မက်ဆီကို လူကပ်ကစားမှာမဟုတ်ဘဲ အာဂျင်တီးနားတသင်းလုံးကို ထိန်းချုပ်ကစားမယ်လို့ ခရိုအေးရှားအသင်းပြော

ဒိုဟာ၊ ဒီဇင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို လူကပ်ကစားမှာမဟုတ်ဘဲ တသင်းလုံးဟန်ချက်မိမိနဲ့ကစားသွားမယ်လို့ ခရိုအေးရှားဘောလုံးသမားတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ခရိုအေးရှားဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒုတိယအကြိမ်ရောက်ရှိဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတာဖိုင်နယ်မှာ အချိန်ပိုအတွင်း ဂိုးသွင်းခံခဲ့ရပေမယ့် ပင်နယ်တီနဲ့ ခရိုအေးရှားက အံ့အားသင့်ဖွယ်နိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ထိန်းချုပ်ဖို့ တိကျတဲ့အစီအစဉ်မရှိကြောင်း ၊ အသင်းအနေနဲ့ ကစားသမားတဦးထဲကို ထိန်းချုပ်ဖို့ အာရုံစိုက်မှာမဟုတ်ကြောင်း ခရိုအေးရှားတိုက်စစ်မှူး ဘရူနိုပက်ကိုဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူတယောက်ချင်းဆိုတာထက် အသင်းတသင်းလုံးကို ရပ်တန့်ဖို့ကြိုးစားသွားမှာဖြစ်ပြီး အာဂျင်တီးနားမှာ မက်ဆီသာမက ထူးချွန်တဲ့ကစားသမားတွေအများကြီးရှိတဲ့အတွက် အာဂျင်တီးနားတသင်းလုံးကို ထိန်းချုပ်ကစားသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ Ref: Reuters #voiceofmyanmar #VOM #ဒိုဟာ

Read More

ဖမ်းဆီးခံထားရတဲ့ လယ်ဝေးက CDM ကျောင်းသား စစ်ကြောရေးမှာ သေဆုံး

ဒီဇင်ဘာ၊ ၁၃-၂၀၂၂ MM (VOM) နေပြည်တော် ၊လယ်ဝေးမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၊ လယ်ဝေး မြို့က ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ် အနီး ဗုံးပေါက်ကွဲမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကိုဖုန်းမြတ် စစ်ကြောရေးမှာသေဆုံးသွားတဲ့ အကြောင်းကို သင်္ဂြိုဟ်တဲ့နေ့မှာ မိသားစုတွေဆီ အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ ”ကိုဖုန်းမြတ်က လယ်ဝေးမြို့မှာ နေထိုင်တာပါ ၊ သူက CDM ကျောင်းသားတဦး၊ အသက် ၁၉ နှစ်ပဲရှိသေးတာ ၊ ကိုဖုန်းမြတ် သေဆုံးတာကို စစ်ကြောရေးဘက်က နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရပ်ပြီး သေဆုံးတာလို့ အကြောင်းကြားတာပါ ၊ အလောင်းကို မိသားကို မျက်နှာပဲ…

Read More

မက်ဆီနဲ့ မိုဒရစ်အားပြိုင်ကြမယ့် အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်

ဒိုဟာ၊ ဒီဇင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာကျော်ဘောလုံးသမား မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပေမယ့် ဒီနေ့ညမှကစားမယ့် ဆီမီးဖိုင်နယ်မှာတော့ ဘောလုံးဘိုးအေကြီး ဘရာဇီးလိုအသင်းမျိုးကို ကွာတာဖိုင်နယ်မှာ နောက်ကောက်ချနိုင်ခဲ့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဟာ ဘရာဇီးနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အချိန်ပို ၁၀၅ မိနစ်မှာ ဘရာဇီးတိုက်စစ်မှူးနေမာရဲ့ ဦးဆောင်ဂိုးနဲ့ရှုံးနိမ့်နေရာကနေ ၁၁၇ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီနဲ့ အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ရှုံးပွဲမရှိခဲ့ဘဲ တပွဲနိုင်နှစ်ပွဲသရေနဲ့ တက်လာခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ရှုံးထွက်အဆင့်မှာ ဂျပန်ကိုပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရကာ ကွာတာဖိုင်နယ်မှာတော့ ဘရာဇီးအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းကတော့ အုပ်စုအဆင့်မှာ တပွဲရှုံး၊ နှစ်ပွဲအနိုင်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ သြစတြေးလျနဲ့ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ တိုက်စစ်ကဂိုးသွင်းအားကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အာဂျင်တီးနားက…

Read More

နည်းပညာမြင့်ချစ်ပ်တွေ ရောင်းချမှုပိတ်ပင်တာကြောင့် အမေရိကန်ကို တရုတ်က တရားစွဲ

ပေကျင်း၊ ဒီဇင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံသို့ နည်းပညာမြင့်ချစ်ပ်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်ကထိန်းချုပ်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အမေရိကန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တရားစွဲလိုက်ပါတယ်။ အမေရိကန်ရဲ့ အခုလိုကန့်သတ်ချက်တွေဟာ နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ မကြသေးမီနှစ်တွေအတွင်း အမေရိကန်ဟာ ပို့ကုန်ထိန်းချုပ်ရေးအစီအမံတွေကို အလွဲသုံးစွဲလုပ်ခဲ့ပြီး နိုင်ငံတကာမှာ ချစ်ပ်နဲ့အခြားထုတ်ကုန်တွေ ပုံမှန်ကုန်သွယ်မှုတွေကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ တရုတ်နိုင်ငံကဆိုပါတယ်။ တရုတ်နိုင်ငံကို ဥာဏ်ရည်တုနဲ့ စူပါကွန်ပြူတာတွေမှာအသုံးပြုတဲ့ အဆင့်မြင့်ချစ်ပ်နဲ့ဆက်စပ်ပစ္စည်းတွေ တင်ပို့မှုထိန်းချုပ်မှုတွေကို တင်းကြပ်ကြောင်း အမေရိကန်က အောက်တိုဘာလအတွင်းမှာ ကြေညာပြီးနောက်မှာ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ အမေရိကန်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအဆင့်မြင့်ချစ်ပ်တွေဟာ အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်မှုမှာ အသုံးပြုနိုင်ပြီး အမေရိကန်နဲ့ နည်းပညာနယ်ပယ်မှာ ယှဉ်ပြိုင်မှုတွေပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံကလည်း သူ့ရဲ့ပြည်တွင်းချစ်ပ်ထုတ်လုပ်မှုအပေါ် အလေးထားလုပ်ဆောင်နေပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ပေကျင်း

Read More

ဒီပဲယင်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၉ ရွာ မီးရှို့ခံရလို့ လူနေအိမ် ၁၆၀၀ ကျော် ပျက်စီးဆုံးရှုံး

ဒီဇင်ဘာ ၁၃ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦး ခရိုင် ၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၉ ရွာမှာရှိတဲ့ လူနေအိမ်တွေ မီးရှို့ခံရတာကြောင့် အိမ်ခြေပေါင်း ၁၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အခုလ ၁ ရက်နေ့ကစပြီး ၁၂ ရက်အထိ ရွာပေါင်း ၁၉ ရွာက လူနေအိမ်တွေ မီးရှို့ခံရတယ် ၊ တချို့ရွာတွေဆိုရင် အရင်တခါ ရှို့ခံရပြီးလို့ အိမ်သစ်လေးတွေ ပြန်ဆောက်ထားတာပါ ၊ အဲ့ဒီ အိမ်လေးတွေပါ ထပ်ပြီးရှိုခံရတာဖြစ်တယ်၊ တချို့ မီးဘေးသင့်တဲ့သူဟာ သုံးကြိမ်ဆက်တိုက် သင့်ခဲ့ကြတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ လတ်တလော မီးရှို့ဖျက်ဆီးခံရတဲ့ ရွာပေါင်း ၁၉ ရွာ ၊လူနေအိမ်ခြေ…

Read More

အိန္ဒိယနဲ့ တရုတ် အငြင်းပွားဖွယ်နယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ပဋိပက္ခဖြစ်ပွားပြန်

ဒေလီ၊ ဒီဇင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားရှိ အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယတပ်ဖွဲ့၀င်တွေဟာ တရုတ်တပ်ဖွဲ့၀င်တွေနဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယက ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။ အငြင်းပွားဖွယ်နယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေအကြား ၂၀၂၀ ခုနှစ်အတွင်းက အိန္ဒိယတပ်ဖွဲ့၀င် ၂၄ ဦးသေဆုံးခဲ့တဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက် တင်းမာမှုတွေ လျှော့ချဖို့ နှစ်နိုင်ငံစလုံးက အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံ အရှေ့ဘက်စွန်း အာရူနာချိုင်ပရာဒေ့ရ်ှပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က နှစ်ဘက်တပ်ဖွဲ့၀င်များအကြား ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။ ဒီဖြစ်စဉ်အတွင်း နှစ်ဘက်တပ်ဖွဲ့၀င်တွေ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး သေဆုံးမှုမရှိခဲ့ပါဘူး။ ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ပဋိပက္ခဖြစ်ပွားပြီးနောက်မှာ နှစ်ဘက်တပ်တွေဟာ အဆိုပါဒေသမှ ချက်ချင်းဆုတ်ခွာခဲ့ပြီး အိန္ဒိယတပ်ဖွဲ့၀င် ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယစစ်တပ်သတင်းရင်းမြစ်တွေက ရိုက်တာကိုပြောပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ အခြေအနေပြန်လည်တည်ငြိမ်းရေးအတွက် နှစ်နိုင်ငံတပ်မှူးတွေ ချက်ချင်း…

Read More

YBS ယာဉ်လိုင်းနဲ့ ယာဉ်မောင်းအချို့ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်မှု ပိုများလာနေ

ဒီဇင်ဘာ ၁၃ – ၂၀၂၂ SN (VOM) လက်ရှိ YBS ယာဉ်လိုင်းနဲ့ ယာဉ်မောင်းအချို့အနေနဲ့ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ YBS စီးတဲ့ ခရီးသွားပြည်တွေဆီက သိရပါတယ်။ YBS ယာဉ်လိုင်းအချို့ဟာ လက်ရှိမှာ အရင် မထသခေတ်ကလို တစီးနဲ့တစီး အပြိုင်အဆိုင် ကျော်တက်မောင်းနှင်တာ၊ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာ၊ ကတ်ဖြတ်စက်တွေကို တိပ်တွေနဲ့ပိတ်ထားတာ၊ စက်ကို ဖြတ်ခွင့်မပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “တချို့ကားသမားတွေဆို အသက်ကြီးနေပြီ။ ပိုက်ဆံရပြီးရော ခရီးသည်တွေကို ဇွတ်တင်တာ။ ကားတစီးလုံး ကျပ်ညှပ်၊ ခြေနင်းခုံအထိ လူတွေအပြည့်။ ကားတံခါးတောင် မပိတ်နိုင်ဘူး။ ပိုက်ဆံရပြီးရော မလုပ်သင့်ဘူး။ တချို့ကားသမားတွေဆို ခရီးသည်တွေကို စိတ်မရှည်ဘူး ဆဲပါဆဲသေးတာ။ အခုခေတ်က ခါးပိုက်နှိုက်တွေ ပိုပေါလာရတဲ့အထဲ ကားကျပ်တာ အရမ်းအန္တရာယ်များတယ်။ ပြီးတော့ ကားကိုဘရိတ်ဆောင့်အုပ်တာကလည်းရှိသေးတယ်။ မတော်လို့ လူပြုတ်ကျရင်လည်း တာဝန်ယူမှုကမရှိဘူး”လို့…

Read More

၈၈ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးကိုကိုကြီး ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်ရာ

နစက အာဏာရယူပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီး ဘာလုပ်နေသလဲ ၊ ဘယ်လိုရပ်တည်နေသလဲ၊ တိုင်းပြည်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို သူဘယ်လိုရှုမြင်သုံးသပ်ထားသလဲ ၊ VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ကိုကိုကြီးအင်တာဗျူး Youtube Link – https://youtu.be/JDb38u_vFO4

Read More
VOM News

FREE
VIEW