စစ်ကိုင်းတိုင်းမှာ NLD ကိုယ်စားလှယ်ဟောင်း ၁ ဦးအပါအဝင် ၊ လူ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ဒီဇင်ဘာ ၁၅ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊မော်လိုက်မြို့နယ်နဲ့ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်တို့မှာ မနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦး အပါအဝင် လူ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာ မော်လိုက်မြို့နယ် ၊ ကံထူးကျေးရွာမှာနေတဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဗိုလ်သိန်း ဆိုသူဟာ နေအိမ်မှာ မိသားစုနဲ့အတူ ရှိနေတဲ့အချိန် အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထဲက အထက်တန်းကျောင်းခွဲ စာသင်ကျောင်းရှေ့မှာ သတ်ထားခဲ့တာ “လို့ ကံထူးရွာခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် မော်လိုက်မြို့နယ် ၊ သာနန်းတောကျေးရွာမှာနေတဲ့ ဦးပေါဌေး ဆိုသူကို မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ် ၂ ခုကို မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးစုံစမ်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် မနေ့က မနက် ၁၀ နာရီဝန်းကျင်ကလည်း ရွှေဘိုခရိုင် ၊ရွှေဘိုမြိုနယ် ၊ မင်းကုန်ကျေးရွာ ၊ နိဗ္ဗာန်ဆိပ်ဦး ဘုရားလမ်းပေါ်မှာ အမည်မသိ အမျိုးသား တစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ထားတာကြောင့် အဲ့ဒီ ရုပ်အလောင်းကို ရွှေဘိုမြို့ခံ လူမှုကူညီရေးအဖွဲ့က ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်ထဲမှာ စစ်ကိုင်းတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦး အပါအဝင် လူ ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-လွှတ်တော်ကိုယ်စာလှယ်ဟောင်း ဦးဗိုလ်သိန်း
#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW