ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှု မြန်မာနှစ်ဦးနဲ့ တရုတ်ခြောက်ဦးအပါအ၀င် လူရှစ်ဦးသေဆုံး

တိုကျို၊ ဇန်နဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်ကမ်းလွန်မှာ ထိုင်၀မ်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ တရုတ်နိုင်ငံသားခြောက်ဦးနဲ့ မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ပျောက်ဆုံးနေသူ ၁၃ ဦးအနက် ရှစ်ဦးသေဆုံးခဲ့ရာ ခြောက်ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဖူကူအိုကာမြို့ တရုတ်ကောင်စစ်၀န်ချုပ် လူဂျီဂျန်က ပြောပါတယ်။

တရုတ်နိုင်ငံသားလေးဦးအပါအ၀င် ကယ်ဆယ်နိုင်ခဲ့တဲ့ ငါးဦးစလုံး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်းနဲ့ သေဆုံးသူများအတွက် လွန်စွာ၀မ်းနည်းကြောင်း သူကပြောပါတယ်။

တရုတ်နဲ့ မြန်မာသင်္ဘောအမှုထမ်းတွေပါ၀င်တဲ့ ထိုင်၀မ်ကုန်တင်သင်္ဘော Jin Tian ဟာ အင်္ဂါနေ့ညပိုင်းက ဂျပန်နိုင်ငံအနောက်တောင်ဘက် ပယ်လယ်ပြင်မှာ အရေးပေါ်အချက်ပြဆက်သွယ်ခဲ့ပါတယ်။

သင်္ဘောကပ္ပတိန်ဟာ သူနဲ့သင်္ဘောသားတွေ နစ်မြုပ်တော့မယ့် သင်္ဘောကနေ စွန့်ခွာတော့မယ်လို့ ဂြိုဟ်တုဖုန်းကို အသုံးပြုဆက်သွယ်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်ကမ်းခြေစောင့်တပ်အပြင် အနီးအနားက သင်္ဘောတွေက ကယ်ဆယ်ရေးလုပ်ငန်တွေ ဆောင်ရွက်ခဲ့ကြပါတယ်။

Ref: TRT
Photo: AFP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW