ချောင်းဦးမြို့နယ် အမြင့်ရဲကင်းစခန်းမှာ တိုက်ပွဲ ဖြစ်လို့ ရဲ တဦးသေဆုံး

ဒီဇင်ဘာ ၊ ၂၅ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့် စံပြမြို့ဟောင်းမှာရှိတဲ့ အမြင့် ရဲကင်းစခန်းဟာ ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခံရပြီး အဲ့ဒီ တိုက်ခိုက်ခံရမှုကြောင့် ရဲ တဦးသေဆုံးသွားတယ်လို့ အမြင့်ကျေးရွာမှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” အမြင့်ရဲစခန်းမှာ မနေ့က မွန်းလွဲ၁ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ ရဲစခန်းနဲ့ တဖက်ကရာဂဏန်းပစ်ကြတာဖြစ်တယ် ၊ လေကြောင်း ပစ်ကူတွေရောက်လာမှ ပွဲပြီးသွားတာ ၊ ရဲတယောက်ကျဆုံးပြီး ၊ ကျန်ရဲတချို့ ထိခိုက်ဒဏ်ရာရတယ် ၊ ဒဏ်ရာရတဲ့သူ အရေအတွက် မသိရသေးဘူး ၊ အမြင့်ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာက တပတ်လောက်ရှိနေပြီ ” လို့ အမြင့်ရွာခံ တယောက်က ပြောပါတယ်။

အမြင့် ရဲကင်းစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ရဲကင်းစခန်းပေါ်ကို ဒရုန်းနဲ့ ဗုံးသီးတွေပစ်ခတ်တယ် ၊ မြေပြင် ပစ်ခတ်မှုလည်း ဖြစ်တယ် ၊ ရဲ တယောက်ကျဆုံးပြီး တပ်ဖွဲ့ဝင်တချို့ မစိုးရိမ်ရ ဒဏ်ရာရတာရှိတယ် ၊ ရဟတ်ယာဥ်တွေ အချိန်မီရောက်လာပြီး ပစ်ကူပေးခဲ့တယ် ၊ တဖက်ကဆုတ်ခွာထွက်ပြေးတဲ့နောက်ကို လိုက်လံရှင်းလင်း နေဆဲမို့ ၂ ဖက် သေဆုံး ဒဏ်ရာရ အရေအတွက် မသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်း အတိုက်ခံရပြီး ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ ပါသွားတာ ဖြစ်ခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #အမြင့်ရဲစခန်း #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW