမှာ ကွပ်မျက်လိုက်ကြောင်း တာလီဘန်အဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီအမျိုးသားဟာ အခြားအမျိုးသားတဦးကို ဓါးနဲ့ထိုးသတ်ပြီး လက်ကိုင်ဖုန်းကို ခိုးယူခဲ့မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ တာလီဘန်အဖွဲ့ကပြောပါတယ်။

သူ့ကို နိုင်ငံတောင်ပိုင်းဖာရာပြည်နယ်ရှိ လူစည်ကားတဲ့ အားကစားကွင်းတခုမှာ ကွပ်မျက်လ်ိုက်တာဖြစ်ပြီး တာလီင်္ဘန်တို့အာဏာရပြီးနောက်ပိုင်း လူမြင်ကွင်းမှာ ပထမဆုံးကွပ်မျက်မှုလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့လကလည်း လိုဂါပြည်နယ်ရှိ လူစည်ကာတဲ့ အားကစားကွင်းထဲမှာ လူဒါဇင်များစွာကို ကြိမ်ဒဏ်ပေးခြင်းပြုလုပ်ခဲ့ပြီး လူမြင်ကွင်းမှာ ကွပ်မျက်မှုနဲ့ပတ်သက်ပြီး တာလီဘန်အဖွဲ့က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။

ရှာရီယာဥပဒေကို အပြည့်အဝြပဌာန်းအကောင်အထည်ဖော်ရန် တရားသူကြီးတွေကို တာလီဘန်ထိပ်တန်းခေါင်းဆောင်တွေက ညွှန်ကြားပြီးနောက် သီတင်းပတ်အတန်ကြာမှာ အခုလိုမျိုး လူမြင်ကွင်းမှာ ကွပ်မျက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW