ရေဦးမြို့နယ်မှာ ၃ ကြိမ်ဆက်တိုက် မီးရှို့ခံရတာကြောင့် ပေါ်တူဂီရွာဟောင်းကြီး ပြာကျ

ဒီဇင်ဘာ ၊ ၁၅ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ အနောက်ခြမ်းမှာရှိတဲ့ ချမ်းသာရွာကြီး ခေါ် ပေါ်တူဂီရွာဟောင်းကြီးဟာ ၃ ကြိမ်ဆက်တိုက် မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ်နီးပါး ပြာကျသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။ “ချမ်းသာရွာကြီး ခေါ် ပေါ်တူဂီ ရွာဟောင်းမှာ အရင်က လူနေအိမ်ခြေ ငါးရာဝန်းကျင်ရှိတယ် ၊ ဒီနှစ် မေ ၇ ရက်က ပထမအကြိမ် မီးရှို့ခံရတယ် ၊ လူနေအိမ်၂၄ လုံး ဆုံးရှုံးခဲ့တယ် ၊ အဲ့ဒီနောက် ဇွန် ၇ ရက်မှာ လူနေအိမ် တစ်ရာကျော် ဒုတိယအကြိမ် မီးရှို့ခံရတယ် ၊ မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ တတိယအကြိမ် မီးရှို့ခံရတယ် ၊ ချမ်းသာရွာ…

Read More

MSMEလုပ်ငန်းတွေ ချေးငွေ အများဆုံး ကျပ် သန်း ၅၀၀ အထိ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်

ဒီဇင်ဘာ ၁၅ – ၂၀၂၂ SN (VOM) အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေ အများဆုံး ကျပ် သန်း ၅၀၀ အထိ လျှောက်ထား ရယူနိုင်တယ်လို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာ ၁၅ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။ အခု ချေးငွေတွေကို MSME လုပ်ငန်းရှင်တွေအနေနဲ့ JICA Two-Step Loan ချေးငွေဆောင်ရွက်တဲ့ဘဏ် – မြန်မာ့စီးပွားရေးဘဏ် (MEB)၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ်တို့မှာ ရယူနိုင်တယ်လို့ သိရပါတယ်။ “တကယ်ပေးလို့ တကယ်ရရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော့်တယောက်တည်းရဲ့အမြင်နဲ့ဆိုရင်တော့ ကျွန်တော့်အထင်တော့ ဒါက…

Read More

အရှေ့ဥရောပရဲ့ မဟာဗျူဟာနေရာ ပိုလန်မြောက်ပိုင်းမှာ နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်

ဝါဆော၊ ဒီဇင်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) နေတိုးတပ်ဖွဲ့၀င်တွေဟာ အရှေ့ဥရောပရဲ့ မဟာဗျူဟာကျတဲ့ ပိုလန်အရှေ့မြောက်ပိုင်းမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ အခြားနေတိုးအဖွဲ့၀င်နိုင်ငံတွေက တပ်ဖွဲ့တွေရဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်တင့်ကားတပ်ဖွဲ့တွေလည်း ပါ၀င်ခဲ့ပါတယ်။ ပိုလန်မှာ နေတိုးအဖွဲ့ရဲ့နိုင်ငံစုံတပ်ဖွဲ့ခွဲတခုရှိနေပြီး အခြေစိုက်စခန်ဟာ ပိုလန်နဲ့ လစ်သူရေးနီးယားကြားရှိ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ ဆူဝေါ်ကီဂက်ပ်အနီးမှာရှိပါတယ်။ အဲဒီနေရာဟာ ရုရှားရဲ့ ကလီနင်ဂါတ်နဲ့ ရုရှားရဲ့မဟာမိတ် ဘီလာရုစ်ကြားက မဟာဗျူဟာမြောက် နေရာလည်းဖြစ်ပါတယ်။ အဲဒီဒေသမှာ နေတိုးရဲ့ နိုင်ငံစုံ တပ်တွေစုစည်းထားရှိတာဟာ နေတိုးတပ်ဖွဲ့များကို ပိုမိုအားကောင်စေပြီး ရန်သူကျူးကျော်မှုအခြအနေတရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ အမေရိကန်တပ်မှူးတဦးကပြောပါတယ်။ နေတိုးအဖွဲ့ဟာ မကြာသေးမီကာလအတွင်းကလည်း ပိုလန်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ Ref: NHK Photo:US…

Read More

စစ်ကိုင်းတိုင်းမှာ NLD ကိုယ်စားလှယ်ဟောင်း ၁ ဦးအပါအဝင် ၊ လူ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ဒီဇင်ဘာ ၁၅ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊မော်လိုက်မြို့နယ်နဲ့ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်တို့မှာ မနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦး အပါအဝင် လူ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာ မော်လိုက်မြို့နယ် ၊ ကံထူးကျေးရွာမှာနေတဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဗိုလ်သိန်း ဆိုသူဟာ နေအိမ်မှာ မိသားစုနဲ့အတူ ရှိနေတဲ့အချိန် အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထဲက အထက်တန်းကျောင်းခွဲ စာသင်ကျောင်းရှေ့မှာ သတ်ထားခဲ့တာ “လို့ ကံထူးရွာခံ ပရဟိတသမား တယောက်က ပြောပါတယ်။ ဒါ့အပြင် မော်လိုက်မြို့နယ် ၊ သာနန်းတောကျေးရွာမှာနေတဲ့ ဦးပေါဌေး…

Read More

မန္တလေးမြို့က ပျောက်ဆုံးနေတဲ့ ၅နှစ်သားကလေး ၅ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

ဒီဇင်ဘာ ၁၅-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၁လမ်း လမ်း၃၀နဲ့၃၁လမ်းကြားက နေအိမ်မှာ မောင်ဇွဲဝေယံထွန်း အသက် ၅နှစ် ကလေးဖြစ်သူဟာ ဆော့ကစားနေချိန် ပျောက်ဆုံးသွားတဲ့ဖြစ်စဥ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ရက်က ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်ထိ ပျောက်ဆုံးနေတဲ့ ကလေးကို ပြန်လည်ရှာတွေ့ခြင်း မရှိသေးတာကြောင့် မိသားစုအသိုင်းအဝိုင်းက စိတ်ပူပန်သောက ရောက်နေကြရတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ အဖွားဖြစ်သူကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ၂နာရီထိုးတော့ သူ့အဖိုးက ရေချိုးပေးဖို့ အောက်ထပ်ကို ခေါ်တယ်၊ ကျမတို့က မုန့်လုပ်တာပါ အဲ့ဒီတော့ အဖိုးဖြစ်သူက သား ခဏလေးစောင့်အုံး ဖိုးဖိုး ဂျုံလေးချလိုက်အုံးမယ်ဆိုပြီး သူ့မြေးကိုပြောတယ်၊ အဲ့ဒီအချိန် ကလေးက အိမ်ရှေ့ပေါ့ အိမ်ရှေ့ဆိုတာကလည်း အိမ်ထဲနဲ့ သုံးပေအကွာလောက်မှာ သေနတ်လေးနဲ့ ဆော့နေတာ သေနတ်လေးကလည်း အသံမြည်နေတယ် ဆော့နေတာ၊ ကျမက…

Read More

ပီရူးတွင် သမ္မတကို ဖမ်းဆီးထိန်းသိမ်းမှုအပေါ် ဆန္ဒပြမှုတွေကြောင့် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားရ

လီမာ၊ ဒီဇင်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) ပီးရူးသမ္မတ ပက်ထရိုကာစတီလိုကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေတာကြောင့် နိုင်ငံအရေးပေါ်အခြေအနေကို ပီရူးအစိုးရသစ်က ကြေညာလိုက်ပါတယ်။ သမ္မတကာစတီလိုဟာ သူ့ကိုကွန်ဂရက်က စွပ်စွဲပြစ်တင်ခြင်းမပြုမီမှာ ကွန်ဂရက်ကို ဖျက်သိမ်းဖို့ကြိုးပမ်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ လေဆိပ်တွေကို၀င်စီး အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲတပ်ဖွဲ့နဲ့လည်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် လူခုနှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပီရူးကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဆန္ဒပြမှုတွေကြောင့် လေဆိပ်နဲ့ အဓိကကားလမ်းမကြီးတွေကို ပိတ်ထားရပြီး နိုင်ငံအနှံ့မှာ ခရီးသွားတွေ သောင်တင်နေပါတယ်။ ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ပီရူးအစိုးရသစ်က နိုင်ငံအရေးပေါ်အခြေအနေကို ရက် ၃၀ ကြာကြေညာလိုက်တာဖြစ်ပါတယ်။ ပီရူးသမ္မတသစ်ကတော့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ ကျင်းပပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More
VOM News

FREE
VIEW