ရွှေဆိုင်အားလုံး စည်ပင်သာမက ထွေအုပ်ရုံးမှာပါ ရွှေသတ္တုလိုင်စဥ် မဖြစ်မနေလျှောက်ရမယ်

ဇန်နဝါရီ ၂၇ -၂၀၂၃
GG(VOM)

တနိုင်ငုံလုံးအတိုင်းအတာအနေနဲ့ ရွှေဆိုင်တွေအားလုံး ထွေ/အုပ်ရုံးမှာ ရွှေသတ္တု လိုင်စင် မဖြစ်မနေလျှောက်ထားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကနေ သိရပါတယ်။

စည်ပင်သာယာရေးကော်မတီက ထုတ်ပေးတဲ့ လိုင်စင်ရော ထွေ/အုပ်ရုံးကထုတ်ပေးမယ့်လိုင်စင်ပါ လျှောက်ထားရမှာဖြစ်ပြီး ၊ လိုင်စင် ၂ခုလုံးရှိမှသာ ရွှေရောင်းဝယ်ခွင့်ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်တယ် သတ္တုရွှေလိုင်စင်ကို ထွေအုပ်ကနေ လိုင်စင်တခု ထပ်ပေးတာ၊မဖြစ်မနေလျှောက်ရမှာ၊ စည်ပင်လိုင်စင်တခုတည်း အရောင်းအဝယ်လုပ်လို့မရဘူး၊အဓိက ငွေကြေးခဝါချသူကို မရောင်းမိအောင်ပေါ့၊ဥပမာ အကြိမ်ကြိမ်လာဝယ်တယ် လာဝယ်တာသာရှိပြီး ပြန်ရောင်းတာမရှိဘူး အဲ့ဒါမျိုးကိုတားဆီးနိုင်အောင်ပေါ့”လို့ YGEA အသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။

ဒါကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းကို တက်ရောက်ပြီးတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကိုသာ ထွေ/အုပ်ရုံးက လိုင်စင်တွေထုတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

ထွေ/အုပ်ရုံးအနေနဲ့ ရွှေဆိုင်တွေရဲ့ ရွှေရောင်းဝယ်မယ့် စာရင်းဇယားအတိကျကိုသိရှိဖို့နဲ့ ပြင်ပလမ်းပေါ်တွေမှာ လိုင်စင်မရှိဘဲ ရောင်းဝယ်နေတာတွေကို မရှိအောင် ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းကို ရန်ကုန်တိုင်းမှာသာ လုပ်ဆောင်နေတာဖြစ်လို့ လိုင်စင်ထုတ်ပေးမှုက ရန်ကုန်တိုင်းကစတင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo – YGEA
#voiceofmyanmar #VOM #ရွှေဆိုင် #ရွှေသတ္တုလိုင်စင်လျှောက်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW