နစက ခန့်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ဦးအောင်သန်းဦး နဲ့ဦးစိုးစိုးဇော်တို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ဒီဇင်ဘာ ၈-၂၀၂၂
GG (VOM)

နစက လက်ထက်မှာ ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး နဲ့ တိုင်းအစိုးရအတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေအတွက် ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

” ဦးလှစိုးကိုထောင် ၁၅ နှစ် ၊ ဦးအောင်သန်းဦးက ထောင် ၂၀ နှစ်၊ ဦးစိုးစိုးဇော်က ထောင် ၆ နှစ် ချလိုက်တာပါ ” လို့ တိုင်းအစိုးရအဖွဲ့ နဲ့နီးစပ်တဲ့ ရှေ့နေတဦးကပြောပါတယ်။

ဦးလှစိုးကို ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်းကိုတော့ ဇန်နဝါရီ ၃၁ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ဖမ်းဆီးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို စစ်ဆေးတာတွေကို လုပ်နေတယ်လို့ နစက က ဇွန်လမှာ ထပ်မံ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဦးလှစိုးနဲ့ ဦးအောင်သန်းဦး၊ဦးစိုးဇော်ဇော်တို့ ၃ဦးကို ရန်ကုန်တိုင်းအတွင်းက အစိုးရမြေယာတွေ ရောင်းချရာမှာ လာဘ်စားခဲ့တာကြောင့်ဆိုပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးမှုပြုလုပ်ကာ တရားစွဲဆိုအမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW