မြောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်

ဇန်နဝါရီ ၊ ၂၇ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့ ၊ မြိုသစ်ရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က ရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

” မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ​မီးပုလင်းနဲ့ ထုတယ် ၊ အဲ့ဒီမှာ ဘဏ်က မီးစလောင်တယ် ၊ ဘဏ်ကနေတဆင့် ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးကူးစက်လောင်တာဖြစ်တယ်”လို့ မြောင်မြို့ခံ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ဟာ ရှို့မီး အမျိုးအစားဖြစ်ပြီး ၊ မီးလောင်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာရှိတဲ့ ရုံးသုံး ပရိဘောဂ ပစ္စည်းတွေနဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ အခု ၂၀၂၃ခုနှစ် ဇန်နဝါရီအထိ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ဖာပွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြားအင်းဆိပ်ကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဆားလင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ပုလောမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မင်းတပ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ကန်ပက်လက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒီမော့ဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖရူဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထန်တလန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ တမူးခရိုင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတို့ မီးလောင်တာနဲ့ ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင် #ရွေးကော်ရုံး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW