ပီရူးတွင် သမ္မတကို ဖမ်းဆီးထိန်းသိမ်းမှုအပေါ် ဆန္ဒပြမှုတွေကြောင့် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားရ

လီမာ၊ ဒီဇင်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

ပီးရူးသမ္မတ ပက်ထရိုကာစတီလိုကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေတာကြောင့် နိုင်ငံအရေးပေါ်အခြေအနေကို ပီရူးအစိုးရသစ်က ကြေညာလိုက်ပါတယ်။

သမ္မတကာစတီလိုဟာ သူ့ကိုကွန်ဂရက်က စွပ်စွဲပြစ်တင်ခြင်းမပြုမီမှာ ကွန်ဂရက်ကို ဖျက်သိမ်းဖို့ကြိုးပမ်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ လေဆိပ်တွေကို၀င်စီး အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲတပ်ဖွဲ့နဲ့လည်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လူခုနှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပီရူးကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြမှုတွေကြောင့် လေဆိပ်နဲ့ အဓိကကားလမ်းမကြီးတွေကို ပိတ်ထားရပြီး နိုင်ငံအနှံ့မှာ ခရီးသွားတွေ သောင်တင်နေပါတယ်။

ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ပီရူးအစိုးရသစ်က နိုင်ငံအရေးပေါ်အခြေအနေကို ရက် ၃၀ ကြာကြေညာလိုက်တာဖြစ်ပါတယ်။

ပီရူးသမ္မတသစ်ကတော့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ ကျင်းပပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #လီမာ

Related posts

Leave a Comment

VOM News

FREE
VIEW