မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်(၅)စင်း တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်၀င်ရောက

ဆိုးလ်၊ ဒီဇင်ဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်ငါးစင်းဟာ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး တောင်ကိုရီးယား ဘက်ကို ၀င်ရောက်ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီ မောင်းသူမဲ့လေယာဉ်တွေဟာ ဂျောင်ဂျီပြည်နယ်၀န်းကျင် နယ်စပ်ဒေသတလျှောပ်ရှိ တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်တစင်းကတော့ မြို့တော်ဆိုးလ်ရဲ့ မြောက်ဘက်စွန်းအနီးထိ ပျံသန်းခဲ့တာကြောင့် တောင်ကိုရီးယားတိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဖြန့်ကြက်ခဲ့ပြီး ရဟတ်ယာဉ်တွေကနေ သတိပေးပစ်ခတ်မှု အကြိမ် ၁၀၀ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ခြေရာခံမှုပျောက်ဆုံးသွားပြီး ပျံသန်းမှုကို မတွေ့ရှိရတော့ကြောင်း၊ ဒါဟာ မြောက်ကိုရီးယားရဲ့ ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် တာ၀န်ရှိသူတဦးကပြောပါတယ်။

မောင်းသူမဲ့လေယာဉ်တွေကို ဒေသစံတော်ချိန်နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင်ပြုလုပ်နေပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာ တောင်ကိုရီးယားဘက်ကို မောင်းသူမဲ့လေယာဉ်တွေ ဖြတ်ကျော်၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW