မန္တလေးမြို့က ပီနံအိတ်စက်ရုံ စွန့်ပစ်ပစ္စည်းဂိုဒေါင်မီးလောင်မှု သိန်း ၁၆၀ ကျော် ဆုံးရှုံးခဲ့

ဇန်နဝါရီ ၂၇ -၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၉လမ်းနဲ့ လမ်း ၇၀ ကြား ၁၃၈လမ်းနဲ့ ၁၃၉လမ်းကြား၊ (ဈ)ရပ်ကွက်ရှိ ပီနံအိတ်စက်ရုံ စွန်ပစ္စည်းတွေထားတဲ့ ဂိုဒေါင်မီးလောင်မှု ဒီကနေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့ပါတယ်။ ဆာလာအိတ်ခွံအဟောင်းတွေနဲ့ အဆောက်အဦတချို့ မီးလောင်ခဲ့ပြီး စုစုပေါင်း (၁၆၇)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “စွန့်ပစ်ပစ္စည်းဂိုဒေါင်က ဆာလာအိတ်ခွံအဟောင်းတွေ စုပုံထားရာကနေ အောင်းအပူဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တယ်၊ မီးလောင်မှု အဆင့် Level-3နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။”လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်မှုကို Level-3အဆင့်သတ်မှတ်ကာ ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင် ၊ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၄၀)စီး၊ LUF-60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင်…

Read More

ရခိုင်မှာ ရက်ပိုင်းအတွင်း မိုင်း (၂) ကြိမ်ပေါက်ကွဲပြီး ၂ ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်နေတဲ့ကာလမှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်တွင်းမှာ မနေ့ ဇန်နဝါရီ၂၆ ရက်က ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းမှာတကြိမ်နဲ့ ဒီကနေ့ ဇန်နဝါရီ၂၇ ရက် မင်းပြားမြို့နယ်မှာ တကြိမ်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ အရှေ့ဘက်တောင်တန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ သေဆုံးသွားသူဟာ အသက် (၅၆) နှစ်အရွယ် ဖားပြိုကျေးရွာသား ဦးသန်းရွှေမောင် ဖြစ်ပြီး လက်လုပ်လက်စားတဦးဖြစ်ကာ လယ်လုပ်၊ ထင်းရှာ၊ ငါးဖမ်း စတဲ့အလုပ်တွေကို လုပ်ကိုင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။ သူသေဆုံးသွားတာနဲ့ ပတ်သက်ပြီး ဖားပြိုကျေးရွာ တာဝန်ရှိသူတဦးက “ရွာနဲ့လည်းနီးတော့ သားမယားတွေက လင်ဖြစ်သူ ထင်းခွေသွားတာလည်း သိတော့ မိုင်းပေါက်တယ်ဆိုတာနဲ့ ရွာသားတွေကို ခေါ်ပြီး…

Read More

ရွှေဆိုင်အားလုံး စည်ပင်သာမက ထွေအုပ်ရုံးမှာပါ ရွှေသတ္တုလိုင်စဥ် မဖြစ်မနေလျှောက်ရမယ်

ဇန်နဝါရီ ၂၇ -၂၀၂၃ GG(VOM) တနိုင်ငုံလုံးအတိုင်းအတာအနေနဲ့ ရွှေဆိုင်တွေအားလုံး ထွေ/အုပ်ရုံးမှာ ရွှေသတ္တု လိုင်စင် မဖြစ်မနေလျှောက်ထားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကနေ သိရပါတယ်။ စည်ပင်သာယာရေးကော်မတီက ထုတ်ပေးတဲ့ လိုင်စင်ရော ထွေ/အုပ်ရုံးကထုတ်ပေးမယ့်လိုင်စင်ပါ လျှောက်ထားရမှာဖြစ်ပြီး ၊ လိုင်စင် ၂ခုလုံးရှိမှသာ ရွှေရောင်းဝယ်ခွင့်ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် သတ္တုရွှေလိုင်စင်ကို ထွေအုပ်ကနေ လိုင်စင်တခု ထပ်ပေးတာ၊မဖြစ်မနေလျှောက်ရမှာ၊ စည်ပင်လိုင်စင်တခုတည်း အရောင်းအဝယ်လုပ်လို့မရဘူး၊အဓိက ငွေကြေးခဝါချသူကို မရောင်းမိအောင်ပေါ့၊ဥပမာ အကြိမ်ကြိမ်လာဝယ်တယ် လာဝယ်တာသာရှိပြီး ပြန်ရောင်းတာမရှိဘူး အဲ့ဒါမျိုးကိုတားဆီးနိုင်အောင်ပေါ့”လို့ YGEA အသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ ဒါကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းကို တက်ရောက်ပြီးတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကိုသာ ထွေ/အုပ်ရုံးက လိုင်စင်တွေထုတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ထွေ/အုပ်ရုံးအနေနဲ့ ရွှေဆိုင်တွေရဲ့ ရွှေရောင်းဝယ်မယ့် စာရင်းဇယားအတိကျကိုသိရှိဖို့နဲ့ ပြင်ပလမ်းပေါ်တွေမှာ လိုင်စင်မရှိဘဲ ရောင်းဝယ်နေတာတွေကို မရှိအောင် ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းကို ရန်ကုန်တိုင်းမှာသာ လုပ်ဆောင်နေတာဖြစ်လို့…

Read More

ပခုက္ကူမြို့မှာ ချောက်မြို့က စီးပွားရေးလုပ်ငန်းရှင် ၃ ဦး အသတ်ခံရပြီး သိန်း ၁ ထောင်နဲ့ ကား ၁ စီး ပါသွား

ဇန်နဝါရီ ၊ ၂၇ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ မြို့သစ်ရပ်ကွက် ၊ ရွှေတန့်တစ်လမ်းမှာ မနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက လူသတ် လုယက်မှုဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ရွှေတန့်တစ်လမ်းမှာ လည်လှီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၃ လောင်းတွေ့ရတယ် ၊ အသတ်ခံရသူတွေဟာ ချောက်မြို့က စီးပွားရေး လုပ်ငန်းရှင် ၃ ဦးဖြစ်တယ် ၊ အလောင်းတွေကိုတော့ ပခုက္ကူ ပြည်သူ့ဆေးရုံဆီ လူမှုကူညီရေးအဖွဲ့တွေက ပို့ဆောင်ပေးထားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” လူသတ် လုယက်ခံရသူတွေက…

Read More

မြောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်

ဇန်နဝါရီ ၊ ၂၇ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့ ၊ မြိုသစ်ရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က ရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ​မီးပုလင်းနဲ့ ထုတယ် ၊ အဲ့ဒီမှာ ဘဏ်က မီးစလောင်တယ် ၊ ဘဏ်ကနေတဆင့် ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးကူးစက်လောင်တာဖြစ်တယ်”လို့ မြောင်မြို့ခံ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ဟာ ရှို့မီး အမျိုးအစားဖြစ်ပြီး ၊ မီးလောင်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာရှိတဲ့ ရုံးသုံး ပရိဘောဂ ပစ္စည်းတွေနဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ အခု ၂၀၂၃ခုနှစ် ဇန်နဝါရီအထိ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင်…

Read More

ဟေတီမှာ ရဲတွေသတ်ဖြတ်ခံနေရတာကြောင့် အစိုးရကို ရဲတွေက ဆန္ဒပြနေ

ပို့အော့ပရင့်စ်၊ ဇန်နဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ဟေတီမှာ ရာဇ၀တ်ဂိုဏ်းတွေက လုပ်ဖော်ကိုင်ဖက်ရဲတပ်ဖွဲ့၀င် တဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မြို့တော်ပို့အော့ပရင့်စ်မှာ ရဲတပ်ဖွဲ့၀င်တွေက ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဇန်နဝါရီ ၂၆ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟေတီအစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း မကြေမနပ်ဖြစ်နေတဲ့ ရဲတပ်ဖွဲ့၀င်တွေက ပြစ်တင်ပြောဆိုနေပါတယ်။ ဆန္ဒပြသူ ၁၀၀ ကျော်ဟာ လမ်းတွေကို ပိတ်ဆို့၊ တာယာတွေကို မီးရှို့ကာ လုံခြုံရေးကင်မရာတွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့၀င်အချို့ဟာ ၀န်ကြီးချုပ်ရဲ့ နေအိမ်တံခါးတွေကို ဖြတ်ကျော်၀င်ရောက်ကာ ဟေတီနိုင်ငံတကာလေဆိပ်ကိုလည်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဟေတီမှာ ရဲစခန်းတွေကို ရာဇ၀တ်ဂိုဏ်းတွေရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ယခုနှစ်အစောပိုင်းမစပြီး ရဲတပ်ဖွဲ့၀င် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟေတီအမျိုးသားရဲတပ်ဖွဲ့ တာ၀န်ရှိသူတွေကပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်ကဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့၀င်နှစ်ဦး သတ်ဖြတ်ခံရတဲ့ အပြင် နောက်ထပ်လေးဦးကို လမ်းပေါ်မှာ…

Read More

ကျိုက်ထိုမှာ ရထားလမ်းအချို့ မိုင်းခွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းပြန်

ဇန်နဝါရီ ၂၇ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမှာ ရထားလမ်းသံတံတား မိုင်းခွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ပြီး တိုက်ရိုက်ပြေးဆွဲခြင်းမျိုး မပြုလုပ်နိုင်သေးတဲ့အတွက် လွန်းပျံပုံစံမျိုး ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ အဲ့ဒီ့ ရထားလမ်းပိုင်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့၊ မနက် ၄ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာ-ခလွန် ရထားလမ်းသံတံတား (တံတားအမှတ် BR 41 ) ဖောက်ခွဲခံရတဲ့အတွက် ပျက်စီးမှုကြုံခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရန်ကုန်ကနေ မနက်ပိုင်းထွက်ခွာလာတဲ့ အမှတ် ၈၉ အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ မုပ္ပလင်ဘူတာတွင်လည်းကောင်း၊ မော်လမြိုင်မှ မနက်ပိုင်းထွက်ခွာလာတဲ့ အမှတ် ၉၀ အစုန်ရထားမှာ ကျိုက္ကသာဘူတာမှာလည်းကောင်း ရပ်တန့်ပြီး ခရီးသည်တွေ ရထားချိန်းကာ စီးနင်းခဲ့ရတယ်လို့ သိရပါတယ်။ မိုင်းခွဲခံရတဲ့ ဖြစ်စဉ်ကြောင့်…

Read More

ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှု မြန်မာနှစ်ဦးနဲ့ တရုတ်ခြောက်ဦးအပါအ၀င် လူရှစ်ဦးသေဆုံး

တိုကျို၊ ဇန်နဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ကမ်းလွန်မှာ ထိုင်၀မ်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ တရုတ်နိုင်ငံသားခြောက်ဦးနဲ့ မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ပျောက်ဆုံးနေသူ ၁၃ ဦးအနက် ရှစ်ဦးသေဆုံးခဲ့ရာ ခြောက်ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဖူကူအိုကာမြို့ တရုတ်ကောင်စစ်၀န်ချုပ် လူဂျီဂျန်က ပြောပါတယ်။ တရုတ်နိုင်ငံသားလေးဦးအပါအ၀င် ကယ်ဆယ်နိုင်ခဲ့တဲ့ ငါးဦးစလုံး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်းနဲ့ သေဆုံးသူများအတွက် လွန်စွာ၀မ်းနည်းကြောင်း သူကပြောပါတယ်။ တရုတ်နဲ့ မြန်မာသင်္ဘောအမှုထမ်းတွေပါ၀င်တဲ့ ထိုင်၀မ်ကုန်တင်သင်္ဘော Jin Tian ဟာ အင်္ဂါနေ့ညပိုင်းက ဂျပန်နိုင်ငံအနောက်တောင်ဘက် ပယ်လယ်ပြင်မှာ အရေးပေါ်အချက်ပြဆက်သွယ်ခဲ့ပါတယ်။ သင်္ဘောကပ္ပတိန်ဟာ သူနဲ့သင်္ဘောသားတွေ နစ်မြုပ်တော့မယ့် သင်္ဘောကနေ စွန့်ခွာတော့မယ်လို့ ဂြိုဟ်တုဖုန်းကို အသုံးပြုဆက်သွယ်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်ကမ်းခြေစောင့်တပ်အပြင် အနီးအနားက သင်္ဘောတွေက ကယ်ဆယ်ရေးလုပ်ငန်တွေ ဆောင်ရွက်ခဲ့ကြပါတယ်။ Ref: TRT Photo: AFP #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW