ဇန်နဝါရီ ၄-၂၀၂၃ KT(VOM) ၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာ အကျဥ်းသား၊ အကျဥ်းသူး ၇၀၁၂ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #လွတ်လပ်ရေးနေ့ #လွတ်ငြိမ်းသက်သာ
Read MoreMonth: January 2023
သူရဦးအောင်ကို၊ ဒေါ်သန်းမြင့်အောင်နဲ့ ဦးထင်လင်းဦးတို့ ပြန်လွတ်လာတယ်လို့ သတင်းထွက်ပေမယ့် သူရဦးအောင်ကို တဦးသာ နေအိမ်ပြန်ရောက်နေ
ဇန်နဝါရီ ၄ -၂၀၂၃ SN (VOM) သူရဦးအောင်ကို၊ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဆရာထင်လင်းဦးတို့ အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ အရင် NLD အစိုးရလက်ထက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ “ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းကတည်းက ပြန်လည်လွတ်မြောက်လာတာပါ။ ရဲတွေကိုယ်တိုင် နေအိမ်ကို ပြန်ပို့ပေးခဲ့တာပါ။ သွေးအားနည်း၊ နှလုံးကြီးတဲ့ရောဂါတွေနဲ့ ကျန်းမာရေးတော့ သိပ်မကောင်းဘူး”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဝင် တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ စာရေးဆရာမဒေါ်သန်းမြင့်အောင်ကတော့ တပ်မတော်ပြိုကွဲအောင်…
Read Moreလွိုင်ကော်နဲ့ ဒီမော့ဆိုမှာ လက်နက်ကြီးကျလို့ ၁ယောက်သေ၊၂ယောက်ဒဏ်ရာရခဲ့
ဇန်နဝါရီ ၄ – ၂၀၂၃ GG (VOM) ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတခုနဲ့ လွိုင်ကော်မြို့နယ်ထဲက ရွာတရွာမှာ လက်နက်ကြီးကျပြီး ၁ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့၊ ချိကယ်အုပ်စုအနောက်ဘက်ခြမ်း၊ ဒေါမူကလားရွာထဲကို မနေ့ ဇန်နဝါရီ ၃ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီး ၄ ကြိမ်ကျရောက်ကာ ဒေသခံရွာသား၂ယောက် မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ စိုးရိမ်စရာမရှိဘူး လို့သိရပါတယ်။ ” လွိုင်ကော်မှာ ပထမ လက်နက်ကြီးထိတဲ့သူကိုတော့ ရွာသားတွေကပဲ ဆေးရုံပို့လိုက်တယ်။နောက်တယောက်ကိုတော့ ပရဟိတအသင်းတခုက ပို့လိုက်တယ်။ ပရဟိတအသင်းကပို့လိုက်တဲ့သူကတော့ ဒေါမူကလားရွာကပဲ ဦးဦးရယ် ပါ။အသက်ကတော့ ၆၅ နှစ်ပါ။ လောလောဆယ် လွိုင်ကော်ဘက်မှာ တိုက်ပွဲဖြစ်နေတာမျိုးမကြားမိဘူးဗျ”လို့ လွိုင်ကော်ဒေသခံတဦးကပြောပြပါတယ်။ နောက်ပြီး ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းမှာပဲ ဒီမော့ဆိုမြို့က ၊ထွီးဆို(ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကိုလည်း လက်နက်ကြီး…
Read Moreလွယ်ဂျယ်မှာ အရက်သောက်ရာကနေ အဆိပ်သင့်ပြီး လူ ၁၀ ဦး သေဆုံး
ဇန်နဝါရီ ၄ -၂၀၂၂ Shy V (VOM) တရုတ်-မြန်မာ နယ်စပ်၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ ဆိုင်တဆိုင်ကနေ အရက်ဝယ်သောက်ရာက အဆိပ်သင့်ပြီး သေဆုံးသူ ၁၀ ဦးထိ ရှိလာကာ ၂ ဦးလည်း ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အသိပေးထုတ်ပြန်စာနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ သောက်နေကျ ဆိုင်ကနေ အရက် ဝယ်သောက်တာ သေဆုံးသွားတာ။ ၁၀ ယောက်။ အဲဒီ အရက်သောက်ပြီးပေါ့နော်။ ၂ ယောက်ပဲ ရှင်တယ် သိရတယ်၊ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းမှာ အမျိုးသား ၆ ဦး သေတယ်၊ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းမှာလည်း နောက်ထပ် ၄ ဦးသေဆုံးခဲ့ပြီး လက်ရှိ ၂ ဦး ဆေးကုသမှု ခံယူနေရတယ်”လို့ ဒေသခံ…
Read Moreနေပြည်တော်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား
ဇန်နဝါရီ ၄- ၂၀၂၃ KT (VOM) (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့မနက်ပိုင်း နေပြည်တော့မှာပြုလုပ်ခဲ့ပါတယ်။ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားဗိုလ်ရှုခံရင်ပြင်သို့ လေထီးစစ်သည်များ၊စစ်သမီးများက ပြည်နယ်/တိုင်းအလံများ၊ရောင်စုံအလံများသယ်ဆောင်ဆင်းသက်ပြီး အလှပြမှုများ ပြုလုပ်ခြင်း၊ အမြှောက် ၂၁ ချက် ဖောက်ခြင်း၊ ဂျိုးဖြူငှက် အကောင် ၇၅၀ လွှတ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #လွတ်လပ်ရေးနေ့အခမ်းအနား
Read Moreမန္တလေး လွတ်လပ်ရေးကျောက်တိုင်
ဆူးငှက် ၁၂၄၇ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့၊ မန္တလေး နေပြည်တော်မှ သီပေါဘုရင် ပါတော်မူပြီး ၆၂နှစ်ပြည့်မြောက်တဲ့နှစ်မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံတော်အဖြစ် ကြေညာနိုင်ခြင်းဖြစ်ပါတယ်။ ပထမဆုံး လွတ်လပ်ရေးနေ့မှာ မြန်မာတို့ရဲ့ သက်ဦးဆံပိုင် နောက်ဆုံးဘုရင် ပါတော်မူခဲ့ရာ မန္တလေးမှာ လွတ်လပ်ရေးနေ့အတွက် လွတ်လပ်ရေး စာတမ်းကြေညာခြင်း၊ လွတ်လပ်ရေးအဓိဋ္ဌာန် (၉)ချက် ဖတ်ကြားခြင်း၊ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်အတွက် ပန္နက်ချခြင်းများနှင့်အတူ နန်းတော်တောင်ဥယျာဉ်တော်အတွင်း အင်္ဂလိပ်တို့ စိုက်ထူထားခဲ့တဲ့ သီပေါမင်း အညံ့ခံ လက်နက်ချ ပါတော်မူ ကျောက်တိုက်ကိုပါ ထိုစဉ်က မန္တလေးမြူနီစီပယ် ဥက္ကဋ္ဌ ဗိုလ်စောမောင်က အမြစ်အရင်းက တူးဖြို ဖျက်ဆီးပစ်ခဲ့ပါတယ်။ မန္တလေးမြို့က စာရေးဆရာများ အနုပညာရှင်များကလည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်မှာ စုဝေးပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ဒီ့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး (၈)ဦးတို့က တစ်ယောက် တစ်ပိုဒ်စီ ပူးပေါင်းပြီး…
Read Moreမန္တလေးမြို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား
မန္တလေး၊ ဇန်နဝါရီ – ၄- ၂၀၂၃ (Voice Of Myanmar) ဒီကနေ့မှာကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့အခမ်းနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရီအားကစားကွင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းနားမှာ မြန်မာ့သိုင်းပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ နဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲတို့အပြင် စတဲ့အားကစားနည်းအများအပြား ထည့်သွင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #လွတ်လပ်ရေးနေ့ #၇၅နှစ်မြောက်လွတ်လပ်ရေးနေ့ #MDY #Mandalay
Read Moreရန်ကုန်မှာ အခုလ ၉ ရက်နေ့ကစပြီး လူဦးရေစာရင်း လိုက်ကောက်မယ်
ဇန်နဝါရီ ၄ – ၂၀၂၃ VOM (GG) ရန်ကုန်တိုင်းမှာ လူဦးရေစာရင်း ကောက်ယူခြင်းကို အခုလ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လူဦးရေစာရင်းကောက်ယူတဲ့အခါမှာ တိုင်းအတွင်းနေထိုင်သူ တဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် မှန်မှန်ကန်ကန်ရရှိဖို့အတွက် တအိမ်တဆင်း မြေပြင်ကွင်းဆင်း ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” လတ်တလောသိချက်အရတော့ စာရင်းကောက်တဲ့အခါ ကျနော်တို့ ထွေ/အုပ်ပါမယ်၊ ရွေးကောက်ပွဲကော်မရှင် ပါမယ်၊နောက်ပြီး လူဝင်မှုကြီးကြပ်ရေးပါမယ်။ လူမှုရေးအဖွဲ့တွေလည်း ပါမယ်လို့တော့ ပြောတယ် အဲ့ဒါတော့သေချာမသိဘူး”လို့ လှိုင်သာယာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကပြော ပါတယ်။ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့ ကနေ ၃၁ ရက် နေ့အတွင်း အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ပြီး စာရင်းကောက်ရတဲ့ လူဦးရေစာရင်းနဲ့ အချက်အလက်တွေကို eid-software နဲ့ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” စာရင်းကောက်မယ်ဆိုတာတော့သိတယ်။…
Read Moreကျောက်ကြီးမြို့နယ်က ၊ နာရေးအိမ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦးသေ ၊ ၁၆ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၊ ၃ -၂၀၂၃ SP ( VOM) ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ခဲကြီးကျေးရွာ၊ ပဲခူးရပ်ကွက်မှာရှိတဲ့ နာရေးအိမ်မှာ မနေ့ ဇန်နဝါရီ ၂ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၊ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ကည ၉ နာရီဝန်းကျင်မှာ ဒေါ်မြနှစ် နာရေးအိမ် ဖဲဝိုင်းမှာ ဖြစ်တာပါ ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့ရောက်လာပြီး ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူ ၄ ဦး နေရာမှာတင်သေဆုံးပြီး ကလေးငယ် တယောက်အပါအဝင် ၁၆ ယောက်ကျည်ဆံထိမှန် ဒဏ်ရာရတယ် “လို့ ပရဟိတသမား တယောက်က ပြောပါတယ်။…
Read Moreပခုက္ကူမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ လူငယ်ရုပ်အလောင်း ၉ လောင်းတွေ့
ဇန္နဝါရီ ၊ ၃ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကျွန်းချောင်း – သက္ကယ်ကျင်း ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူငယ် ရုပ်အလောင်း ၉ လောင်းတွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ရုပ်အလောင်း ၉ လောင်းတွေ့ရတာပါ ၊ အားလုံးက ပစ်သတ်ခံထားရတာဖြစ်တယ် ၊ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ အခုထိ မသိရသေးဘူး “လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ၉ လောင်းပြိုင်တွေ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အကြမ်းဖက်သင်တန်း တက်ပြီး…
Read More