ဖမ်းဆီးခံထားရတဲ့ လယ်ဝေးက CDM ကျောင်းသား စစ်ကြောရေးမှာ သေဆုံး

ဒီဇင်ဘာ၊ ၁၃-၂၀၂၂
MM (VOM)

နေပြည်တော် ၊လယ်ဝေးမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၊ လယ်ဝေး မြို့က ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ် အနီး ဗုံးပေါက်ကွဲမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဖုန်းမြတ် စစ်ကြောရေးမှာသေဆုံးသွားတဲ့ အကြောင်းကို သင်္ဂြိုဟ်တဲ့နေ့မှာ မိသားစုတွေဆီ အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

”ကိုဖုန်းမြတ်က လယ်ဝေးမြို့မှာ နေထိုင်တာပါ ၊ သူက CDM ကျောင်းသားတဦး၊ အသက် ၁၉ နှစ်ပဲရှိသေးတာ ၊ ကိုဖုန်းမြတ် သေဆုံးတာကို စစ်ကြောရေးဘက်က နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရပ်ပြီး သေဆုံးတာလို့ အကြောင်းကြားတာပါ ၊ အလောင်းကို မိသားကို မျက်နှာပဲ ကြည့်ခွင့်ပေးတယ်တဲ့ ၊ အခု ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီး သုဿန်မှာ မီးသင်္ဂြိုဟ်ပြီးပါပြီတဲ့ ဘယ်နေ့သေလို့ ဘယ်လိုဖြစ်ရတာလည်း ၊ ဘာကြောင့် ကိုယ်လုံး တစ်ခုလုံး စစ်ရောင် ပိတ်စကြီးပတ်ထားရတာလည်း ဘာဆိုဘာမှ သိခွင့်မရတာလို့ ၊မိသားစုက ယူကျုံမရဖြစ်ရတယ်။”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုကာ အဖမ်းခံရတဲ့ ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့က အုန်းပင်အငှားတက် လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်တဲ့အချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ အထိ နိုင်ငံတဝှမ်း စစ်ကြောရေးမှာ သေဆုံးရသူ ၁၂၄ ဦးအထိရှိတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #လယ်ဝေး

Related posts

Leave a Comment

VOM News

FREE
VIEW