ဒီဇင်ဘာ ၇-၂၀၂၂ MM(VOM) ဧရာဝတီတိုင်းက ကျေးရွာတွေမှာ ရှော့ခ်တိုက်ငါးဖမ်းမှုတွေကြောင့် သောက်သုံးရေ ညစ်ညမ်းနေရတယ်လို့ ဧရာဝတီတိုင်းဒေသခံတွေကပြောပါတယ်။ “ရှော့ခ်တိုက်ငါးဖမ်းတာကလည်း တရားဝင်လို ပေါ်ပေါ်တင်တင်လုပ်နေကြတယ် ၊ သူတို့အဆင်ပြေလို့ သူတို့ ပြီးလို့လုပ်တာကို မပြောဘူး ၊ အခုဆို ရေစီးရေလာ မကောင်းတော့ဘူး၊ ရေနည်းကာလကိုလည်း ရောက်လာပါပြီ၊ ရေတွေ ပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ဒေသခံတွေ တော်တော်လေးကို အခက်အခဲနဲ့ တွေ့နေရပါတယ်၊ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ ဒီကိစ္စကို အရဲစွန့်ပြောတာ ၊ ဒီလိုနည်းနဲ့ ငါးဖမ်းတာဟာ တရားမဝင်ဘူးဆိုတာ သိသိလျက်နဲ့ လုပ်နေတာ၊ နောက်ပြီး အင်းချောင်းတွေကလည်း ရေတွေနုတ်ချနေတော့ ရေတွေ တော်တော်ပုပ်ကုန်တာ”လို့မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံတဦးက VOM ကိုပြောပါတယ်။ ဧရာဝတီတိုင်းရှိ ကျိုက်လတ်မြို့နယ်ထဲက ကျေးရွာ ၂၀ လောက် ၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ကျေးရွာ…
Read MoreYear: 2022
ဂျာမနီမှာ အာဏာသိမ်းဖို့ ကြံစည်နေတဲ့အဖွဲ့ကို အာဏာပိုင်တွေ ဖမ်းဆီး
ဘာလင်၊ ဒီဇင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ဂျာမနီနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ ကြံစည်နေတဲ့အဖွဲ့ကို နိုင်ငံတ၀န်း ပြည်နယ် ၁၁ ခုမှာ စီးနှင်းခဲ့ပြီးနောက် လူ ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ လက်ယာစွန်းနဲ့ စစ်အာရှင်ဟောင်းအုပ်စုက ပါလီမန်ကို ၀င်ရောက်စီးနှင်းကာ အာဏာသိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဂျာမနီသတင်းစာတွေက ရေးသားဖော်ပြထားပါတယ်။ ဒီလိုအာဏာသိမ်းဖို့ ကြံစည်မှုကို Heinrich XIII လို့ခေါ်တဲ့ အသက် ၇၁ နှစ်အရွယ် ဂျာမနီအမျိုးသားတဦးက အဓိက ကြိုးကိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ နိုင်ငံတ၀န်း စီးနှင်းမှုတွေလုပ်ဆောင်ပြီးနောက်မှာ သြစတြီးယားနဲ့ အီတလီတို့မှာလည်း လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီအခြေစိုက် ဒီပီအေ သတင်းဌာနကဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၂၁ ခုနှစ် နို၀င်ဘာလကတည်းက အကြမ်းဖက်အာဏာသိမ်းဖို့ ကြံစည်နေတာဖြစ်ကြောင်း နဲ့ အကြမ်းဖက်မှုဆန့်ဆင်ရေး စစ်ဆင်ရေးကြီးတခုပြီးဆုံးသွားပြီလို့ ဂျာမနီတရားရေး၀န်ကြီး မက်ခရိုဘိုခ်ျမန်းက ပြောပါတယ်။ Ref: BBC Photo:Getty…
Read Moreဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တရုတ်မှာ တင်းကြပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ရုပ်သိမ်း
ပေကျင်း၊ ဒီဇင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်တွေအပေါ် ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တပတ်အကြာမှာ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပါတယ်။ ဒီလိုဆန္ဒပြမှုတွေဟာ တရုတ်နိုင်ငံမှာ ရှားရှားပါးပါးဖြစ်ပြီး ဆန္ဒပြသူတွေဟာ တရုတ်သမ္မတ ရှီကျင်းပင် နှုတ်ထွက်ရေးတို့ကိုပါ တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသူတွေနဲ့ အနည်းငယ်သာပြသူတွေဟာ အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ မဟုတ်ဘဲ နေအိမ်မှာသာ ကွာရန်တင်း၀င်နိုင်ပြီဖြစ်ပါတယ်။ ကျောင်းတွေနဲ့ ဆေးရုံတွေမှာ ပီစီအာ စစ်ဆေးမှုလိုအပ်ပေမယ့် အခြားနေရာအများအပြားမှာတော့ စမ်းသပ်မှုရလဒ် မလိုအပ်တော့ပါဘူး။ ကန့်သတ်ချက်တွေ ရုတ်တရက်ဖြေလျော့လိုက်တာနဲ့ ပတ်သက်ပြီး စိတ်သက်သာရသူတွေရှိသလို စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။ ဒီအပြောင်းအလဲဟာ တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀မကူးစက်ရ မူဝါဒကိုစွန့်ပြီး တခြားကမ္ဘာ့နိုင်ငံတွေလို ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ရေးကို ကြိုးပမ်းနေတာကို ပြသလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေပြီး နေ့စဉ်ကူးစက်မှု သုံးသောင်းကျော်ထိရှိနေပါတယ်။ Ref: BBC…
Read Moreသေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ လှုပ်ရှားမှုများပြုလုပ်
ဒီဇင်ဘာ ၇ – ၂၀၂၂ SN (VOM) ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်လုပ်ဆောင်နေရာ လက်ရှိမှာတော့ လူမှုကွန်ရက်ပေါ်မှာပါ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂က/၃၄ နဲ့ နစကက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလိုသေဒဏ်ချတာကို ခြွင်းချက်မရှိ ဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ “Stop Executing Our Students၊ Stop Executing Our Friends၊ Dagon…
Read Moreကသာမြို့နယ်ထဲက မြေနုကျေးရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလို့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ကသာမြို့နယ် ၊ မြေနုကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၆ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပြီး မြေနုရွာထဲက လူနေအိမ်တွေ မီးလောင်ပျက်စီးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွာဘက်ကို စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်ရတယ် ၊ ရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ရွာထဲက လူနေအိမ် ၂၀ ကျော် မီးလောင်တယ် ၊ ရွာမှာက အိမ်ခြေ ၁၆၀ လောက်ရှိတဲ့အထဲက အိမ် ၂၀ ကျော် မီးလောင်တယ် ၊ အိမ်မွေးတိရစ္ဆာန်တချို့သေတယ် ၊ လူအသေအပျောက်တော့ မရှိဘူး “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။…
Read Moreတိုက်ပွဲရပ်ထားပေမယ့် ရသေ့တောင်က စစ်ဘေးရှောင်တွေ အကူအညီတွေမရလို့ အခက်တွေ့နေ
ဒီဇင်ဘာ ၇- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်တန့်ထားတာ ၂ ပတ်နီးပါး ကြာလာပြီဖြစ်ပေမယ့် တဘက်မှာလည်း တိုက်ပွဲကာလတုန်းက ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအကူအညီတွေမရတာကြောင့်အငတ်ဘေးတွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ နှစ်ဖက်အပစ်ရပ်လိုက်ကြလို့ လမ်းတချို့ဖွင့်လိုက်ပေမယ့် လူသားချင်းစာနာမှုအကူအညီတွေ ဘာတခုမှ ရောက်လာတာမရှိသေးဘူးလို့ စစ်ရှောင်တွေကပြောကြပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့ စေတီတောင်စစ်ဘေးရှောင်စခန်းမှာခိုလုံနေတဲ့ အမျိုးသမီးတဦးက “စားဝတ်နေရေး အခက်အခဲဖြစ်နေကြပါပြီ။ ဆောင်းရာသီရောက်လာလို့ ခြင်ထောင်တွေ၊ စောင်တွေ လိုအပ်လာပါပြီ၊ လမ်းတွေ ပြန်ဖွင့်တယ်ဆိုလို့ အကူအညီတွေလာမလား မျှော်နေကြတာလည်း မောနေပါပြီ။” လို့ ပြောပါတယ်။ ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ အကူအညီတွေမရတာ ၃ လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ အရင်က လူကယ်ပြန်ကနေပေးနေတဲ့ ဆန်လည်း မရတော့ဘူးလို့ ပြောပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာနေတာကြောင့် ဆန်တအိတ်ကို ကျပ် ၇ သောင်းအထိ ပေးရတာကြောင့်…
Read Moreပေါက်မြို့နယ်မှာ ဘုန်းကြီးတပါးနဲ့ ကျောင်းအုပ်ဆရာကြီး တဦး သတ်ခံရပြီး ၊ ကျောင်းဆရာမ ၄ ဦး ဖမ်းဆီးခံရ
ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကူးကားကျေးရွာအုပ်စု ၊ ပေါက်ချောင်း ( အလယ်) ကျေးရွာ ၊ ပေါက်ချောင်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှာ ဒီဇင်ဘာ ၆ ရက် ၊ မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က ကျောင်းအုပ်ဆရာကြီးဖြစ်သူကို အမည်မသိလက်နက်ကိုင်တွေက ပစ်သတ်ခဲ့ပြီး ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။ ” ညနေ ကျောင်းဆင်းခါနီးအချိန်မှာ ကျောင်းထဲကို အမည်မသိ လက်ကိုင်အဖွဲ့ ဆိုင်ကယ် ၁၀ စီးနဲ့ လူ အယောက် ၂၀ ဝန်းကျင်ရောက်လာတယ် ၊ ကျောင်းအုပ်ဆရာကြီး ပစ်သတ်ခံရတယ် ၊ နောက်ပြီး အဲ့ဒီ အဖွဲ့က ဆရာမ…
Read Moreရုရှားနိုင်ငံထဲက စစ်အခြေစိုက်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်
ကိဗ်ယက်၊ ဒီဇင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံထဲက မိုင်ရာချီကွာဝေးတဲ့ စစ်အခြေစိုက်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထိပ်တန်းတာ၀န်ရှိသူတစ်ဦးကို ကိုးကားပြီး နယူးယောက်တိုင်းမ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ အဲဒီဒရုန်းတွေကို ယူကရိန်းပိုင်နက်ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာ လေယာဉ်နှစ်စင်းထက်မနည်း ပျက်စီးခဲ့ပြီး အခြားပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ နယူးယောက်တိုင်းမ်က ဆိုပါတယ်။ ရုရှားနိုင်ငံအလယ်ပိုင်း ရိုင်ဇန်နဲ့ ဆာရာတော့ဗ်ရှိ လေတပ်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၅ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ရုရှားတပ်ဖွဲ့၀င်သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကာ လေယာဉ်နှစ်စင်း ပျက်စီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း တရား၀င်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားနိုင်ငံရဲ့ ပိုင်နက်အတွင်းကျကျထိ တိုက်ခိုက်မှုတရပ်လည်းဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံနေရာအနှံ့အပြားကို ဒီဇင်ဘာ ၅ ရက်က ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး…
Read Moreလောက်ကိုင်မှာ တိုက်ပွဲ ပြင်းထန်လာမယ်ဆိုတဲ့ သတင်းပျံ့နေပြီး နေရပ်ပြန်သူတွေရှိနေ
ဒီဇင်ဘာ ၆၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ထိတ်လန့်စိုးရိမ်နေကြပြီး ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ အဲဒီမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ နေရပ်ပြန်ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဂိတ်ကတော့ ပုံမှန်ဈေးပဲ။ ကားတွေက မရှိတော့ ဘူးဗျ။ လောက်ကိုင်နဲ့ လားရှိုး ကားခ မှာ ပုံမှန် ဈေး ၅ သောင်း ဖြစ်ပြီး လက်ရှိမှာလည်း ဂိတ်ကတော့ ပုံမှန်ဈေးပါပဲ၊ တခြား အပြင်မှာ ပေါက်ဈေးတော့ မသိဘူး”လို့ ကားဂိတ် ဝန်ထမ်း ၁ ဦး က ပြောပါတယ်။ လောက်ကိုင်မှာ အလုပ်လုပ်ကိုင်နေသူ လူငယ်…
Read Moreဆူဒန်မှာ စစ်တပ်က အရပ်ဘက်ကို အာဏာလွှဲပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ သဘောတူပြီ
ခါတွမ်၊ ဒီဇင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) ဆူဒန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် အရပ်ဘက်ကို အာဏာလွှဲပြောင်းပေးဖို့ ဆူဒန်အာဏာသိမ်းခေါင်းဆောင်တွေက ဒီဇင်ဘာ ၅ ရက်မှာ သဘောတူလိုက်ပါတယ်။ မြို့တော်ခါတွမ်မှာ ထုတ်ဖော်ကြေညာခဲ့တဲ့ သဘောတူညီချက်အရ အရပ်သားခေါင်းဆောင်တွေ ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးကာလကို နှစ်နှစ်သတ်မှတ်ထားပြီး အဲဒီနောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပရေးတို့ပါ၀င်ပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ဆန္ဒပြသူတွေကတော့ အဲဒီအစီအစဉ်ကို ပယ်ချထားပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုနေကြကာ နိုင်ငံတ၀န် ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိပါတယ်။ ဆူဒန်မှာ ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ သမ္မတအိုမာအယ်လ်ဘာရှားကို ၂၀၁၉ ခုနှစ်မှည စစ်တပ်ကဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဖရိကသမဂ္ဂ၊ အာရပ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကတော့ ဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ စစ်တပ်နဲ့ အရပ်ဘက်အကြား တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC…
Read More