ပဲခူးတိုင်းမှာ တစ်လအတွင်း အသတ်ခံရသူ (၁၄)ယောက်ရှိပြီး၊ လူ(၂၀)ကျော် ဒဏ်ရာရခဲ့

ဖေဖော်ဝါရီ ၁ -၂၀၂၃
GG(VOM)

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း အသတ်ခံရသူပေါင်း (၁၄)ယောက်ရှိပြီး ဒဏ်ရာရသူက(၂၀)ကျော်ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေထဲမှာ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ၊ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ရာအိမ်မှူးတွေ ပါဝင်သလို အရပ်သားဒေသခံတွေလည်းပါတယ်လို့သိရပါတယ်။

ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေသူတွေထဲမှာတော့ကလေးငယ်(၂)ဦးလည်းပါဝင်ကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ သေနတ်နဲ့ပစ်ခံရသူ၊ ထောင်ထားတဲ့မိုင်းနင်းမိလို့ ဒဏ်ရာရသူနဲ့ နေအိမ်ပေါ် ဗုံးကျလို့ ဒဏ်ရာရသူတွေဖြစ်တယ်လို့သိရပါတယ်။

” အုပ်ချုပ်ရေးမှူးတွေအသတ်ခံရတာရှိတယ်၊အရပ်သားတွေကျ သတင်းပေး၊ပျူစောထီးဆိုပြီးသတ်တာတွေရှိတယ်၊ဟိုအရင်ရက်ကဆို သဲကုန်းကရာအိမ်မှူးအသတ်ခံရတယ်လေ၊ရွေးကောက်ပွဲအတွက်လူစာရင်းကောက်လို့ဆိုပြီးသတ်ခံရတာ ၊သေနတ်နဲ့ပစ်ခတ်တာတော့အများဆုံးကြားရတယ်”လို့ ဒေသခံပရဟိတသမားတွေကပြောပါတယ်။

မင်းလှမြို့၊သဲကုန်းမြို့နယ်၊ဒိုက်ဦး၊ ပဲခူးမြို့၊ ထန်းတပင်မြို့နယ် ၊ ကျောက်တံခါး၊ဖြူး၊ညောင်လေးပင်၊ကျောက်ကြီး စတဲ့မြို့နယ်အချို့မှာ လူသတ်တာတွေ၊ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်ကတော့ အသတ်ခံရတာ၊ မိုင်းနင်မိလို့ ထိခိုက်ဒဏ်ရာရသူပိုများတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းထဲက ကျောက်ကြီးလမ်းမှာ တံတား၂ စင်းလည်း ဖောက်ခွဲဖျက်ဆီးခံရတယ်လို့သိရပါတယ်။

ကျောက်ကြီးနဲ့ကျောက်တံခါးဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် စစ်ဘေးရှောင်နေရတဲ့ နေရပ်စွန်ခွာထွက်ပြေးသူတွေရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူးတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW